Sleep Test Level 1,2,3 ကဘာတွေကွာခြားတာလဲ?

သင့်မှာ အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ရောဂါတစ်ခုခု (ဥပမာ – အိပ်ဟောက်ရှူပိတ်ရောဂါ) ရှိနေတယ်လို့သံသယရှိတဲ့အခါသင့်ဆရာဝန်က Sleep Study/ Sleep Test လုပ်ဖို့ညွှန်ကြားပါလိမ့်မယ်။

Sleep Test လို့ဆိုလိုက်တဲ့အခါ Level 1, Level 2, Level 3 ဆိုပြီးသုံးမျိုးရှိတာကိုတွေရပါလိမ့်မယ်။ဒီနေရာမှာ Level မြင့်တိုင်းပိုကောင်းတာမျိုးမဟုတ်ဘဲနဲ့ မိမိအတွက်လိုအပ်တဲ့ Level ကိုသာစစ်ဆေးဖို့လိုတာကိုသတိပြုရမှာပါ။ ဒါဆိုဒီLevel တွေကဘယ်နေရာတွေမှာကွာတာလဲ? Level တစ်ခုခြင်းစီကဘယ်လိုလူမျိုးတွေအတွက်သင့်တော်လဲဆိုတာအောက်မှာအသေးစိတ်ဖတ်ပေးပါနော်။

Level 3 ကစလို့ စစ်ဆေးလို့ရနိုင်တဲ့ အချက်အလက်များက Level မြင့်လေ များသွားလေပါ။ စစ်ဆေးမဲ့ လူနာပေါ်မူတည်ပြီး ကြည့်ရှုရမဲ့ အချက်ပေါ်မူတည်ကာ ဘယ်Level ကိုစစ်ရမလဲဆိုတာ ဆရာဝန်က ညွှန်ကြားပေးတာပါ။ ဥပမာ အိပ်ဟောက်ရှူပိတ်ရောဂါရှိမရှိ သိချင်ရုံလူနာ ဆိုလျှင် Laboratory ထဲမှာ Technician တစ်ယောက်က စောင့်ကြည့်ရတဲ့ Level 1 Sleep Test လောက်မလိုအပ်ပါဘူး။ ဒီလို လူနာမှာတော့ဆရာဝန်က Level 3 Sleep Test ကိုသာ စစ်ကြည့်ဖို့ညွှန်ကြားမှာပါ။

Level 3 Sleep Study

Level 3 Sleep Study မှာတော့ အများမျက်လုံးထဲမြင်သလို Laboratory မှာ ကြိုးပေါင်းများစွာ တပ်ဆင်ပြီး ကျွမ်းကျင်သူက စောင့်ကြည့်နေတာမျိုး ပါဝင်မှာ မဟုတ်ပါဘူး။

Level 3 Sleep Study ကို Home Sleep Apnoea Test (HSAT) လို့လည်းခေါ်ပါတယ်။ နာမည်အတိုင်းပဲ ကိုယ့်အိမ်မှာကိုယ် သက်တောင့်သက်သာအိပ်စက်ရင်းနဲ့ Sleep Study Kit ကို တပ်ဆင်ပြီး စစ်ဆေးရတာပါ။

(BMC Polywatch ကစစ်ဆေးနိုင်တဲ့ အချက်အလက်များက Level 3 Sleep Study နဲ့တူတူပဲဖြစ်ပါတယ်။)

▪️သိနိုင်တဲ့အချက်အလက်များ – အသက်ရှူနှုန်းနှင့် အသက်ရှူသည့်ပုံစံ၊ Oxygen Level၊နှလုံးခုန်နှုန်း။

▪️ဘယ်သူတွေစစ်ရမလဲ? – OSA risk ရှိသူ။

Level 2 Sleep Study

Level 2 Sleep Study ကို Polysomnography လို့လည်းခေါ်ပါတယ်။

အိမ် သို့မဟုတ် ဆေးရုံမှာ စစ်ဆေးလို့ရပါတယ်။

Level 3 ထက်စစ်ဆေးလို့ရတဲ့အချက်တွေပိုသွားတဲ့အတွက်  ပိုမို Sensitive ဖြစ်တဲ့ Test ဖြစ်ပြီး Leg and Body Movement တွေပါစစ်ဆေးလို့ရသွားတဲ့အတွက် ရောဂါတစ်မျိုးဖြစ်တဲ့ Periodic Limb Movement Disorder (PLMD) ရှိမရှိသိလာနိုင်ပြီး ကောင်းမွန်သော အိပ်စက်ခြင်းရှိမရှိ ပိုမို Analysis လုပ်နိုင်မှာပါ။

▪️သိနိုင်တဲ့အချက်များ – Level 3 (အသက်ရှူနှုန်းနှင့် အသက်ရှူသည့်ပုံစံ၊ Oxygen Level၊ Heart Rate) + Brain Activity or EEG၊EOG၊ Muscle Activity or EMG၊ Respiratory Efforts၊Oxygen Saturation။

▪️ဘယ်သူတွေစစ်ရမလဲ? – Poor Sleep but no sleep apnoea risk၊ Unknown cause of poor sleep and want to cover the root cause

Level 1 Sleep Study

Level 1 Sleep Study က အားလုံးမျက်လုံးထဲမှာ မြင်ကြသလိုပဲ Laboratory ထဲမှာ လိုအပ်တဲ့ပိုက်နဲ့စက်တွေတပ်ပြီး ကျွမ်းကျင်သူက စောင့်ကြည့်ပေးမှာပါ။ သိရှိနိုင်တဲ့ အချက်တွေကLevel 2 နဲ့တူတူပဲဖြစ်ပြီး ကွာခြားသွားတာက စစ်ဆေးမည့်သူက Laboratory ထဲမှာ အိပ်စက်ရမှာ ဖြစ်ပြီး Registered Polysomnographic Technologist (RPSGT) က အချိန်နဲ့ အမျှ စောင့်ကြည့်နေမှာပါ။ ဒါကြောင့်  REM Sleep Behaviour Disorder ကိုသိစေနိုင်တာကလွဲပြီးLevel 2 နဲ့ကွာခြားမှုသိပ်မရှိပါဘူး။ အခြား Cardiac၊ Respiratory နဲ့ Neuromascular ရောဂါတွေရှိတဲ့ လူနာများကတော့ Level 1 Sleep Study ကိုသာ စစ်ဆေးသင့်ပါတယ်။

▪️သိနိုင်တဲ့အချက်အလက်များ – Same as Level 2

▪️ဘယ်သူတွေစစ်ရမလဲ? – Same as Level 2 but Doctor suspect more serious sleep-related conditions။

Note – Level 1 Sleep Study လုပ်မဲ့သူတွေကတော့ မိမိကို စောင့်ကြည့်နေတဲ့သူတစ်ယောက်ရှေ့မှာ အိပ်စက်ဖို့ သက်တောင့်သက်သာ ဖြစ်ရပါမယ်။