အိပ်မက်မက်ခြင်း နှင့် ကောင်းမွန်သောအိပ်စက်ခြင်း

အိပ်မက်မက်ခြင်းက ကောင်းမွန်သောအိပ်စက်ခြင်းကို ဖြစ်စေသလား?

အိပ်မက် ဆိုတာ ဘာလဲ?

ကျနော်တို့အိပ်နေစဉ်မှာ ပုံရိပ်တွေ အတွေးတွေ ခံစားချက်တွေ ဖြစ်တာကို ကြုံဖူးကြမှာပါ။ ဒီထဲမှာ ပုံရိပ်တွေကို မြင်တွေ့ရတာက အများဆုံးဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ အိပ်မက်တွေက အဖြူအမည်းဖြစ်ပေမဲ့ တစ်ချို့ကတော့ အရောင်နဲ့မက်လေ့ ရှိကြပါတယ်။ အမြင်အာရုံချို့တဲ့နေသူတွေ မှာတော့ ပုံရိပ်တွေထက် အသံ အရသာ အနံ့ စတဲ့ အာရုံသုံးပါး နဲ့သာမက်လေ့ရှိကြပါတယ်။

အိပ်မက်တွေ ဘာလို့ မက်တာလဲ?

ဦးနှောက်မှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ခံစားချက်အတွေကို အစဉ်တကျဖြစ်အောင် နဲ့ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေဖို့အတွက် အိပ်မက် မက်ရခြင်း ဖြစ်ပါတယ်။

ကျနော်တို့ နေ့ခင်းဘက်မှာ တစ်နေ့တာ တွေ့ကြုံလာရတဲ့ ပြဿနာအခက်အခဲတွေ အတွက် အဖြေကို အိပ်မက်ထဲမှာ ရှာဖွေလေ့ရှိကြတယ်လို့ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ သိရပါတယ်။

ဘယ်အချိန်မှာ အိပ်မက်မက် ကြလဲ?

လူတွေဟာ များသောအားဖြင့် အိပ်စက်ခြင်းအဆင့်လေးဆင့် အနက်မှ Rapid eye movement(REM stage) မှာ အိပ်မက်မက်ကြပါတယ်။

[အိပ်စက်ခြင်းအဆင့်လေးဆင့် အကြောင်းကို ဒီ link မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်]

REM stage မှာ မက်တဲ့ အိပ်မက်များဟာ ပိုမို ပြတ်သားပြီး စိတ်ကူးယဉ်ဆန်ပေမဲ့ လက်တွေ့ဘဝနဲ့ ပိုမိုနီးစပ် ပါတယ်။ ဒါပေမဲ့ NREM stage မှာ မက်တဲ့အိပ်မက်များကတော့ ပိုမိုရိုးရှင်းပြီး အချိန်တစ်ခုတည်းမှာ ဖြစ်ပျက်နေတာကို Focus လုပ်တဲ့ အဖြစ်အပျက်များကိုမက်လေ့ရှိပါတယ်။

မနိုးခင် မှာ အများဆုံးမက်တာကတော့ REM stage မှာ မက်တဲ့ အိပ်မက်များပဲ ဖြစ်ပါတယ်။

ကောင်းမွန်သော အိပ်စက်ခြင်း ဆိုတာ ဘာလဲ?

ကောင်းမွန်သော အိပ်စက်ခြင်း ဆိုတာ တစ်ညတာလုံး လွယ်ကူ နှစ်ခြိုက်စွာ အိပ်ပျော်ပြီး မနက်ခင်းမှာ ကြည်လင်စွာ နိုးထ လာခြင်း လို့ သတ်မှတ်ကြပါတယ်။

အိပ်မက်မက်ခြင်းက ကောင်းမွန်သော အိပ်စက်ခြင်း ကို ဖြစ်စေသလား?

အိပ်မက်အမျိုးအစားပေါ် မူတည်ပြီး အိပ်စက်ခြင်း ကို အနှောင့်အယှက် ဖြစ်မဖြစ် ကွဲပြားပါတယ်။

ကောင်းမွန်တဲ့အိပ်မက်တွေ က လေ့လာနိုင်စွမ်း တီထွင်ဖန်တီးနိုင်စွမ်း မှတ်ဉာဏ်စွမ်းအား အစရှိတဲ့ Cognitive function များကို တွန်းအားပေးတဲ့အတွက် ကောင်းမွန်သော အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။ ကောင်းမွန်သော အိပ်စက်ခြင်း ဦးနှောက် ဖွံ့ဖြိုးမှု နှင့် ခန္ဓာကိုယ် အားအင် ပြန်လည်ဖြည့်တင်းရေးအတွက် အကျိုးပြုသောကြောင့် အိပ်မက်မက်ခြင်းက လုံးဝမကောင်းသောအရာ မဟုတ်ပါဘူး။

ဒါပေမဲ့ အိပ်မက်ဆိုး (Nightmares) တွေကတော့ အိပ်စက်နေရာမှ လန့်နိုးစေနိုင်သောကြောင့် အကြိမ်အရေအတွက်များလာတာနဲ့အမျှ ကောင်းမွန်သော အိပ်စက်ခြင်းကို မရရှိစေတဲ့အတွက် နေ့စဉ်ဓူဝ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ကျဆင်းစေနိုင်ပါတယ်။

အိပ်မက်ဆိုးများ ခဏခဏ မက်တတ်တဲ့ သူတွေက အိပ်မက်ဆိုးမက်မှာ ကြောက်လို့ မအိပ်ဘဲ နေရာ မှ အိပ်မပျော်သောရောဂါ (Insomnia) ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။ ဒါမျိုးတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံတိုင်ပင်ပြီး လိုအပ်ပါက စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။

Reference: Sleep Foundation – Dreams

We wish you a better sleep <3