ကြားရတယ် မသဲကွဲဘူး

?‍♂️ “ မင်း ပြောတာ သဲသဲကွဲကွဲ မကြားရဖူးကွာ၊ ဘာတွေပြောနေတာလဲ? “?

ဒီလို ပြောသံမျိုးကို ပတ်ဝန်းကျင်မှာ ပြောတာ ကြားဖူးကြမှာပါ။ လူအချို့က လုံးဝ မကြားရတော့ မှ နားမကြားခြင်း၊ နားလေးခြင်း၊ (သို့) အကြားအာရုံ ဆုံးရှုံးခြင်း/လျော့နည်းခြင်း Hearing Loss ကို ခံစားရတယ် လို့ ထင်ကြပါတယ်။ အဲ့အဆင့်က Profound or Deaf လို့ခေါ်ပြီး နားမကြားတဲ့ ထဲမှာမှ အဆိုးဆုံး အဆင့်တွေပါ။

အသံတွေ သဲသဲကွဲကွဲ မကြားရဘူး၊ နားမလည်တော့ဘူး ဆိုရင်လည်း Hearing Loss နားလေးတယ်၊ နားမကြားရဘူး သတ်မှတ်ပါတယ်။ ?️

နားမကြား / နားလေး တဲ့ အဆင့် (၄) ဆင့်

(၁) အနည်းငယ် နားလေးတဲ့ အဆင့် Mild hearing loss
(၂) အလယ်အလတ် နားလေးတဲ့အဆင့် Moderate hearing loss
(၃) ပြင်းထန် နားလေးတဲ့ အဆင့် Severe hearing loss
(၄) လုံးဝ နားမကြားတဲ့ အဆင့် Profound hearing loss or deaf

ဆိုပြီး Hearing Loss မှာ အကြမ်းဖျင်း အားဖြင့် အဆင့် ၄ ဆင့် သတ်မှတ်ထားပါတယ်။

??အနည်းငယ် နားလေးတဲ့ အဆင့် Mild hearing loss ရောဂါအစ မှာ တွေ့ရတဲ့ ရောဂါလက္ခဏာ တွေကို လျစ်လျူ ရှု ပြီး နေတတ်ကြပါတယ်။ ထိုကဲ့သို့ မှာ ရောဂါအစ ဂရုမစိုက်ကြသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာတတ်ကြပါတယ်။ နားမကြားခြင်း၊ နားလေးခြင်း၊ (သို့) အကြားအာရုံ ဆုံးရှုံးခြင်း/လျော့နည်းခြင်း Hearing Loss ကို ခံစားရပါက မိမိကိုယ်တိုင်ထက် မိမိ ပတ်ဝန်းကျင်မှ အိမ်သား၊ မိတ်ဆွေများက စတင် သတိထားမိကြပါတယ်။ အဲ့ဒါကြောင့် Hearing loss ကို အနည်းငယ် နားလေးတဲ့ အဆင့်ကတည်းက သတိပြုနိုင်ဖို့ အတွက် Hearing loss ၏ ရောဂါ လက္ခဏာ များကို ပြောပြချင်ပါတယ်။

နားမကြား / နားလေး တဲ့ လက္ခဏာများ

1. You Have Trouble Understanding Others
တစ်ခြားသူ တစ်ယောက် မှ ပြောတဲ့အကြောင်းအရာ တွေ ကို သေချာ မကြားရသောကြောင့် နားလည်ဖို့ ခက်ခဲလာတယ်။

2. You Have Trouble Hearing in Noisy Environments
ဆူညံတဲ့ပတ်ဝန်းကျင်မှာ စကားပြောသံတွေကို ကြားဖို့ရာ ခက်ခဲလာတယ်။

3. You Have Difficulty Understanding Women & Children
ကလေး နှင့် အမျိုးသမီး တွေရဲ့ စကားပြောသံတွေက အမျိုးသားတွေရဲ့ စကားပြောသံနှင့် နှိုင်းယှဥ် ပါက အမြင့်သံဖြစ်သောကြောင့် သူတို့ပြောတဲ့ အကြောင်းအရာကို ယောကျ်ားသံတွေထက် နားလည်ဖို့ရာ ခက်ခဲလာပါတယ်။

4. You Frequently Swap Ears When on the Phone
ဖုန်းပြောတဲ့ အခါ သေချာ မကြားရသောကြောင့် ဘယ်၊ညာ ပြောင်းပြီး နားထောင် တတ်တယ်။

5. You Hear a ‘Ringing’ in Your Ears
နားထဲမှာလည်း ဖုန်း၏ Vibration တှုန်ခါသံမျိုးတွေ၊ တဝီဝီ အသံ မျိူးတွေ ကြားနေရတယ်။

6. You Watch Television Too Loudly for Others
TV ကြည့်တဲ့အခါ Volume ကို ကျယ်ပြီး ကြည့်သောကြောင့် ပုံမှန်တခြားသူတွေအတွက် က အရမ်းကျယ်နေတတ်ပါတယ်။

7. You’re Often Told You ‘Mumble’ or Talk Too Loudly
စကားပြောတဲ့ အခါ သင့် အသံ ဝူးဝူးဝါးဝါး ဖြစ်နေကြောင်း နှင့် အသံ ကျယ်ကျယ် ပြောဖို့ တိုက်တွန်းပြောဆိုတတ်ပါတယ်။

အထက်ပါ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် တော့ နီးစပ်ရာ နား၊နှာခေါင်း၊လည်ချောင်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး နားအကြားအာရုံ စွမ်းရည် Hearing Test စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်ရံမှာ အခြေအနေ တစ်စုံတစ်ရာကြောင့် ရုတ်တရက် မကြားရတာမျိုးတွေ တွေ့ကြုံနိုင်ပါတယ်။ ဥပမာ နားအတွင်း တွင် နားဖာချေး Ear Wax ပိတ်နေ သည့် အခါ တွင် ဖြစ်စေ၊ နားစည်ပေါက် သွားသောအခါတွင် ဖြစ်စေ ရုတ်တရက် မကြားရတာမျိူးတွေ ဖြစ်တတ်ပါတယ်၊ ထိုအခြေအနေ မျိုးတွင် နား၊နှာခေါင်း၊လည်ချောင်း ဆရာဝန် နှင့် အမြန်ဆုံး ပြသပြီး ကုသမှု ခံယူလိုက်ပါက ပြန်ကြားရနိုင်ပါတယ်။ အကယ်၍ အချိန်မှီ ကုသမှု မခံယူပါက ပိုမို ဆိုးလာပြီး လုံးဝမကြားသည်အထိ ဖြစ်နိုင်သောကြောင့် လုံးဝ မပေါ့ဆသင့်ပါဘူးနော်။