ကျယ်ကျယ် နားထောင်တတ်ခြင်း နှင့် နားလေးခြင်း

? သာမန်ထက် ပိုပြီး အသံအကျယ်ကြီး နားထောင်ခြင်း (နားကြပ်၊ စပီကာ စသဖြင့်) သည် သင့်အကြားအာရုံ ကို ပြန်မကောင်းလာနိုင်တဲ့အထိ နားလေး စေနိုင်ပါသည်။ ရုတ်တရက် ချက်ချင်း အကြားလျော့နည်းသွားခြင်းမျိုး မဟုတ်ဘဲ တဖြည်းဖြည်း ပိုမိုဆိုးဝါးသွားသည့်အတွက် သတိထားမိချိန်တွင် အတော်အတင့် နားလေးသည့်အဆင့်သို့ပင် ရောက်နေနိုင်သည်။

ဆူညံသံ ကြောင့် နားလေးခြင်း သည် အဖြစ်များ အတွေ့ရများသည့် နားလေးနိုင်သည့် အကြောင်းထဲမှ တခု ဖြစ်သည်။

✅ သို့ဖြစ်ပါ၍ သင့်အကြားအာရုံ ထိန်းသိမ်းကာကွယ်ဖို့ရာ စိတ်ချရသည့် သာမန်အသံလောက်နှင့်သာ နားထောင်ကြပါ။

⚠️ အသံ အဆုံး အကျယ်ကြီး ဖွင့်နားထောင်ခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါသည်။

#WHO #ProtectyourHearing #ListenSafely

3 Replies to “ကျယ်ကျယ် နားထောင်တတ်ခြင်း နှင့် နားလေးခြင်း”

Leave a Reply

Your email address will not be published. Required fields are marked *