နားကြားကိရိယာ (Hearing Aid) နဲ့ အသံချဲ့စက် (Hearing Amplifier) ဘယ်ဟာကိုရွေးရမလဲ ⁉️⁉️

နားကြားကိရိယာ (Hearing Aid) နဲ့ အသံချဲ့စက် (Hearing Amplifiers) က ပုံစံ တူသယောင်ယောင် ရှိပေမယ့် တကယ်တမ်း လုပ်ဆောင်ချက်တွေ၊ နည်းပညာတွေက အတော်ကွဲပါတယ်။ ဘာတွေ ကွဲပြားလဲ ဆိုတာ စိတ်ဝင်စားရင်အောက်မှာ ဆက်လက် ဖတ်ရှုပေးပါဦးနော်။

📢💥Hearing Amplifiers အရောင်းဆိုင်နဲ့ ကြော်ငြာတွေမှာတော့ အသံချဲ့နားကြပ်များကို Hearing Aids အစားထိုးဝယ်ယူနိုင်တဲ့ ပစ္စည်းတစ်မျိုးလို ဖန်တီးထားတတ်ပါတယ်။

အသံချဲ့စက် ( Hearing Amplifier)

ကြိမ်နှုန်း (Frequency) အလိုက် အကြားအာရုံဆုံးရှုံးမှုဟာ အသံအားလုံးကို ချဲ့ပေးမဲ့ Amplifiers တွေအသုံးပြုပြီး အဆင်ပြေလာမယ့် ရောဂါမဟုတ်ပါဘူး။
ဆရာဝန်တွေနဲ့ပညာရှင်တွေက အသံချဲ့နားကြပ်များနှင့် နားကြားကိရိယာများကြား ခြားနားချက်ကို ကျန်းမာရေးအသိပညာပေးလျက်ရှိပါတယ်။ FDA ကလည်း အသံချဲ့နားကြပ်တွေက နားကြားကိရိယာအတွက် အစားထိုးမဟုတ်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Hearing Amplifiers အသံချဲ့ကိရိယာတွေ က အသံ အားလုံး ကို ကျယ်အောင် ချဲ့ပေးတာ ဖြစ်တဲ့ အပြင် စက်၏ ဆူညံသံ ကလည်း ကျယ်ပါတယ်။ နားလေးသူ ၏ Audiogram နားကြားနှုန်းဂရပ်ဖ် အတိုင်း ချိန်ပေးတာမဟုတ်တဲ့အပြင် ကြားရတာ အဆင်မပြေ၊ သက်တောင့်သက်တာ မရှိ ဖြစ်နိုင်ပါတယ်။ ဒါအပြင့် ဆူညံသံ ကြောင့် တချို့လူတွေမှာ နားလေးတာ ပိုဆိုးတာလည်း ဖြစ်နိုင်ပါတယ်။

[အသံချဲ့ကိရိယာ အကြောင်း အသေးစိတ် ဖတ်ရှုရန်]

Hearing Aids နားကြားကိရိယာ

နားကြားကိရိယာ လို့ ဆိုလိုက်တာနဲ့ ကိုယ့်အကြားနှုန်း Audiogram နဲ့ ချိန်ညှိတာ ဖြစ်တဲ့အတွက် ကြားရပိုအဆင်ပြေစေမှာပါ။ စက်ဆူညံသံ ကလည်း မရှိပါဘူး။ ဒါကြောင့် စိတ်ချ လက်ချ တပ်ဆင် အသုံးပြု နားထောင်လို့ ရပါတယ်။ ဒါကြောင့်ပဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်တွေက နားကြားကိရိယာ တပ်ဆင်ဖို့ ပဲ ညွှန်းဆိုကြတာ ဖြစ်ပါတယ်။

နားကြားကိရိယာ မှာလည်း မော်ဒယ် နည်းပညာ အနိမ့် အမြင့် အလိုက် ဈေး အစားစား ရှိပါတယ်ပြီး ဒီဇိုင်း ပုံစံ ကလည်း နားနောက်ချိတ် BTE, RIC တို့အပြင် မမြင်ရနိုင်တဲ့ နားထဲထည့် ITE, CIC, IIC တို့လည်း ရှိပါတယ်။

ထုတ်လုပ်ပုံရည်ရွယ်ချက်ခြင်း လုံးဝမသက်ဆိုင်ပေမဲ့ Hearing Amplifiers တွေဟာစျေးနှုန်းအလွန်သက်သာတာနဲ့ Hearing Aids နဲ့ ပုံစံတူတာကြောင့် တချို့အရောင်းဆိုင်တွေမှာ အသံချဲ့နားကြပ် (Hearing Amplifiers) တွေကို နားကြားကိရိယာဆိုပြီး အလွယ်တကူ ရောင်းချနေကြတာပါ။ ဒါကြောင်းဆရာဝန်တွေက နားကြားကိရိယာ (Hearing Aids) ရောင်းတဲ့ဆိုင်တွေမှာသာဝယ်ယူဖို့ ညွှန်ကြားတာဖြစ်ပါတယ်။

AURA Healthcare Center တွေမှာ ရောင်းချတဲ့ အမှတ်တံဆိပ် က AudioService (AS) [https://aura.biocaremm.com/as] ပါ။ နားကြားကိရိယာ ထိပ်တန်း ကုမ္ပဏီ Top 3 ထဲက WS Audiology အောက်က နားကြားကိရိယာ အမှတ်တံဆိပ်တွေ ထဲက တခု ပါ။ ဂျာမနီ အမှတ်တံဆိပ် ဖြစ်ပြီး စင်ကာပူ မှာ ထုတ်လုပ်ပါတယ်။ 1 Year Warranty အာမခံချက် ပေးပါတယ်။ ဒါကြောင့် ကွာလတီကောင်း၊ အာမခံချက် ရှိတဲ့ အမှတ်တံဆိပ် ကို ရွေးချယ်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးလို့ ရတဲ့ AURA Healthcare Center ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေ။

အသံချဲ့နားကြပ်များ၏အန္တရာယ်
ပုံမှန်အားဖြင့် အသံချဲ့နားကြပ်တွေကအန္တရာယ်မရှိပေမဲ့ အလွဲသုံးစားပြုပြီး ရောင်းသူတွေကြောင့် လူနာတွေမှမဖြစ်သင့်ဘဲ အကြားအာရုံဆုံးရုံးမှုတွေအလွန်များပြားလာတာပါ။ အသံချဲ့နားကြပ် (Hearing Amplifiers) နဲ့ နားကြားကိရိယာ (Hearing Aids) တွေက ပုံစံတူသော်ငြားလဲ အသုံးပြုပုံရည်ရွယ်ချက်ဟာ လုံးဝကွဲပြားတဲ့ ပစ္စည်းနှစ်ခုဖြစ်တယ်ဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်။