သင်အကြားအာရုံ ချို့ယွင်း‌ကြောင်း ညွှန်ပြနေတဲ့လက္ခဏာ (၁၀)ခု

အချို့သူတွေက အသံတွေကို လုံးဝမကြားရတော့တဲ့ အခြေအနေမျိုးကိုသာ အကြားအာရုံ ချို့ယွင်းတယ်ထင်ကြပါတယ်။ အမှန်ကတော့ စကားသံ‌‌တွေ ကို သဲသဲကွဲကွဲ မကြားတော့ဘူး ဆိုရင် အကြားအာရုံချို့ယွင်းစပြုနေပြီဖြစ်ပါတယ်။ အကြားးအာရုံ ချို့ယွင်းတာကို နား‌‌လေး‌‌နေပြီ ဆိုပြီး အစခံရမှာ စိုးရိမ်တတ်ကြပါတယ်။ နားလေးတာ ရှက်စရာ မဟုတ်ပါဘူး။ အကြားအာရုံချို့ယွင်းခြင်း (နားလေးခြင်း) ကြောင့် သင့်လုပ်နိုင်စွမ်း ကို အထိအခိုက် မခံပါစေနဲ့။ ထို့ကြောင့် အောက်ပါ လက္ခဏာများ ရှိနေပြီ ဆိုရင်တော့ အကြားအာရုံချို့ယွင်းတာဖြစ်နိုင်‌ချေ ရှိနေပါပြီ။ ဘယ်လောက်ပမာဏ အထိ ချို့ယွင်းနေပြီလဲ? အနိမ့်သံ အလယ်သံ အမြင့်သံ အခြေအနေတွေ သိအောင် နားစမ်းသပ်မှု လုပ်ဖို့ သင် လိုအပ်နေပါပြီ။

၁။ သင် အခြားသူတွေကို ထပ်ခါတလဲလဲ မေးနေရပါသလား?

မေးခွန်း ကို မကြားလိုက်တာ တစ်ခါတစ်လေတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ထပ်ခါတလဲလဲ အကြိမ်ကြိမ် အခါခါ ဆိုရင်တော့ အကြားအာရုံ ချို့ယွင်းတာ ဖြစ်ဖို့ များနေပါပြီ။

၂။ သင် အခြားသူတွေ သတိပေးရလောက်အောင် တီဗီ (သို့) ရေဒီယို ဖွင့်တာ အသံကျယ်နေပါသလား?

နားသိပ်မကြားရ တဲ့သူတွေက တီဗီ၊ ရေဒီယို ကို သူတို့ ပုံမှန် အသံကြားရတဲ့အထိ အသံချိန်ထားပေမယ့်လည်း နားကောင်းသည့် အခြားသူ အဖို့တော့ နားလေးသူ ပုံမှန်ကြားသံ က သူတို့အနေဖြင့် အသံကျယ်နေပေလိမ့်မည်။

၃။ သင် ဖုန်း‌‌ပြောတဲ့ အခါ ဖုန်းထဲမှ စကားသံများကို ‌သေချာမကြားရဘူးဖြစ်နေပါသလား?

အပြင်မှာ‌ပြောတဲ့ စကားသံနဲ့ ဖုန်းထဲမှာကြားရတဲ့ အသံတွေက Frequency မတူတာ‌ကြောင့် ဖုန်း‌ပြောတဲ့အခါ စကားလုံးသဲကွဲမှု ရှိမှာမဟုတ်ပါဘူး။

၄။ ဆူညံသံများတဲ့ ‌နေရာ‌တွေမှာ စကား‌ပြောတဲ့အခါ နားလည်ရခက်နေပါသလား?

သင့်အနေနဲ့ ဆူညံသံများတဲ့ ပတ်ဝန်းကျင်မှာ စကား‌‌ပြောရတဲ့အခါ အခြားသူပြောစကားကို ‌ သေချာနားမလည်တာမျိုး ခဏခဏ ကြုံတွေ့နေရပြီဆိုရင်တော့ မပေါ့ဆဘဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး အကြားအာရုံ စစ်ဆေးမှု ခံယူသင့်ပါတယ်။

၅။ အခြားသူများနှင့် အမေးအဖြေ ‌ပြုလုပ်ရာမှာ အလွဲလွဲ အချော်‌ချော် ဖြစ်နေပါသလား?

အကြားအာရုံချို့ယွင်းသူတွေက စကားသံတွေ ကို ‌‌‌‌သေချာမကြားရတာ‌ကြောင့် ‌‌ပြောဆိုဆက်သွယ်ရာမှာ အမေးတစ်ခြား ‌အဖြေတစ်ခြား‌တွေဖြစ်နေတတ်ပါတယ်။

၆။ မိန်းမအသံနှင့် က‌လေးအသံများကို ‌‌သေချာမကြားရဘူးဖြစ်နေပါသလား?

အကြားအာရုံချို့ယွင်းတဲ့သူအများစုဟာ အမြင့်သံတွေဖြစ်တဲ့ မိန်းမအသံတွေနဲ့ က‌လေးအသံတွေကို ‌သေချာကြား‌‌‌‌လေ့မရှိပါဘူး။

၇။ အခြားသူ၏ စကားသံများ ကို ပလုံးပ‌‌ထွေးကြား‌နေရပါသလား?

သူများနှင့် စကား‌ပြောတဲ့ အခါမှာ တစ်ဖက်လူက တစ်ယောက်တည်း‌ ရေရွတ်‌ပြောဆိုနေသလို သို့မဟုတ် ပလုံးပထွေး ‌‌ပြော‌နေတယ်လို့ ခံစားရလေ့ရှိပါတယ်။

၈။ သင် အလုပ်ခွင်မှာ ခဏခဏအမှားလုပ်မိနေတတ်ပါသလား?

အလုပ်ခွင် မှာ အရေးကြီးအချက်အလက်များကို ‌မကြားလိုက်မိတာ‌ကြောင့် အမှားများကြုံတွေ့ရလေ့ရှိပါတယ်။

၉။ လူ‌တွေနဲ့ ‌ပြောဆိုဆက်သွယ်ဖို့ ‌ရှောင်နေမိပါသလား?

သင့်အနေနဲ့ လူတွေနဲ့ ‌ပြောဆိုဆက်သွယ်ရာမှာ နားလည်မှုလွဲတာ‌တွေ ဖြစ်တာ‌‌ကြောင့် စကား‌‌ပြောရမှာ ‌ကြောက်လာပြီး လူတွေကိုရှောင်မိလာပါလိမ့်မယ်။

၁၀။ သင် အခြားသူများထံမှ အကြားအာရုံ စစ်ဆေးမှု ခံယူသင့်ပြီလို့ ‌ခဏခဏ အ‌‌ပြောခံရဖူးပါသလား?

သင့်ပတ်ဝန်းကျင်မှ သင့်ကို အကြားအာရုံစစ်ဆေးဖို့ ခံယူရန် အကြံပေးတာမျိုး ကြုံလေ့ရှိမှာပါ။ ဒါဆိုရင်တော့ သင်ကိုယ်တိုင်လည်း‌ ခေါင်းမာမနေသင့်ဘဲ အကြားအာရုံ ချို့ယွင်းမှု ရှိ၊မရှိကို ‌သွားရောက်စစ်ဆေးပြီး လိုအပ်ပါက ကုသမှုခံယူသင့်ပါတယ်။