အသံချဲ့ကိရိယာ

အသံချဲ့ကိရိယာ

Hearing Amplifier လို့ပဲ ခေါ်ခေါ်၊ Personal Sound Amplification Product (PSAP) လို့ပဲ ခေါ်ခေါ်၊ Analog လို့ပဲ ခေါ်ခေါ်၊ နိုင်ငံတကာမှာ အမျိုးမျိုး ခေါ်နေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း နားကြားကိရိယာ ဆိုပြီးလို့လည်း ခေါ်ရောင်းနေတာမျိုးလည်း ရှိပါတယ်။ ကျနော်ကတော့ Hearing Aid နားကြားကိရိယာ နဲ့ မတူလို့ အသံချဲ့ကိရိယာ သို့ အသံချဲ့ နားကြားကိရိယာ လို့ ပြောင်းခေါ်ပါရစေ။

အားသာချက်၊ အားနည်းချက်

အားသာချက်

ဈေးသက်သာခြင်း၊ ချိန်စရာမလိုဘဲ အလွယ်တကူ တပ်ဆင်ရောင်းချလို့ ရခြင်း ကြောင့် မြန်မာနိုင်ငံအနှံ့ တွေ့နိုင်ပါတယ်။

အားနည်းချက်

ဆူညံသံများခြင်း၊ ကြိမ်နှုန်း အလိုက် ချိန်ထားခြင်း မဟုတ်ခြင်းကြောင့် ကြားရ အဆင်မပြေဖြစ်ခြင်း၊ အသွင်အပြင်ပုံစံ ဒီဇိုင်းတွေက မကောင်းတဲ့အချက်တွေပါ။ ဒါတွေကလည်း နားကြားကိရိယာ Hearing Aid တွေကို ဘာကြောင့် ဈေးကြီး ပေးဝယ်ရလဲ ဆိုတဲ့ အဖြေပါ။

ဈေးနှုန်း

၃-၄ သောင်းတန် ကနေ ဒီဇိုင်း၊ ဆူညံသံလျော့ပေးခြင်း Feature ပါဝင်ခြင်း တွေကြောင့် ၁သိန်း ကျော်တန်အထိ ရှိတတ်ပါသည်။

ဘယ်လို ရွေးချယ် ဝယ်ယူရမလဲ?

အသံချဲ့ကိရိယာ အများစု က တရုတ်ထုတ် Made in China ပါ။ အာမခံ Warranty လည်း မပေးကြပါဘူး။ ဂျာမနီ အမှတ်တံဆိပ် ဆိုလည်း အသံချဲ့ ကိရိယာ ဆိုပါက တရုတ်ထုတ် ပါပဲ။ ဂျာမနီ မှာထုတ်တဲ့ နားကြားကိရိယာ Hearing Aid ပဲ ရှိပါတယ်။ အသံချဲ့ ကိရိယာ မရှိပါဘူး။ ဒါကြောင့် အသံချဲ့ ကိရိယာ ဝယ်မယ် ဆို အမှတ်တံဆိပ် ကြည့်မဝယ်ပါနဲ့။

အာမခံ မရှိတဲ့အတွက် စမ်းသပ် တပ်ဆင်ပြီး အဆင်ပြေ လက်ခံမှ ဝယ်ပါ။