မပေါ့ဆသင့်သော အကြားအာရုံချို့ယွင်းမှုအကြောင်း‼️

ကျနော်တို့ ပတ်ဝန်းကျင်ကလူတော်တော်များများက အကြားအာရုံသိပ်မကောင်းတော့ဘူးဆိုရင် “ဒါဟာကျန်းမာရေးကိုထိခိုက်စေတာလည်းမဟုတ်ဘူး” ဆိုပြီး ပေါ့ပေါ့ဆဆ နေလိုက်တတ်ကြပါတယ်။

အကြားအာရုံချို့ယွင်းလာတာက ကျန်းမာရေး ကို တိုက်ရိုက်ထိခိုက်စေတာမျိုးတော့မရှိပေမဲ့ အချိန်မှီ ဂရုစိုက်မှုမရှိဘူးဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်⚠️⚠️

အကြားအာရုံချို့ယွင်းမှု က အသံတွေကို ကောင်းကောင်းမကြားနိုင်တော့တာ တစ်ခုပဲ မဟုတ်ပါဘူး။

သုတေသန စာတမ်းတွေအရ အကြားအာရုံချို့ယွင်းမှုက မကုသဘဲ အချိန်ကြာမြင့်စွာထားမယ်ဆိုရင် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

(1) Auditory Deprivation

ကျနော်တို့ အသံတွေကို ကြားရပြီး တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်သွယ်နိုင်တယ်ဆိုတာ “နားနှင့် ဦးနှောက်” ၂ခုလုံးရဲ့ လုပ်ဆောင်ချက်ကြောင့်ပါ။

အကြားအာရုံဆုံးရှုံးမှု ကို အချိန်ကြာမြင့်စွာ မကုသဘဲထားလိုက်ရင် နားကနေ အသံတွေ မကြားရတော့တာကြောင့် ဦးနှောက်ကလည်း ဘာသာပြန်ပေးတဲ့အလုပ်ကိုမလုပ်နိုင်တော့ဘဲ တဖြည်းဖြည်း ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ချို့က ကျုံ့လာပါတယ်။
အကျိုးဆက်အနေနဲ့ လူတွေနဲ့ ဆက်ဆံတဲ့အခါ နားလည်မှုပိုင်းဆိုင်ရာ ကျဆင်းလာပြီး လူမှုဆက်ဆံရေး ပြဿနာတွေကြုံရနိုင်ပါတယ်။ ဒါ့အပြင် ကုသဖို့ အတွက်လည်း အတော်ခက်ခဲသွားတဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။

Auditory Deprivation မဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ⁉️

✅ အကြားအာရုံချို့ယွင်းသူများအနေနှင့် ဦးနှောက် ကို လှုံ့ဆော်ပေးရန် နားကြားကိရိယာတပ်ခြင်းအားဖြင့် ကာကွယ်လို့ရပါတယ်။

✅ Auditory Deprivation ဖြစ်တာ အရမ်းကြာသွားတဲ့ အနေအထားဆိုရင်တော့ နားကြားကိရိယာတပ်လည်း ပြန်မကောင်းတာမျိုးရှိတတ်ပါတယ်။

✅ အကောင်းဆုံးကာကွယ်နည်းကတော့ အကြားအာရုံချို့ယွင်းလာပြီဆိုတာနဲ့ အချိန်မှီကုသမှုခံယူရပါမယ်။

(2) Cognitive Function

〽️ လေ့လာတွေ့ရှိချက်တွေအရ အကြားအာရုံချို့ယွင်းတဲ့သူတွေမှာ Dementia လိုခေါ်တဲ့ မှတ်ဉာဏ်စွမ်းရည် ကျဆင်းတဲ့ရောဂါ အဖြစ်များပါတယ်။ အကြောင်းအရာတွေကို မှတ်မိရန် ခက်ခဲခြင်း၊ တွေးခေါ်မှုပိုင်းဆိုင်ရာ ပြဿနာရှိလာခြင်း၊ နေ့စဥ်သမရိုးကျ လုပ်ဆောင်နေကျ ကိစ္စအသေးအဖွဲများကိုပါ မမှတ်မိတော့ခြင်း အစရှိတဲ့ လက္ခဏာများကိုတွေ့ရနိုင်ပါတယ်။

?အကြားအာရုံချို့ယွင်းမှုပိုဆိုးလေ Dementia ဖြစ်နိုင်ချေ ပိုမြင့်လာလေဖြစ်ပါတယ်။

✅ အကြားအာရုံချို့ယွင်းတဲ့ သက်ကြီးပိုင်းတွေမှာ နားကြားကိရိယာ တပ်ခြင်းက ဦးနှောက်စွမ်းဆောင်ရည် ကျမသွားအောင် ထိန်းပေးနိုင်တာကြောင့် နားကြားကိရိယာမတပ်တဲ့သူတွေနဲ့ နှိုင်းယှဥ်ရင် မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်တာကို တွေ့ရနိုင်ပါတယ်။

(3) Changes in the Brain

အကြားအာရုံချို့ယွင်းလို့ ဦးနှောက်က အလုပ်မလုပ်တာ ကြာသွားတဲ့အခါ ဦးနှောက်အစိတ်အပိုင်းတွေ ဖွဲ့စည်းပုံပြောင်းလဲသွားပြီး မှတ်ဉာဏ်စွမ်းရည်ပိုင်းဆိုင်ရာသာမက ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းဆိုင်ရာမှာလည်း နှေးကွေးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

နားကြားကိရိယာတပ်ဆင်ခြင်းဟာ ဦးနှောက်ကို လှုံ့ဆော်ပေးတာကြောင့် ဦးနှောက်ရဲ့ ကလာပ်စည်းတွေကိုလည်း ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်စေပါတယ်။

(4) Reduced Quality of Life

အကြားအာရုံမကောင်းတဲ့သူတစ်ယောက်ဟာ စကားသံ ကွဲကွဲပြားပြားမကြားရတာကြောင့် ပြောဆိုဆက်ဆံတဲ့အခါမှာ ထပ်ခါထပ်ခါမေးရတာမျိုးတွေရှိပြီး နားလည်မှုလွဲတာမျိုး အမှားတွေများလာတဲ့အခါ လူတွေနဲ့ စကားပြောရမှာကို ရှောင်လာတတ်ကြပါတယ်။

တစ်ယောက်တည်းနေရတာများလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အထီးကျန်လာပြီး စိတ်ထိခိုက်တာ၊ စိတ်ပူပန်သောကများတာ၊ စိတ်ကျရောဂါရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ကာယကံရှင်သာမက မိသားစုဝင်တွေလည်း အလားတူ ခံစားရနိုင်ပါတယ်။

နားကြားကိရိယာတပ်ရတာ ရှက်စရာမဟုတ်ပါဘူး ‼️ မိမိကိုယ်ကို Self Care လုပ်တာပါ✅

နားကြားကိရိယာ တပ်ထားရင် လူတွေနဲ့စကားပြောဖို့လည်း ယုံကြည်မှုရှိလာစေတယ်။ လုပ်ငန်းခွင်မှာသာမက ကိုယ့်မိသားစုပတ်ဝန်းကျင်နဲ့ သာမန်လူများကဲ့သို့ Communicate လုပ်နိုင်တာကြောင့် ကာယကံရှင်အတွက်ရော အခြားသူများအတွက်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေစေပါတယ်။

ဒီလောက်ဆိုရင်တော့ အကြားအာရုံက လူတိုင်းအတွက် အရေးကြီးကြောင်းကို သိရှိလောက်ပြီဖြစ်တာကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအသိထဲမှာ အကြားအာရုံချို့ယွင်းနေတဲ့သူရှိရင် အချိန်မှီ ဆရာဝန်နဲ့ပြသပြီး လိုအပ်ပါက နားကြားကိရိယာတပ်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်ကြပါလို့ အကြံပြုချင်ပါတယ်။