အိပ်စက်ခြင်း အဆင့်များ

Stages of Sleep အိပ်စက်ခြင်းအဆင့်များ ??

အိပ်စက်ရာတွင် ဖြစ်ပေါ်လာတဲ့ ဦးနှောက်လှိုင်းများပေါ်မူတည်၍ Non-Rapid Eye Movement (NREM) sleep အဆင့် ၃ ဆင့်နှင့် Rapid Eye Movement (REM) sleep အဆင့်( ၁ )ဆင့် ဆိုပြီး အိပ်စက်ခြင်းအဆင့်( ၄ )ဆင့် ခွဲခြားထားပါတယ်။ အိပ်စက်ခြင်းအဆင့် ၄ ဆင့်ကို Sleep Cycle တစ်ခုလို့ သတ်မှတ်ပြီး ပုံမှန်ညတစ်ညမှာ Sleep Cycle လေးခုမှ ခြောက်ခုအထိ ရှိနိုင်ပါတယ်။

Stage 1 NREM/ N1

Stage 1 ကိုတော့ Dozing off stage မှိန်းတဲ့အဆင့်လို့ ခေါ်ပါတယ်။ ဒီအဆင့်ကတော့ တစ်မိနစ်မှ ငါးမိနစ်အထိ ကြာမြင့်တတ်ပါတယ်။ လူတစ်ယောက်ဟာ N1 stage မှာဆိုရင် နိုးလွယ်တတ်ပြီးတော့ အနှောင့်အယှက် မရှိဘူးဆိုရင်တော့ Stage 2 ကို မြန်မြန်ရောက်တတ်ပါတယ်။

Stage 2 NREM/ N2

Stage 2 မှာ ဆိုရင်တော့ ခန္ဓာကိုယ်အပူချိန် ကျခြင်း၊ ကြွက်သားများ ပြေလျော့ခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းများ နှေးခြင်းတို့ ဖြစ်ပေါ်ပါတယ်။ ဒီအဆင့်မှာဆိုရင် မျက်လုံးလှုပ်ရှားမှုလည်း ရပ်တန့်နေတတ်ပြီး brain waves ဦးနှောက်လှိုင်းများကလည်း နှေးကွေးလာပါတယ်။ ထို့အပြင် N2 stage မှာဆိုရင် အလွယ်တကူ မနိုးကြားစေရန် လုပ်ဆောင်ပေးတဲ့ ဦးနှောက်လှိုင်းလှုပ်ရှားမှုကိုလည်း တွေ့ရှိရပါတယ်။Stage 2 sleep ဟာ ပထမဆုံး sleep cycle မှာ ၁၀ မိနစ်မှ ၂၅ မိနစ်အထိ ကြာမြင့်တတ်ပြီး တစ်ညတာအတွင်းမှာ ပို, ပိုပြီး ရှည်ကြာလာလေ့ရှိပါတယ်။ ယေဘုယျအားဖြင့် လူတစ်ယောက်ရဲ့ စုစုပေါင်းအိပ်ချိန်တစ်ဝက်လောက်ဟာ Stage 2 sleep မှာ ကုန်ဆုံးလေ့ရှိပါတယ်။

Stage 3 NREM/ N3

Stage 3 ကိုတော့ Deep Sleep အိပ်မောကျခြင်းလို့ ခေါ်ကြပါတယ်။ ဒီအဆင့်မှာဆိုရင် ကြွက်သားများ ပိုမို ပြေလျော့လာပြီး သွေးခုန်နှုန်းနှင့် အသက်ရှူနှုန်းတို့လည်း ပိုမို နှေးကွေးလာပါတယ်။ ဦးနှောက်လှိုင်းများတွင်လည်း Delta waves လို့ ခေါ်တဲ့ လှုပ်ရှားမှုများ ရှိလာပါတယ်။ အိပ်မောကျခြင်းက တွေးခေါ်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် မှတ်ဉာဏ်တို့ကို အထောက်အကူပြုပါတယ်။ ထို့အပြင် Deep Sleep Stage မှာဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီးတော့ ကိုယ်ခန္ဓာ ကျန်းမာစေရန် အရေးပါတယ်လို့ ကျွမ်းကျင်သူများက ပြောထားကြပါတယ်။အစောပိုင်း Sleep Cycle တွေမှာ N3 Stage ဟာ မိနစ် ၂၀မှ မိနစ် ၄၀ အထိ ကြာမြင့်တတ်ပါတယ်။ ပုံမှန်အားဖြင့် အိပ်ချိန်ကြာလာလေလေ N3 Stage တိုလာလေလေ ဖြစ်ပြီး REM Sleep ကြာလာလေလေ ဖြစ်တတ်ပါတယ်။

Stage 4 REM

မျက်လုံးများ မှိတ်ထားသော်လည်း လျင်မြန်စွာ ရွေ့လျားနေသည်ကို တွေ့ရသည့်အတွက် Rapid Eye Movement (REM) stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အသက်ရှူနှုန်း၊ သွေးခုန်နှုန်းတွေ မြန်နေတတ်ပြီး မျက်လုံးနှင့် အသက်ရှူရာတွင် အရေးပါသည့် ကြွက်သားများမှလွဲ၍ အခြားကြွက်သားများအားလုံးသည် Atonia ဟု ခေါ်သော Temporary Paralysis ခဏတာ မလှုပ်မရှားနိုင်သော အခြေအနေကို ခံစားရတတ်ပါတယ်။ REM Sleep ဟာ လေ့လာနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ မှတ်ဉာဏ်စွမ်းအား အစရှိတဲ့ Cognitive Function များ အတွက် အရေးပါတယ်လို့ သတ်မှတ်ထားကြပါတယ်။ ထို့အပြင် REM Sleep မှာ အိပ်မက်တွေက ပိုမိုပြီး သိသာထင်ရှားလာလေ့ ရှိပါတယ်။

Ref: https://www.sleepfoundation.org/stages-of-sleep

Sleep Stage များသည် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ် အားအင်ပြန်လည်ဖြည့်တင်းရေးအတွက် အရေးပါပါတယ်။ Deep Sleep နှင့် REM Sleep လုံလုံလောက်လောက် မရရှိပါက ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် အတွေးအခေါ်နှင့် စိတ်ခံစားမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

We wish a good night’s sleep