နား အကြားအာရုံ ကုသခြင်း

ဖြစ်စေသော အကြောင်းရင်း ကို ရှာပြီး ကုသခြင်း အမျိုးမျိုး ရှိသည်။

  • နားဖားချေး ပိတ်ပါက နားဖားချေး ထုတ်ခြင်း
  • နားစည် ပေါက်ပါက နားစည် ဖာခြင်း
  • အလယ်နားပြွန် ပိတ်ပါက ပြွန်ပြန်ပွင့်လာအောင် ပြုလုပ်ခြင်း
  • အလယ်နား အရိုး ခိုင်ပါက အလယ်နား အရိုး အစားထိုး ခွဲစိတ်ကုသခြင်း
  • ရုတ်တရက် နားလေးခြင်း မျိုး အတွက် စတီးရွိုက်ဆေး ပေးကုသခြင်း

ပြန်မပျောက်နိုင်တော့တဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ နားလေးခြင်း များအတွက်ကတော့

  • နားကြားကိရိယာ Hearing Aid တပ်ဆင်ခြင်း
  • အသံချဲ့ကိရိယာ Hearing Amplifier တပ်ဆင်ခြင်း
  • ကိုယ်ပေါ်တပ် အသံချဲ့ ကိရိယာ Body Worn တပ်ဆင်ခြင်း
  • ခွဲစိတ်နားကြားစက် Cochlear Implant (CI) ခွဲစိတ် တပ်ဆင်ခြင်း