သွားကြိတ်ခြင်း

သွားကြိတ်ခြင်း Bruxism / Teeth Grinding

ဒီနေ့မှာတော့ သွားကြိတ်ခြင်း (Bruxism or Teeth Grinding) အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

သွားကြိတ်တယ် ဆိုတာ မိမိရဲ့ ပါးစပ်ထဲမှာ စားစရာသို့မဟုတ် ကြိတ်ဝါးစရာ တစ်ခုခု ရှိမနေဘဲ ကြိမ်ဖန်များစွာ သွားအချင်းချင်း ပွတ်တိုက် ကိုက်ဖြတ်နေတာပဲ ဖြစ်ပါတယ်။ သွားကြိတ်ခြင်းကို ပုံမှန်အားဖြင့် နှစ်မျိုးခွဲထားပါတယ်။

သွားကြိတ်ခြင်း အမျိုးအစား

1️⃣Awake Bruxism – နိုးနေချိန် သွားကြိတ်ခြင်း နှင့်

2️⃣ Sleep Bruxism – အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း တို့ပဲဖြစ်ပါတယ်။

Awake Bruxism – နိုးနေချိန် သွားကြိတ်ခြင်း

နိုးနေစဉ် သွားကြိတ်ခြင်း ဟာဆိုရင် စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆိုးကျိုးတော့ အများကြီး မရှိပါဘူးဗျ။ တချို့သော လက်သည်းကိုက်တတ်တဲ့သူတွေ၊ ဘောပင်တို့ ခဲတံတို့ ကိုက်တတ်တဲ့သူတွေ ဟာဆိုရင် သွားကြိတ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။

Sleep Bruxism – အိပ်ပျော်နေစဉ် သွားကြိတ်ခြင်

အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းသည် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေကြောင့် ဖြစ်နိုင်သလို တစ်ခြားသော အိပ်စက်မှု ပုံမှန် မဟုတ်တဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွားကြိတ်ခြင်း ဟာဆိုရင် ကလေးတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ငယ်သွားတွေ ကုန်စင်သွားတဲ့အခါမျိုးမှာ သွားကြိတ်တာ ရပ်သွားတတ်ပါတယ်။

ဆိုးဆိုးရွားရွား သွားကြိတ်တဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ? ?

ဆိုးဆိုးရွားရွား သွားကြိတ်တဲ့ အခါမျိုးမှာ ဆိုရင် မိမိရဲ့ မျက်နှာ၊ မေးရိုး၊ လည်ပင်းတွေ မှာ နာကျင်နေမယ်။ မိမိရဲ့ သွားတွေ ကြွေခြင်း၊ ကျိုးခြင်းတွေ ဖြစ်မယ်။ ခေါင်းကိုက်ခြင်း၊ မေးရိုးလွဲခြင်း၊ နားကိုက်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ မိမိရဲ့ အတူတူ အိပ်စက်ဖော်ကို လည်း များစွာ အနှောက်အယှက် ဖြစ်စေပါတယ်။

သွားကြိတ်ခြင်းကို ဘယ်လို ကာကွယ်မလဲ???

ရံဖန်ရံခါ သွားကြိတ်ခြင်းက ကုသမှု ခံယူရန် မလိုအပ်ပေမယ့် ပြင်းထန်တဲ့အခါမျိုးမှာတော့ သွားဆရာဝန်နဲ့ တိုင်ပင်ပြီး Mouth Guard or Mouth Splint လို့ ခေါ်တဲ့ သွားအကာကွယ် တပ်အိပ်ခြင်း ဖြင့် သွားထိခိုက်မှုကို သက်သာစေပါသည်။

အခြားသော ကာကွယ်မှုတွေနေနဲ့ကတော့-

✅ Caffeine ဓာတ်ပါတဲ့ အစားအသောက်တွေ ကို ရှောင်ခြင်း

✅ အရက်သောက်ခြင်း ကို ရှောင်ခြင်း

✅ အစားအစာမဟုတ်သော ဘောပင်၊ ခဲတံများ ကို မကိုက်ခြင်း

✅ ပီကေ ဝါးခြင်း ကို ရှောင်ခြင်း

✅ သွားဖုံး နှင့် မေးရိုးကြွက်သားများ ကို ဖြေလျော့အောင် ရေနွေးအိတ် ကပ်ပေးခြင်း စတဲ့ နည်းလမ်းတွေကို ပြုလုပ်ပြီးတော့လည်း သွားကြိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဒီ သွားကြိတ်ခြင်း ဆောင်းပါးကို အောက်ပါ Website မှဘာသာပြန် ဖော်ပြခြင်းဖြစ်ပါတယ်။

WebMD – Better information. Better health.

One Reply to “သွားကြိတ်ခြင်း”

Comments are closed.