သင့်ကလေး ရဲ့ အသံပိုင်းဆိုင်ရာ စွမ်းရည် တိုးတက်အောင် တည်ဆောက်ရာတွင် ရှိသည့် အဆင့် (၄) ဆင့်

သင့်ကလေး ရဲ့ အတွင်းနားအတုစက် (Cochlear Implant) စဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ကလေး က အသံတွေ စကြားနိုင်ပါပြီ။ စက်စတပ်သည့် ပထမဆုံးနေ့ရက်မှသည် သင့်ကလေး ကို အဓိပ္ပာယ်ရှိတဲ့ အသံများ (စကားသံများ) ပြောပေးခြင်း မှသည် အသံ နှင့် ၎င်း၏ အဓိပ္ပာယ် ကို သင့်ကလေး တွဲမိ သိရှိသွားအောင် ကူညီသင်ကြားပေးနိုင်ပါသည်။

အသံပိုင်းဆိုင်ရာ စွမ်းရည် (Auditory Skill) တိုးတက်အောင် ပြုလုပ်ခြင်း သည် သင့်ကလေး ၏ နားထောင်နိုင်စွမ်း (Listening Skill) နှင့် ပြောဆိုဆက်ဆံရေး စွမ်းရည်များ (Communication Skills) တည်ဆောက်ရန် အတွက် အခရာကျသည့် အခြေခံ ဖြစ်ပါသည်။ ကလေးတိုင်း သည် တစ်ယောက် နှင့် တစ်ယောက် တိုးတက်နှုန်း မတူညီကျသော်လည်း တိုးတက်ပုံ သည် အောက်ပါ အဆင့် (၄) ဆင့် အတိုင်း ယေဘုယျအားဖြင့် အစဉ်လိုက် ဖြစ်ပေါ်လေ့ရှိသည်။

  1. သတိထားမိခြင်း/သိရှိခံစားနိုင်ခြင်း (Awareness)
  2. အာရုံစိုက်လာနိုင်ခြင်း (Paying attention)
  3. ပြန်လည်တုံ့ ပြန်ခြင်း (Responding)
  4. အဓိပ္ပာယ် နားလည်ခြင်း (Understanding meaning)

အောက်တွင် အဆင့် တစ်ဆင့်ချင်းစီ အတွက် သတင်းအချက်အလက်များ နှင့်အတူ သင့်ကလေး ၏ အသံနှင့်ဆိုင်သော စွမ်းရည် တိုးတက်အောင် ကူညီနိုင်မယ့် နည်းလမ်းတွေ ဖော်ပြထားပါတယ်။

အဆင့် (၁) အသံများ ကို သတိထားမိခြင်း (သို့) သိရှိခံစားနိုင်ခြင်း။
Step 1: Awareness of sounds

ကလေးတွေရဲ့ အသံစက် ဖွင့်လိုက်တာနဲ့ သူတို့တွေ စကားသံတွေကို နားမလည်နိုင်သေးပါဘူး။ ဒါက ကိစ္စ မရှိပါဘူး။ နောက်ပိုင်းကျရင် တဖြည်းဖြည်း အသံတွေ နဲ့ အဓိပ္ပာယ် တွဲမိ နားလည်သွားပါလိမ့်မည်။ အခုအဆင့်မှာ အဓိက အာရုံစိုက်ရမှာက သင့်ကလေး အသံတွေကို သတိထားမိနိုင်တာ သေချာစေဖို့ ဖြစ်ပါသည်။

ကလေးအရွယ်ငယ်တဲ့ အနေနဲ့ အသံ ကို ကြားတာနဲ့ တစ်ပြိုင်နက် သူတို့ မျက်လုံး ကျယ်လာတာတို့ ၊ မျက်ခုံးပင့်တာတို့ ၊ ဒါမှမဟုတ် ပြုံးလာတာတို့ ဖြင့် တုန့် ပြန်နိုင် (Reflex) ပါတယ်။ နည်းနည်းအရွယ်ကြီးတဲ့ကလေးကျတော့ လက်ဟန်ခြေဟန်ပြတာတို့ ၊ အသံတစ်ခု ပြန်ထွက်တာတို့ ၊ ဒါမှမဟုတ် အသံလာရာကို လှမ်းရှာကြည့်တာတို့ လုပ်တတ်ကြပါတယ်။

သင့်ကလေး ရဲ့ အသံ သတိထားမိစေဖို့ / ခံစားသိရှိနိုင်စေဖို့ ကူညီပေးနိုင်တဲ့ ကစားနည်း (Game) တစ်ခု ဖြစ်တဲ့ သော့တွဲ “Keys” ကစားနည်း ကို ကြည့်ကြရအောင်။

ကစားဖို့ အတွက် သော့အချို့ နှင့် အထဲကိုအပြင်က ဘာရှိလဲ ထိုးထွင်းမမြင်နိုင်တဲ့ ဆင်တူ ဘူး ၂ ခု ရှာပါ။

သင့် ကလေး ကို ဘူး ၂ ခုလုံးထဲတွင် ဘာမှမရှိတာကို မြင်အောင် ပြပါ။

ထို့နောက် သင့်ကလေး မမြင်အောင် နောက်လှည့်ပြီး ၊ သော့တွဲ ကို ဘူး ၁ ခုထဲသို့ ထည့်ပါ။

ကလေးဘက် ပြန်လှည့်ပြီး ဘူး ၁ ခု ကို လှုပ်ပါ။

အကယ်၍ ဘူး ထဲတွင် သော့တွဲ ရှိနေရင် သင့်ကလေး ဘူးထဲမှ သော့တွဲသံ ကို ကြားနိုင်လိမ့်မည်။

“ဟုတ်တယ်။ သော့တွဲသံ ကြားတယ်။” ခေါင်းညိတ် ပြုံးပြရင်း ပြောပေးပါ။

ထို့နောက် ဘူး ကို ဖွင့်ပြီး သော့တွဲ ကို ကလေး မြင်အောင် ပြပေးပါ။

ထပ်မံပြီး “ဒီမှာ သော့တွဲတွေ။ ဘူးထဲကနေ ချွင်ချွင်မြည်သံ ကြားတယ်။ အသံမြည်တာက သော့တွဲကြောင့်။ သော့တွဲ ဆီက မြည်တာ။” စသဖြင့် ပြောပေးပါ။

ထို့နောက် အခြား ဘူး ကို လှုပ်ပါ။

ဘာအသံမှ မကြားရဘူး။ ဒါပေမယ့် သင် လက်ဟန်ခြေဟန် နဲ့ မပြပါနှင့်။

ဘူး ထဲတွင် ဘာမှမရှိကြောင်း ဖွင့်ပြပါ။

“ဘာမှ မကြားရဘူး။ အသံထွက်တဲ့ ပစ္စည်း ဘူးထဲမှာ ဘာမှ မရှိဘူး။ အဲ့တော့ ဘာ အသံ မှ မကြားရဘူး။” စသဖြင့် သင့်ကလေး ကို ပြောပေးပါ။
ဆော့တာ အချိန် တစ်ခု ရှိလာတာနဲ့ သင် သော့တွဲ ရှိတဲ့ဘူး လှုပ်လိုက်တာနဲ့ အသံကြားရကြောင်း သင့်ကလေး အချက်ပေးပါလိမ့်မည်။ ခေါင်းညိမ့်တာတို့ ၊ လက်ညှိုးထိုးတာတို့ ၊ တီတီတာတာ အော်တာတို့ ပုံစံမျိုးဖြင့် ပြပါလိမ့်မည်။ ဒါဆိုရင်တော့ သင့်ကလေး အသံ ရှိတယ် ၊ မရှိဘူး (သို့မဟုတ်) ကြားတယ် ၊ မကြားဘူး ဆိုတာ ပြောနိုင်ပြီ ဖြစ်ပါသည်။

အဆင့် (၂) အသံ အာရုံစိုက် လာနိုင်ခြင်း။
Step 2: Paying Attention to a Sound

လေ့ကျင့်သင်ကြားပေးသူ (Therapists) က အသံ အာရုံစိုက် နားထောင်အောင် လုပ်တာကို အသံနှင့် အတူတူ ရှိနေခြင်း Attending to sound လို့ ခေါ်ဆိုကြတယ်။ သူတို့ ကလေးတွေ ကြားနေရတဲ့ အသံတွေ အပေါ် အာရုံစိုက် နားထောင်နေနိုင်ခြင်း ကို ဆိုလိုပါသည်။ ဒီအဆင့် ကို ရောက်လာတာ သင် ဘယ်လို သိရှိနိုင်မလဲ ဆိုတော့ သင့်ကလေး အသံ တစ်ခု ကြားလိုက်တာနဲ့ သူ ပြောနေတာတွေ ဝူးဝူးဝါးဝါး လုပ်နေတာတွေ ရပ်လိုက်တာမျိုးပါ။ ပြောင်းပြန်အနေနဲ့တော့ တောက်လှေ ျာက်ကြားနေရတဲ့ အသံ (ဥပမာ – သီချင်း) ပြီးဆုံးပြီး အသံမထွက်တော့တဲ့အခါမှာ စကားပြောခြင်း ၊ မျက်တောင်ခတ်ခြင်း ၊ ဒါမှမဟုတ် လျောက်ပတ်ရှာဖွေနေခြင်း တို့ လုပ်နေတတ်ပါသည်။

ဒါက ဘာပြောနိုင်သလဲ ဆိုတော့ သူတို့ တွေဟာ အသံ ရှိ/မရှိ သိရှိခံစားနိုင်ရုံသာမက အချို့အသံများသည် နားထောင်ဖို့ / အာရုံစိုက်ဖို့ ကောင်းတယ် ဆိုတာ စတင်သိရှိနားလည်နေပြီ ဟု ပြောနိုင်နေပါပြီ။

အဆင့် (၃) အသံ အလိုက်/အရ ပြန်လည်တုံ့ ပြန်နိုင်ခြင်း။
Step 3: Conditioned Responses to Sound

သင့်ကလေး အသံတွေ သိရှိပြီး အာရုံစိုက်တာနဲ့ တစ်ပြိုင်နက် နောက်လှမ်းရမယ့် အဆင့်က အသံတွေကို သတ်သတ်မှတ်မှတ် နည်းလမ်း နဲ့ ပြန်လည်တုံ့ ပြန်နိုင်ဖို့ ဖြစ်တယ်။

ဥပမာ – ဆင့်စီနိုင်တဲ့ ကွင်း (သို့) အတုံး အချို့ နှင့် သီချင်း ဖြင့် ကစားနိုင်ပါတယ်။

သင့်ကလေး ကို ဆင့်စီနိုင်တဲ့ အတုံး အချို့ ပေးထားမယ်။ သူ့ လက်ထဲ အတုံး တစ်ခု ထည့်ပေးပြီး သင်လည်း အလားတူ အတုံး တစ်ခု ကို ကိုင်ထားပါ။

သီချင်း ဖွင့်လိုက်ပြီး သင် နားထောင်နေကြောင်း သင့်နား ကို လက်ညှိုး ထိုးပြပါ။

သီချင်းဆုံးသွားတာနဲ့ သင့်မျက်လုံး ကျယ်သွားတာတို့ ၊ မျက်မှောင် နည်းနည်းကျုံ့ ပြတာတို့ ဖြင့် သီချင်းရပ်သွားကြောင်း သင့်ကလေး ကို ပြသပါ။

ထို့ နောက် သင့် လက်ထဲမှာ ကိုင်ထားတဲ့ အတုံး (သို့) ကွင်း ကို အောက်ချပြီး ဘူး/ခွက် ထဲ ထည့်လိုက်ပါ။
ဒီလို အကြိမ်ကြိမ် အခါခါ ပြုလုပ်ခြင်း ဖြင့် သင့်ကလေး ကို သီချင်းရပ်သွားတာနဲ့ အတုံးအောက်ချတာ ဆက်စပ်မှု ရှိတာကို သင်ကြားပေးနိုင်ပါတယ်။

အသံ အလိုက်/အရ ပြန်လည်တုံ့ ပြန်နိုင်ဖို့ ကူညီသင်ကြားပေးနိုင်တဲ့ အခြား ကလေး ကစားနည်းများစွာ ရှိပါတယ်။ Ring around the Rosie သီချင်းလေး ဆိုနေရင်း ” … and we all fall down!” ဆိုတဲ့ စာသားရောက်ရင် လဲပြ (fall down) တာမျိုး ဖြင့် ဆက်စပ်ပြခြင်းမျိုးပါ။

အဆင့် (၄) အသံ နှင့် အဓိပ္ပာယ် ဆက်နွယ်ခြင်း။
Step 4: Associating Sounds with Meaning

သင့်ကလေး က ပထမ ၃ ဆင့် ကို ကျွမ်းကျင်လာတဲ့အခါမှာ အချို့သော အသံတွေ မှာ တိတိကျကျ အဓိပ္ပာယ် ရှိနေကြောင်း စတင် နားလည်လာနိုင်နေပြီ။ ပြီးတော့ ကလေးတွေဟာ မတူညီတဲ့အသံတွေ (အသံမြင့်၊ အသံနိမ့်။ အသံရှည်၊ အသံတို။ အသံကျယ်၊ အသံတိုး။) ကို ခွဲခြားသိရှိနိုင်လာတယ်။

ဥပမာ – ၁ နာရီပြည့်တိုင်း ဒင် ဒေါင် မြည်လိုက်တိုင်း သူတို့ ကလေးတွေ တိုင်ကပ်နာရီ ကို လှမ်းကြည့်နေလိမ့်မယ်။ သူတို့တွေသည် ဒင် ဒေါင် အသံ သည် တိုင်ကပ်နာရီ က လာမှန်း ဆက်စပ်နေမှန်း သိရှိနေပြီး ဖြစ်သဖြင့် အရင်လို လျောက်ရှာဖွေ မနေတော့ပေ။

ထိုနောက် သင့်ကလေး နားထောင်စွမ်းရည် နှင့် ဘာသာစကားစွမ်းရည် ဆက်တိုက်တိုးတက်လာတာနဲ့ အမျှ သင့်ကလေး သည် ရိုးရှင်းတဲ့ လမ်းညွှန်စကားသံ (ထိုင်၊ ထ၊ လာ) အတိုင်း စတင်လိုက်လုပ်နိုင်လာပါလိမ့်မည်။

သူတို့ ကလေးတွေ ဒီအဆင့် ၄ ခုလုံး ကို ကျွမ်းကျင်သွားတာနဲ့ နားထောင်စွမ်းရည် နှင့် ဘာသာစကားစွမ်းရည် ဖွံ့ ဖြိုးဖို့ လမ်းကြောင်းပေါ် ကောင်းကောင်းမွန်မွန် ရောက်ရှိသွားပြီ ဖြစ်ပါသည်။

သင့်ကလေး ရဲ့ အသံပိုင်းဆိုင်ရာ စွမ်းရည် ဘယ်အဆင့် ရောက်နေပြီလဲ ဆိုတာ သတိပြုမိပြီး လေ့ကျင့်ပေးကာ နောက်အဆင့်တွေကို အချိန်တိုတို အတွင်း လျင်မြန်စွာ ရောက်ရှိ ကျော်လွှားနိုင်ကြပါစေ။

Source: MED-EL | The Four Stages of Building Your Child’s Auditory Skills by Donna Sperandio (Listening and Spoken Language Specialist)

One Reply to “သင့်ကလေး ရဲ့ အသံပိုင်းဆိုင်ရာ စွမ်းရည် တိုးတက်အောင် တည်ဆောက်ရာတွင် ရှိသည့် အဆင့် (၄) ဆင့်”

Comments are closed.