နားလေးရင် အသံတွေ ဘယ်လို ကြားရမလဲ

ပုံမှန်လူတစ်ယောက်သည် WHO သတ်မှတ်ချက်အရ 0-25 dB အတွင်းရှိ အသံတွေကို ကြားနိုင်ပါသည်။

? ပုံမှန် နား အကြားရှိသူ
Normal Hearing (0-25 dB)

? အနည်းငယ် နားလေးသည့် အဆင့်
Mild Hearing Loss (25-40 dB)

? အတော်အသင့် နားလေးတဲ့ အဆင့်
Moderate and Moderately Severe Hearing Loss (40-70 dB)

? ဆိုးဆိုးရွားရွား နားလေးတဲ့ အဆင့်
Severe Hearing Loss (70-90 dB)

? အလွန်ဆိုးရွားစွာ နားလေး နားမကြားတဲ့ အဆင့်
Profound Hearing Loss (>90dB)

? စကားပြောသံ သည် 40-70 dB SPL ပတ်ဝန်းကျင်လောက်တွင် ရှိသဖြင့် အနည်းငယ် နားလေးသူ အဖို့ ကောင်းမွန်စွာ ကြားနိုင်ပါသေးသည်။ သို့သော် အတော်အသင့် နားလေးသူ အဖို့ အချို့စကားတွေ စကားလုံးတွေ မကြားရသဖြင့် အနည်း နှင့် အများ အခက်အခဲ တွေ့ရတတ်ပါသည်။ ဆိုးရွားသည့် အဆင့်ရောက်ပါက အော်မကြား ခေါ်မကြား (အနီးကပ် အသံကျယ်ကျယ်ပြောနေရ) ဖြစ်နေပါပြီ။

နားထောင်ရာတွင် အခက်အခဲ ရှိတတ်ပါက နီးစပ်ရာ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်အထူးကု ဆရာဝန် နဲ့ ပြပြီး လိုအပ်လျှင် နားအကြားနှုန်း စမ်းသပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ နားလေးသည့် အကြောင်းအမျိုးမျိုး ရှိတဲ့အထဲမှ ကုသပြီး ပြန်ကြားနိုင်တာ ရှိသလို ပြန်မကောင်းနိုင် ပြန်မကြားနိုင်သည့် နားလေးခြင်းမျိုး အတွက် လိုအပ်လျှင် ဆရာဝန် က နားကြားကိရိယာ (သို့) ခွဲစိတ်နားကြားစက် နည်းလမ်းတစ်ခုခု ညွှန်ကြားပါလိမ့်မည်။

?? “Hear the World“?? သီချင်း တွင် ပုံမှန်အသံ နဲ့ နားလေးတဲ့အဆင့်စီအလိုက် ကို တစ်လှည့်စီ လှည့်ပြောင်းထားပါသဖြင့် နားလေးသူတို့နေရာ က စာနာ နားလည်ပေးနိုင်ရန် ရည်ရွယ်ပါသည်။