App for Tinnitus

အသံတဝီဝီ မြည်နေတဲ့ Tinnitus ရောဂါ လက္ခဏာ သည် ညနေဘက် အသံတိတ်ဆိတ်သည့် အချိန်များတွင် ပိုမြည် ပိုကြားလာတတ်သည်။ အသံတဝီဝီ မြည်နေခြင်း သည် သင်္ဘောခုတ်မောင်းသံ လို စည်းချက်ညီနေပါက အိပ်ပျော်နိုင်သေးပေမယ့် စည်းချက်မကျ မညီဖြစ်နေပါက အိပ်ကောင်းခြင်း မအိပ်ရခြင်းမျိုးများ ရှိလာနိုင်သည်။ အိပ်ရေးပျက်တာများလာပါက အာရုံကြော ပိုမို အားနည်းလာနိုင်သဖြင့် ရောဂါလက္ခဏာ ပိုဆိုးလာနိုင်ပါသည်။

နားလေးခြင်း နှင့် အသံတဝီဝီမြည်ခြင်း

နားလေးခြင်း Hearing Loss နှင့် အသံတဝီဝီမြည်ခြင်း Tinnitus သည် တွဲတွေ့ရလေ့ရှိသည်။ နားလေးခြင်း အတွက် နားကြားကိရိယာ တပ်ဆင်ပါက အသံတဝီဝီမြည်ခြင်း လည်း တွဲ၍ သက်သာလာလေ့ရှိသည်။ အချို့သော နားကြားကိရိယာ အကောင်းစားများတွင် Tinnitus Function ထပ်ဆောင်းပါလာလေ့ရှိသည်။

ဘယ်လိုလုပ်ရင် သက်သာမလဲ ?

နားကြားကိရိယာ တပ်လည်း ညဘက် အိပ်ရင် ဖြုတ်ထားရသဖြင့် တပ်တပ် မတပ်တပ်၊ အသံတိတ်ဆိတ်ပါက အသံတဝီဝီ မြည်လာတတ်သဖြင့် အသံ တခုခု ပေးထားရပါသည်။ စမ်းချောင်းသံ၊ ကမ်းခြေရေလှိုင်းခတ်သံ၊ သစ်ရွက်လေတိုးသံ၊ မိုးခြိမ်းသံ၊ သစ်တောထဲက သဘာဝအသံများ၊ မိုးရွာသံ၊ မီးပုံ ထဲက မီးတောက်သံ အစရှိသဖြင့် အသံမျိုးစုံ White Noises Generator ထုတ်ပေးတဲ့စက် လည်း ရှိသလို၊ White Noise App ဖုန်းအက်ပလီကေးရှင်း လည်း ရှိပါသည်။

နှစ်ခုစလုံး မှာ
(1) ကိုယ် လိုချင်တဲ့အသံ ရွေးလို့ရတယ်။
(2) အချိန် တစ်ခု (မိနစ် ၃၀၊ ၁နာရီ) သတ်မှတ်ထားလို့ ရတယ်။

အကောင်းဆုံး Tinnitus ဖုန်းအက်ပလီကေးရှင်းများ

  1. WIDEX ZEN | Google Play Store | Apple App Store
  2. GN ReSound Tinnitus Relief | Google Play Store | Apple App Store
  3. Starkey Relax | Google Play Store | Apple App Store

One Reply to “App for Tinnitus”

Comments are closed.