အကြားအာရုံ ချို့ယွင်းခြင်း ဖြစ်စေနိုင်သော အကြောင်းများ

အကြားအာရုံ ချို့ယွင်း ခြင်း Hearing Loss ကို ဖြစ်စေနိုင်သော အကြောင်းအရင်းများစွာ ရှိတဲ့အထဲကမှ အဖြစ်များသော အကြောင်းအရင်း ၅ ချက်ကိုအဓိကထားပြီး ရှင်းပြပေးချင်ပါတယ်။

နားဖာချေး ပိတ်ဆို့ ခြင်းကြောင့် မကြားရခြင်း Ear Wax Blockage

ပုံမှန် အားဖြင့် နားဖာချေး Ear Wax က နားလမ်းကြောင်းတစ်လျှောက် ဖုန် နှင့် အညစ်အကြေးများ ကို ရှင်းလင်းပြီး ဘက်တီးရီးယားပိုးမွှား Bacteria များ ပေါက်ဖွားခြင်းမှ ကာကွယ်ပေးပါတယ်။ သဘာဝတရား က သူ့ဘာသာသူ နားဖာချေး ထွက်လာစေပါတယ်။ ဘာမှ အထူးတလည် နားဖာချေး ကလော်ပေးစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် စနစ်တကျ ရှင်းလင်းခြင်း မလုပ်ပါက ဥပမာ – နားကြပ်ဖြင့် ကလော်ခြင်းသည် နားဖာချေးကို အထဲသို့ ထိုးသွင်းသလို ဖြစ်လာပြီး ကြာလာလျှင် နားဖာချေးများ နားအတွင်းစုလာပြီး အစိုင်အခဲသဖွယ် ဖြစ်လာပါတယ်။ ထိုအစိုင်အခဲများက အသံသွားရာလမ်းကြောင်းကို ပိတ်ဆို့ပြီး မကြားရတာမျိုး ဖြစ်စေနိုင်ပါတယ်။

အလယ်နား ယောင်ရမ်းခြင်း‌ကြောင့် မကြားရခြင်း Otitis Media

အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စသည့် အကြောင်းအရင်းများကြောင့် ပါးစပ် မှ အလယ်နား သို့ ဆက်ထားသည့် ပြွန်မှတဆင့် အလယ်နား အတွင်း သို့ ပိုးဝင်ကာ ယောင်ရမ်းလာပြီး မကြားရခြင်းမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်များတွင်လည်း အဖြစ်များပါတယ်။

အသက်အရွယ် အိုမင်းခြင်းကြောင့် အကြားအာရုံ ချို့ယွင်းလာခြင်း Age-related Hearing Loss

အသက်အရွယ်ကြောင့် ခန္ဓာကိုယ်အစိတ်ပိုင်းများ၏ လုပ်ဆောင်မှု ကျဆင်းကြောင့် ခံစားရခြင်းမျိုး ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အသက် ၆၅ နှစ် နှင့်အထက် လူ ၃၀ ယောက်မှာ ၃ ယောက်က အကြားအာရုံ နှင့် ပတ်သတ် ပြီး အခက်အခဲများကို ရင်ဆိုင်နေရတယ်လို့ သုသေသနစာတမ်းများအရ တွေ့ရပါတယ်။

ဆူညံသံများကြောင့် အကြားအာရုံ ပျက်စီးလာခြင်း Noise Induced Hearing Loss

ဆူညံသံ ဥပမာ ကျယ်လောင်သော ဗျောက်အိုးဖောက်သောအသံ မျိုး ကြောင့် အတွင်းနားရှိ အသံကြားရခြင်းကို အထောက်အကူပေးသော ဆံချည်မျှင်ဆဲလ်လေးများ Hair Cells ပျက်စီးပြီး မကြားရခြင်းမျိုး ဖြစ်ပါတယ်။ အသံ ၏ ကျယ်လောင်မှုအဆင့် နှင့် ကြားရချိန် ကြာရှည်မှု အလိုက် ခဏတာ မကြားရခြင်းမျိုး ဖြစ်နိုင်သလို တသက်တာ မကြားရ ခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။ ကျယ်ကျယ်နားထောင်တတ်ခြင်းနှင့် နားလေးခြင်

မွေးရာပါ အကြားအာရုံချို့ယွင်းခြင်း Birth related Hearing Loss

ကလေးများတွင် မွေးရာပါအကြားအာရုံ ချို့ယွင်းပါက စကားပြောနောက်ကျခြင်း၊ အသံများကို တုံ့ပြန်မှု အားနည်းခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေး Communication ခက်ခဲခြင်း (ဥပမာ သင့်ကို မြင်လျှင် လိုက်ကြည့်သော်လည်း အသံတစ်ခုခုပေးပြီး ခေါ်တာမျိုးဆို တုံ့ပြန်မှု မလုပ်ခြင်း) မျိုးကို တွေ့ရပါတယ်။ မွေးရခက် ခြင်းကြောင့် မွေးဖွားချိန် ကြာခြင်း၊ မွေးဖွားနေစဉ်အတွင်း ညှပ်ဆွဲမွေးရခြင်း၊ လမစေ့မွေးဖွားခြင်းတွေသည် မွေးရာပါ အကြားအာရုံ ချို့ယွင်းခြင်း ဖြစ်စေနိုင်သော အကြောင်းများ ဖြစ်ပါသည်။ ထိုကြောင့် ကလေးငယ်များ အကြားအာရုံချို့ယွင်းခြင်း ရှိ /မရှိကိုတော့ OAE Hearing Screening Test ဖြင့် စမ်းသပ်စစ်ဆေးနိုင်ပါတယ်။