Meniere’s Disease

ဒီနေ့မှာတော့ အတွင်းနား (Inner Ear) ရောဂါတစ်ခုဖြစ်တဲ့ Meniere’s Disease အကြောင်းပြောပြပေးသွားမှာပါ။

Meniere’s Disease ဆိုတာ Inner Ear Disorder တစ်ခု ဖြစ်ပြီး ဘယ်အသက်အရွယ်မှာ မဆိုဖြစ်တတ်ပါတယ်။ နာတာရှည်ရောဂါ (Chronic Disease) တစ်မျိုးဖြစ်ပေမဲ့ လိုအပ်တဲ့ Treatment ကို သေချာပေးနိုင်ရင်တော့ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာများ (Symptoms) တွေကို ထိန်းထားနိုင်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ Long Term Effect တွေကို သိသိသာသာ လျော့ကျစေပါတယ်။

သတိထားသင့်တဲ့ ရောဂါ လက္ခဏာများ

၁။ ချာချာလည်အောင် မူးခြင်း (Vertigo) ကို မကြာခဏ ဖြစ်ခြင်း

ရုတ်တရက် ချာချာလည်အောင် မူးပြီး ဘာဆေးမှ သောက်စရာမလိုဘဲ သူ့အလိုလိုပျောက်ကင်းသွားခြင်း။ ထိုကဲ့သို့သောဖြစ်စဉ်က မကြာခဏ ဖြစ်လေ့ရှိပြီး တစ်ခါဖြစ်ရင် မိနစ် နှစ်ဆယ် မှ နာရီပေါင်း များစွာ ကြာတတ်ခြင်း။ သို့သော် ၂၄ နာရီထက် ပိုကြာအောင် ဖြစ်လေ့ မရှိပါ။

၂။ နားထဲတွင် အသံတဝီဝီမြည်ခြင်း (Tinnitus

၃။ နားမကြားခြင်း (Hearing Loss)

နားမကြားခြင်းကို အစပိုင်းတွင် နားမကြားလိုက် ပြန်ကောင်းသွားလိုက် စသဖြင့် အချိန်ပိုင်းမျှသာ ခံစားရသော်လည်း ကုသမှု သေချာ မခံယူပါက လုံးဝ ပြန်မကြားနိုင်အောင် နားလေးသွားခြင်း (Permanent Hearing Loss) အထိ ခံစားရနိုင်ပါသည်။

၄။ နားထဲတွင် တစ်ခုခု ပြည့်နေသကဲ့သို့ ဖိအားတစ်ခုခုဖြင့် ဖိထားသလို ခံစားရခြင်း (Feeling of Fullness)

အထက်ဖော်ပြပါ ရောဂါလက္ခဏာများသည် ရုတ်တရက် ပေါ်လာလိုက် ကောင်းသွားလိုက် ဖြစ်တတ်ပြီး ဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူပြီးမှသာ အခြား ရောဂါတစ်ခုခုကြောင့် ဖြစ်တာလား Meiniere’s Disease ကြောင့် ဖြစ်တာလား ခွဲခြားရန် လိုအပ်သည်။ သို့မှသာ ရောဂါအလိုက် ထိရောက်သော ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။

ဘာကြောင့်ဖြစ်တာလဲ⁉️

ရောဂါ ဖြစ်ပွါးရသော အကြောင်းအရင်း (Underlying Cause) တိတိကျကျ မရှိပါ၊၊

ဖြစ်နိုင်သည့် အကြောင်းရင်းများ –

၁။ တစ်ခုခု ပိတ်ဆို့နေခြင်း သို့မဟုတ် နားပုံ ပျက်နေခြင်းကြောင့် နားအတွင်းရှိ အရည်များ စီးဆင်းမှု (Fluid Drainage) မကောင်းခြင်း၊

၂။ ကိုယ်ခံအားနှင့် ပတ်သတ်သော ပုံမမှန် တုံ့ပြန်မှု၊

၃။ ဗိုင်းရပ်စ် ကြောင့်၊

၄။ မျိုးရိုး စဉ်ဆက် Gene ကြောင့် ဖြစ်ခြင်း။

ကုသမှု

Meniere’s disease အတွက် ဆေး ဟူ၍ မရှိပါ။ ဖြစ်ပေါ်လာသော ရောဂါ လက္ခဏာများကိုသာ ထိန်းထားရန် နှင့် ပိုမဆိုးလာရန် ဆေးပေး၍ ရသည်။ နားကန်းသွားလျှင်တော့ ပြန်လည်ကုသ၍ မရတော့သောကြောင့် အချိန်မှီ ကုသရန် လိုပါသည်။

ရောဂါလက္ခဏာ သက်သာရန် ပေးနိုင်သော ဆေးများ – ချာချာလည်အောင် မူးခြင်းအတွက် Motion Sickness Medication (Meclizibe , Diazepam) , မူးဝေခြင်းတွေကို ထိန်းပေးရန် Anti-nausea Medications (Promethazine)

ချာချာလည်အောင် မူးခြင်း မကြာခဏ ဖြစ်ပါကပုံမှန် သွားလာနေထိုင်ရန် အခက်အခဲ ရှိနိုင်သဖြင့် Vestibular Rehabilitation Therapy လိုကောင်း လိုနိုင်ပါသည်။

နားကြားကိရိယာ – နားလေးခြင်း မှ နားကန်း သည်အထိ မဖြစ်ရန် နားကြားကိရိယာ တပ်ရန်လိုပါက တပ်ဆင် သင့်သည်။

အလယ်နားမှ ဆေးသွင်းပြီး အတွင်းနားကို ကုသခြင်း – ဆေးများတွင် Side Effect ရှိတတ်သောကြောင့် နားအထူးကုဆရာဝန် ညွှန်ကြားချက် လိုအပ်ပါသည်။ (Gentamicin , Steroids)

SurgeryEndolymphatic Sac Procedure (Sac ကို Decompress လုပ်ပြီး ပိုလျှံနေသော Endolymph အရည်များကို Tube ဖြင့်စစ်ထုတ်ပစ်ခြင်း၊ နားကန်း နိုင်သော Risk ရှိသူများတွင် နား၏ Balance အပိုင်းကို ဖြတ်ထုတ်ပစ်ခြင်း (Labyrinthectomy)၊ Vestibular Nerve Section (Balance နှင့် Movement နှင့် ဆိုင်သော Nerve – Vestibular Nerve ကို ဖြတ်ထုတ်ပစ်ခြင်း)

လူနေမှုပုံစံ – မူးလာလျှင် ထိုင်နေခြင်း နှင့် လဲလျောင်းခြင်း၊ ရောဂါ လက္ခဏာများဖြစ်ပေါ်လာပါက မိမိကိုယ်ကို လုံလောက်စွာ အနားပေးခြင်း၊ လှေကား အတက်အဆင်း သတိထားခြင်းနှင့် လိုအပ်ပါက လမ်းလျှောက်တုတ်ချောင်းများ အသုံးပြုခြင်း။

စားသောက်မှု ပုံစံ – ဆား စားသုံးမှု ပမာဏ လျှော့ပါ။ ကော်ဖီ၊ အရက်နှင့် ဆေးလိပ် လျှော့ပါ။

ကုသမှု သေချာ မခံယူပါက အသက်အန္တရာယ်နှင့် နားကန်းသွားခြင်း အထိ ဖြစ်နိုင်ပါတယ်။