နှာခေါင်းအသားပို (Nasal Polyp) အကြောင်း သိကောင်းစရာ❗❗

အချို့သူတွေမှာ နှာခေါင်းအတွင်းနှင့် နှာ‌ခေါင်း‌ဘေးဘက်မှာရှိတဲ့ လေအိတ်တွေမှာ အသားပိုအလုံး ဖြစ်တတ်ပါတယ်။ အသားပိုဖြစ်တိုင်း ကင်ဆာလို့ ပြောလို့မရနိုင်ပါဘူး။ အသားပိုက အလုံးအနေနဲ့သာရှိပြီး နှာခေါင်းပိတ်ရုံမျှသာဖြစ်စေတတ်တဲ့ အခြေအနေမျိုးလည်းရှိပါတယ်။

နှာခေါင်းအသားပို ဖြစ်စေတဲ့ ‌အကြောင်းအရင်းများ?

✔ နှာခေါင်းအသားပိုက ဘာကြောင့်ဖြစ်တယ်ဆိုပြီး ‌တိတိကျကျမရှိသေးပါဘူး။ ခန္ဓာကိုယ် ကိုယ်ခံအား တုန့်ပြန်မှုစနစ်၊ ရောဂါပိုးဝင်ခြင်း၊ နှာခေါင်းနှင့် နှာ‌ခေါင်းဘေးလေအိတ်မှာ ထိခိုက်မှုကြောင့် ပိုးဝင်လွယ်ခြင်း၊ ရောင်ရမ်းခြင်း၊ ‌သောက်ဆေးများ၏ နောက်ဆက်တွဲဆိုးကျိုး များ နှင့် ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘယ်လိုလူမျိုးတွေမှာနှာခေါင်းအသားပို ဖြစ်နိုင်ချေပိုများလဲ ဆိုရင် ဓာတ်မတည့်မှု ရောဂါအခံရှိသူများ၊ ‌‌နှာခေါင်းလေအိတ် မကြာခဏ ရောင်ရမ်းတတ်သူများ၊ နှာခေါင်းနှင့် နှာခေါင်းအနီးတစ်ဝိုက် ထိခိုက် ဒဏ်ရာရဖူးသူများ၊ နှာခေါင်းခွဲစိတ်မှု ခံယူဖူးသူများ၊ ညစ်ညမ်းသောလေထုနှင့် ‌အချိန်ကြာမြင့်စွာ ထိတွေ့မှု များသူများ၊ မျိုးရိုးထဲတွင် နှာခေါင်းအသားပို ဖြစ်ဖူးသူရှိသူများ မှာ ဖြစ်နိုင်ချေ ပိုမြင့်မားပါတယ်။

‌ရောဂါလက္ခဏာများ⚠

ရောဂါလက္ခဏာတွေကတော့ တစ်ဦးနှင့်တစ်ဦးပေါ် မူတည်ပြီး ကွဲပြားတတ်ပါတယ်။

  • နှာခေါင်းပိတ်တာ မသက်သာဘဲ တဖြည်းဖြည်းပိုဆိုးလာခြင်း၊
  • နှာခေါင်းပိတ်လျှင် တစ်ဖက်တည်း ပိတ်တတ်ခြင်း၊ သွေးထွက်ခြင်း၊
  • အနံ့ သိပ်မရခြင်း၊
  • အမြင်အာရုံ ၂ ထပ်ဖြစ်ခြင်း၊
  • မျက်နှာ တစ်ခြမ်းရောင်ခြင်း၊ ကိုက်ခြင်း၊
  • သွားကိုက်ခြင်း၊
  • ညအိပ်စဥ် ‌‌‌ဟောက်သံကျယ်လာခြင်း၊ အိပ်မရခြင်း စတဲ့ လက္ခဏာမျိုးတွေ‌ တွေ့ရတတ်ပါတယ်။

ဒီလို ရောဂါလက္ခဏာမျိုးတွေကြုံရပြီဆိုရင်တော့ သာမန်အသားပိုအလုံးလား၊ ကင်ဆာလား ဆိုတာကို ခွဲခြားဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနှင့် သွားရောက်ပြသပြီး စောစီးစွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ကုသမှုအနေနဲ့ ရောဂါအခြေအနေအရ ခွဲစိတ်ကုသမှု ခံယူရတာရှိသလို သောက်ဆေးမှီဝဲရတာမျိုးလည်း ရှိနိုင်ပါတယ်။

နှာခေါင်းအတွင်း ပိုးဝင်ခြင်းနှင့် ဓာတ်မတည့်သော အမှုန်များ ရှူရှိုက်မိခြင်းကြောင့် နှာခေါင်းပိတ်တဲ့ အခါမှာလည်း နှာခေါင်းအတွင်း အညစ်အကြေးများကို သန့်စင်တဲ့ အနေနဲ့ နှာခေါင်းဆေးရည် ကို အသုံးပြုပေးနိုင်ပါတယ်။

စောစီးစွာ ကုသမှု ခံယူခြင်းက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် တားဆီးပေးနိုင်လို့ အားလုံးပဲ နှာခေါင်းအသားပိုအကြောင်းကို သတိပြုနိုင်အောင် မျှဝေပေးလိုက်ပါတယ်???