နှာခေါင်း သွေးလျှံရင် ဘယ်လို သွေးတိတ်အောင် လုပ်မလဲ

ခေါင်း သွေးလျှံခြင်း Nose Bleeding ?

နှာခေါင်း သွေးလျှံခြင်း Nose Bleeding ကို ဆေးပညာ အရ Epistaxis ဟုခေါ်သည်။ နှာခေါင်း သွေးတိတ်အောင် အချို့သူတွေ အယူအဆ လွဲမှားနေကြသဖြင့် ဘယ်လို သွေးတိတ်အောင် လုပ်ရမလဲ ဆိုတာ တချက် ကြည့်လိုက်ရအောင်။

ခေါင်းမော့တာမျိုး လုံးဝ မပြုလုပ်ပါနဲ့။

ဘာလို့လဲ ဆိုတော့ သွေးတွေ လေပြွန်ထဲရောက်ပြီး အသက်ရှူကျပ်သွားနိုင်သလို အစားပြွန်ထဲရောက်ပြီး ပျို့အန်တာမျိုးလည်း ဖြစ်နိုင်ချေ ရှိလို့ပါ။

သွေးတိတ်အောင် ဘယ်လို လုပ်ရမလဲ ?

၁။ တည့်မတ်စွာ ထိုင်ပါ။

၂။ ခေါင်း ကို ရှေ့သို့ ငိုက်ချလိုက်ပါ။

၃။ နှာခေါင်း ကို ၅-၁၀ မိနစ်ခန့် လက်ဖြင့် ဖိညှပ်ထားလိုက်ပါ။

၄။ နှာခေါင်း နှာရိုး ပေါ်မှာ ရေခဲ သို့ အေးသည့်အရာတခုခု ဖြင့် အုံထားလိုက်ပါ။

၅။ ပြုလုပ်နေစဉ် အတွင်း ပါးစပ် ဖြင့် အသက်ရှူပါ။ စကား မပြောပါနဲ့။

၆။ သွေးတိတ်သွားပါက ရေနွေးဖြင့် နှာခေါင်း ကို ဆေးကြောသန့်စင်ပါ။

၇။ ၂-၃ နာရီကြာ လဲလျောင်း အနားယူပါ။ နှာမှုတ်တာတို့၊ နှာချေတာတို့၊ အားစိုက်ထုတ်လုပ်တာတို့ကို မပြုလုပ်ပါနဲ့။

ဘယ်လိုမျိုး အခြေအနေ မှာ ဆရာဝန် နဲ့ ပြသသင့်သလဲ?

၁။ မိနစ် ၃၀ နာရီဝက် အတွင်း သွေးမတိတ်တာမျိုး

၂။ အားနည်းသလိုမျိုး

၃။ မူးဝေနေသလိုမျိုး ဖြစ်နေရင် ဆရာဝန် ပြသသင့်ပါတယ်။

သင်က ခဏခဏ နှာခေါင်းသွေးလျှံတတ်တယ် ဆိုပါက ရောဂါအခံတခုခုကြောင့် ဖြစ်နိုင်ပါသဖြင့် ရောဂါ ရှာဖွေကုသဖို့ တိုက်တွန်းလိုက်ရပါတယ်။