?နှလုံးသွေးကြောကျဉ်းခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ ?

Quit Smoking  -ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

Exercise          -လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက သွေးတွင်းရှိ အဆီဓာတ်ကို လျှော့ချပေးနိုင်ရုံသာမက သွေးပေါင်ချိန်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။

Checkups         -မိမိ၏ သွေးပေါင်ချိန် (blood pressure)၊ သွေးတွင်းသကြားဓာတ် (blood sugar level) နှင့် သွေးတွင်းရှိ cholesterol level ကို ပုံမှန် တိုင်းတာပေးပါ။

Healthy Diet -အဆီ၊ cholesterol နှင့် ဆား၊ သကြားဓာတ်များစွာ ပါဝင်နေတတ်သော နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ဥအမျိုးမျိုးကို လျှော့ချ၍ စားသုံးပါ။ ပဲအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဘယ်ရီသီးများ (strawberries, raspberries, cranberries)၊ အသီးအရွက်ဆီများ (သံလွင်ဆီ၊ နေကြာဆီ)၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ (ဆလပ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက် အစရှိသည့်အရွက်များ)၊ ဟင်းခတ်အမွှေးအကြိုင်များ (Spices)၊ မုန်လာဥ၊ အစေ့အဆန်များနှင့် oatmeal တို့ကို ပုံမှန်စားသုံးခြင်းက နှလုံးသွေးကြောကျဉ်းနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။