KAPAK Electric Disinfection Dryer

KAPAK လျှပ်စစ် ပိုးသတ် အခြောက်ခံစက်

KAPAK တံဆိပ် လျှပ်စစ် ပိုးသတ် အခြောက်ခံစက် Electric Disinfection Dryer သည် နားကြားကိရိယာများ Hearing Aids နှင့် အခြားသော ခွဲစိတ် နားကြားစက်များ Cochlear Implant (CI) အတွက်ပါ အသုံးပြုနိုင်ပါသည်။

KAPAK Features

အခြောက်ခံစက် Dryer

နားကြားကိရိယာများ ကို နေ့စဉ် ထိန်းသိမ်းပါက သက်တမ်းကြာကြာ အသံကွာလတီကောင်းကောင်း ဖြင့် အသုံးပြုနိုင်သည်။ နားကြားကိရိယာများသည် ရေ အစို မခံပေ။ အချို့သည် မိုးရေ ဖွဲဖွဲလောက် ရေပက်တာလောက်တော့ ခံနိုင်တဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားပေမယ့်လို့ ရေထဲ စုံးစုံးမြုပ်ထားလို့တော့ မရပေ။ ခန္ဓာကိုယ်မှ ထွက်သည့် ချွေးတွေလည်း လေထုထဲက ဖုန်တို့ကြောင့် နားကြားကိရိယာ လေပိုက်အတွင်းတွင် အညစ်အကြေး အဖြစ် ပိတ်မိနေတတ်သည်။ ထိုသို့ အနည်းငယ် ပိတ်ဆို့ခြင်းသည်လည်း အသံကွာလတီပိုင်း အနည်းငယ် ကျနိုင်သည်။ ထိုကြောင့် အစိုဓာတ် မရှိအောင် နားကြားကိရိယာ ဘက်ထရီအိမ် ဖွင့်ထားပြီး နေ့တိုင်း အခြောက်ခံဖို့ လိုအပ်ပါသည်။

ပိုးသတ်စက် Disinfection

အခြား နားကြားကိရိယာ အခြောက်ခံစက် နှင့် ဒီစက် နဲ့ ကွာခြားသည်မှာ ပိုးသတ်သည့် ဖန်ရှင် ပါခြင်း ဖြစ်သည်။ခရမ်းလွန်ရောင်ခြည် UV-C နည်းပညာ နဲ့ ပိုးသတ်ခြင်း သည် မိနစ် အနည်းငယ်သာ ကြာပါသည်။

ပါဝင် ပစ္စည်းများ

ဝယ်ယူလို့ ရနိုင်မည့် နေရာများ

Shop.com.mm