နှလုံးသွေးကြောကျဉ်းခြင်း Atherosclerosis

What is Atherosclerosis?

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်ကို Arteries လို့ ခေါ်တဲ့ သွေးလွှတ်ကြောများက ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်စ် (cells) များအားလုံးဆီသို့ ပို့ဆောင်ပေးပါတယ်။ နှလုံးမှ ညှစ်ထုတ်လိုက်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို ကောင်းမွန်စွာသယ်ဆောင်ဖို့အတွက် ကျန်းမာတဲ့ သွေးလွှတ်ကြောလေးတွေရဲ့ နံရံဟာ သန့်ရှင်းပြီး ချောမွေ့နေရပါမယ်။  ဒါပေမယ့် သွေးလွှတ်ကြောတွေမှာ ကိုလက်စထရော (cholesterol) လိုမျိုး အဆီအစိုင်အခဲတွေ၊ calcium တွေ များလာပြီဆိုရင်တော့ သွေးလွှတ်ကြောနံရံ ထူလာတာ/ ကျဉ်းလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးကို နှလုံးသွေးကြောကျဉ်းခြင်း Atherosclerosis လို့ ခေါ်ပါတယ်။

Symptoms

နှလုံးသွေးကြောကျဉ်းတာဟာ အစပိုင်းမှာဆိုရင်တော့ သိသာထင်ရှားတဲ့လက္ခဏာ မပြသပါဘူး။ ခန္ဓာကိုယ်ထဲကို သွေးလုံလုံလောက်လောက် မသယ်ဆောင်နိုင်လောက်အောင် သွေးလွှတ်ကြောတွေက ကျဉ်းနေ/ ပိတ်နေမှသာ ရောဂါလက္ခဏာ ပြသတတ်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ ရင်ဘတ်အောင့်ခြင်း (Chest pain or Angina)၊ အသက်ရှူမဝခြင်း၊ ခေါင်းမူးခြင်းတို့အပြင် ခြေထောက်မှာ ရှိတဲ့ သွေးလွှတ်ကြောကျဉ်းနေ/ ပိတ်နေပါက လမ်းလျှောက်လျှင် တင်ပါး/ ပေါင်/ ခြေသလုံး နာကျင်ကိုက်ခဲခြင်းနှင့် ခြေချောင်းများ ထုံကျဉ်ခြင်း အစရှိသည်တို့ ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ရုတ်တရက် နှလုံးရပ်တန့်ခြင်း (Heart Attack)၊ လေဖြတ်ခြင်းနှင့် အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။

Risk Factors

?ဘယ်လိုလူတွေမှာ နှလုံးသွေးကြောကျဉ်းတာ အဖြစ်များလဲ ?

?ဆေးလိပ်သောက်သူများ

?သွေးတိုးရောဂါရှိသူများ

?သွေးချိုရောဂါရှိသူများ

?သွေးထဲတွင် မကောင်းသောအဆီများနေသူများ (High Cholesterol (LDL) level)

?အဝလွန်သူများ

?ကိုယ်လက်လှုပ်ရှားမှုနည်းသူများ

?အသက်အရွယ်ကြီးသူများ