သင့် အကြားအာရုံ ကောင်း/မကောင်းဘူး လား

  1. သင့် အနီးအနား က လူတွေ စကားပြောတာ သေသေချာချာ မကြားရတာတို့၊ စကားလုံးထွေးနေတာတို့ ရှိပါသလား?
  2. တစုံတယောက် က သင့် ကို ထပ်ခါတလဲလဲ ပြန်ပြောနေရတယ်လို့ ပြောဖူးပါသလား?
  3. တစုံတယောက် သင့် နောက်ဘက်ကဖြစ်ဖြစ်၊ ဘေးဘက်ကဖြစ်ဖြစ် စကားပြောရင် နားထောင်ရတာ အခက်တွေ့ပါသလား?
  4. တစုံတယောက် က စကားသံတိုးတိုးလေး (သို့) နှစ်ကိုယ်ကြား ကြားရရုံလေး ပြောပါက ကြားရဖို့ အရမ်း အာရုံစိုက် ရပါသလား?
  5. သင် အခြားအသံတွေထက်စာရင် အမြင့်သံ (ဥပမာ – သီချင်း၊ ငှက်သံ၊ ကလေးသံ) တွေ နားထောင်ရတာ အခက်အခဲ ရှိပါသလား?
  6. သင် စားသောက်ဆိုင် ကဲ့သို့ ဆူညံတဲ့ပတ်ဝန်းကျင်တွေမှာ စကားပြောဆိုသံတွေ နားလည်ဖို့ အခက်အခဲ ရှိပါသလား?
  7. သင် စကားပြောဆိုတာတွေ နားလည်အောင် နားထောင်ဖို့ အခက်အခဲကြောင့် အပြင်အထွက်နည်းနေသလား?
  8. တစုံတယောက် က သင်ဖွင့်ထားတဲ့ တီဗီ၊ ရေဒီယို ကို အသံတိုး/လျော့ဖို့ ပြောကြသလား?
  9. သင် ဖုန်းပြောရင် တဖက်လူရဲ့ အသံကို နားထောင်ရတာ အခက်အခဲ ရှိပါသလား?
  10. သင် ကားသံ ကြားရပြီး နီးလာတာလား ဝေးသွားတာလား သိဖို့ အခက်အခဲ ရှိပါသလား?

ကျနော်တို့တွေဟာ ကျနော်တို့ ကောင်းကောင်း ကြားရလား မကြားရဘူးလား ဆိုတာ များသောအားဖြင့် သတိမထားမိတတ်ကြပါဘူး။ အပေါ်မှာ မေးခွန်း (၁၀) ခုမှာ (၄) ခု နှင့် အထက် “YES ရှိပါတယ်” ဆိုရင်တော့ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန် နှင့် ပြသခြင်း (သို့) အကြားအာရုံ စမ်းသပ်စစ်ဆေးခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *