ယာယီအဆင့် အကြားအာရုံ ပြောင်းလဲခြင်း❗❗

?ယာယီအဆင့် အကြားအာရုံ ပြောင်းလဲခြင်း ဆိုတာ နားအကြားအာရုံ level မြင့်သွားတာမျိုးကို ဆိုလိုပါတယ်။ ဥပမာ Rock Concert တွေလို ဆူညံတဲ့ ‌ဖျော် ဖြေ ပွဲနေရာတွေကနေ ပြန်လာရင် ကိုယ့်အသံကိုတောင် မကြားရ‌တော့တာမျိုးကြောင့် စကား‌သံတွေကို မြှင့်ပြောလေ့ရှိပါတယ်။ ဒါက ဆူညံတဲ့ အသံတွေကို ကြားပြီးတဲ့အချိန်မှာ နားကတုံ့ပြန်တဲ့ ယာယီ စနစ်ပါ။

?ကျနော်တို့ နားကျပ်တပ်ပြီး သီချင်းနားထောင်တဲ့အချိန်မှာလည်း ပုံမှန်အသံအကျယ်လောက်နဲ့ နားထောင်တာက ပြဿနာမရှိပေမဲ့ အသံပြင်းအား 70dB အထက် ဆိုရင် နားကို စပြီးထိခိုက်စေနိုင်ပါတယ်။ တစ်ခါတစ်လေလောက်နားထောင်မိတာက ဘာမှမဖြစ်စေနိုင်သော်လည်း အမြဲလိုလို နားထောင်နေပါက အချိန်တစ်ခုကြာလာရင် အတွင်းနားကို ထိခိုက်စေပါတယ်။ အတွင်းနားမှာရှိတဲ့ အသံကိုလက်ခံတဲ့ အာရုံကြောတွေက ပျက်စီးလာပြီး (Temporary Threshold Shift Hearing) လို့ခေါ် တဲ့ ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း ကို ဖြစ်ပေါ် စေပါတယ်။

⚠️ဒီလို ယာယီတုံ့ပြန်မှုကနေ အရမ်းကျယ်တဲ့ အသံတွေကို နားထောင်ပါများလာရင် Permanent Threshold Shift အဖြစ်ကို ပြောင်းလဲသွားပြီနားလေးလာတာမျိုး ဖြစ်လာပါတယ်။

?သီချင်းကျယ်ကျယ်နားထောင်တာမှရယ် မဟုတ်ပါဘူး။ ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တွေကဲ့သို့ မြေတူးစက်၊ Drill တွေနဲ့ အလုပ်လုပ်ရတဲ့သူတွေကလည်း ဆူညံသံတွေကို အချိန်ကြာကြာ ထိ‌တွေ့နေရတာကြောင့် နားအကာအကွယ် (ear protector) မျိုး တပ်ဆင်ခြင်းဖြင့် မိမိရဲ့ အကြားအာရုံ ကို ဂရုတစိုက်ရှိနေဖို့ လိုအပ်ပါတယ်။

?️စိတ်အပန်းဖြေဖို့ နားကျပ်နဲ့ သီချင်းနားထောင်တာက တစ်ခါတစ်လေဆိုပြဿနာမရှိပေမဲ့ တစ်ရက်တည်းမှာ နာရီပေါင်းများစွာ ဖြစ်လာရင်တော့ တစ်ရက်ကို နည်းနည်းချင်းစီထိခိုက်မှုတွေစုလာပြီး အချိန်တစ်ခုရောက်လာရင်တော့ ဆူညံသံကြောင့်နားလေးခြင်း (Noise Induced Hearing Loss) ကို ဖြစ်စေမှာဖြစ်ပါတယ်။