Rapid Eye Movement (REM) Sleep Behavior Disorder

Rapid Eye Movement (REM) Sleep Behavior Disorder

Rapid Eye Movement (REM) Sleep Behavior Disorder သည် အိပ်စက်ခြင်း၏ REM အဆင့်အတွင်း မကြာခဏဆိုသလို မနှစ်မြိုဖွယ်ကောင်းသော အိပ်မက်များကို ကြောက်စရာအသံများ နှင့်အတူ ကွက်ကွက်ကွင်းကွင်း မက်လေ့ရှိသော အိပ်စက်ခြင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။

အိပ်စက်ခြင်း ၏ REM အဆင့်ဆိုသည်မှာ ပုံမှန်အားဖြင့် သင်သည် မလှုပ်ရှားတော့သောအဆင့် ဖြစ်သည်။ REM အဆင့်သည် တစ်ညအတွင်း အကြိမ်များစွာ ဖြစ်ပေါ်လေ့ရှိသည်။ သင်၏ အိပ်စက်မှု၏ 20 ရာခိုင်နှုန်းခန့်ကို REM အဆင့်တွင် ကုန်ဆုံးလေ့ရှိပါသည်။

REM Sleep Behavior Disorder ရောဂါ သည် မကြာခဏ ဆိုသလို တဖြည်းဖြည်းနှင့် အချိန်ကြာလာသည် နှင့်အမျှ ပိုဆိုးလာနိုင်သည်။

ထိုရောဂါသည် Lewy Body Dementia, Parkinson’s Disease သို့မဟုတ် Multiple System Atrophy ကဲ့သိုသော အခြားသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အခြေအနေများနှင့် ဆက်စပ်နေနိုင်ပါသည်။

ရောဂါလက္ခဏာများ

အိပ်နေစဉ်အတွင်း သင့်လက်များနှင့် ခြေထောက်များ ပုံမှန်အတိုင်း ငြိမ်နေရမည့်အစား အိပ်မက်များအတိုင်း အပြင်မှာပါ လှုပ်ရှားမှုများ ဖြစ်ပေါ်နေတတ်သည်။

ဖြစ်ခါစတွင် အကြိမ်ရေ အနည်းငယ်သာ ဖြစ်သော်လည်း ရောဂါ ပြင်းထန်လာပါက တစ်ညလျှင် အကြိမ်များစွာ ဖြစ်ပွားနိုင်သည်။ အချိန်ကြာလာတာနဲ့အမျှ ရောဂါက ပိုဆိုးလာတတ်ပါသည်။

အဖြစ်များလက္ခဏာများမှာ-

  • ကန်ခြင်း
  • လက်သီးထိုးခြင်း
  • လက်မောင်းကို မြှောက်၍ ပြန်ပြုတ်ကျခြင်း သို့မဟုတ် အိပ်ယာပေါ်မှ ခုန်ချခြင်း ကဲ့သိုသော လှုပ်ရှားမှုများ
  • လိုက်ဖမ်းခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ကဲ့သို သင့်ကိုယ်သင် ကာကွယ်ခြင်း ကဲ့သိုသော လှုပ်ရှားမှုများ
  • ကြမ်းတမ်းသောအိပ်မက်များကို တုံပြန်သည့်အနေဖြင့် စကားပြောခြင်း၊ ရယ်မောခြင်း၊ အော်ဟစ်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်း ကဲ့သိုသော ဆူညံသံများ

    စသည်တို့ဖြစ်ပါသည်။

အိမ်မက်မက်နေစဉ်အတွင်း နိုးထလာပါက အိပ်မက်ကို မှတ်မိနိုင်မည် ဖြစ်သည်။

ဖြစ်စေသော အကြောင်းအရင်းများ

ပုံမှန် REM အဆင့်တွင် ကြွက်သားများ လှုပ်ရှားခြင်းကို တားဆီးပေးထားသည့် ဦးနှောက်အတွင်းရှိ အာရုံကြောလမ်းကြောင်းများကြောင့် အိပ်ပျော်နေစဉ် ခန္ဓာကိုယ်သည် ငြိမ်သက်သွားခြင်း ဖြစ်ပါသည်။ ရောဂါရှိသူများတွင် အဆိုပါအာရုံကြောလမ်းကြောင်းများ မှတားဆီးမှု မလုပ်တော့သောကြောင့် အိမ်မက်ထဲကအတိုင်း အပြင်မှာပါ လှုပ်ရှားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရောဂါဖြစ်နိုင်ချေများသူများ

ရောဂါရှိသူများသည် အောက်ပါအချက်များနှင့် ဆက်စပ်နေလေ့ရှိပါသည်။

1. အသက် 50အထက်အမျိုးသားများ

ယခုအခါ အသက် 50 နှစ်အောက် အမျိုးသမီးများနှင့် ကလေးများတွင် ရောဂါတွေ့ရှိမှု ပိုများလာပြီး များသောအားဖြင့် narcolepsy (နေ့ခင်းဘက်ရုတ်တရက်အိပ်ပျော်ခြင်း) ၊ စိတ်ဓာတ်ကျဆေးသုံးခြင်း၊ ဦးနှောက်အကျိတ်များရောဂါများ ဆက်စနေလေ့ရှိသည်။

2.အချိုဦးနှောက်နှင့်အာရုံကြောရောဂါများ

Parkinson’s disease (ပါကင်ဆန်ရောဂါ)၊ အာရုံကြောများယိုယွင်းလခြင်း ၊ လေဖြတ်ခြင်း ကဲ့သိုသော အာရုံကြောဆိုင်ရာ ချိုယွင်းချက်ရှိသူများ

  1. narcolepsy ရောဂါရှိခြင်း နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်းရောဂါရှိသူများ
  2. အချိုသောဆေးဝါးများ

အထူးသဖြင့် စိတ်ကျရောဂါ အတွက်ဆေးအသစ်များ၊ မူးယစ်ဆေးဝါး သိုမဟုတ် အရက်ကို သုံးစွဲနေသူများနှင့် ဖြတ်ရန်ကြိုးစားနေသူများ

  1. လုပ်ငန်းခွင် ပိုးသတ်ဆေး ထိတွေ့မှု၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆေးလိပ်သောက်ခြင်း၊ ယခင် ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးသူများ စသောအကြောင်းအရာများပါရှိပါသည်။

နောက်ဆက်တွဲပြသနာများ

အတူနေထိုင်သော သင့်အဖော် သိုမဟုတ် အိမ်တွင်နေထိုင်သော အခြားလူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေခြင်း။

အခြားသူ အနှောက်အယှက် မဖြစ်အောင် ရှောင်ရင်း အထီးကျန်လာခြင်း၊ စိတ်ဒဏ်ရာရလာခြင်း။

သင် ကိုယ်တိုင် သို့မဟုတ် သင့်အိပ်ဖော် ထိခိုက်ဒဏ်ရာ ရခြင်း။