Snoring ( ဟောက်ခြင်း )

ဟောက်ခြင်းဆိုသည်မှာ အသက်ရှူနေစဉ် လေက သင့်လည်ချောင်းအတွင်းရှိ တစ်ရှူးများကို ဖြတ်သွားသောအခါတွင် ဖြစ်ပေါ်တဲ့ အသံပြာ သိုမဟုတ် ကြမ်းတမ်းသောအသံမျိုး ဖြစ်ပါတယ်။ လူတိုင်းနီးပါး ဟောက်တတ်ပေမယ့် တချိုလူတွေအတွက်တော့ နာတာရှည် ပြဿနာဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံတွင် ၎င်းက ပြင်းထန်သော ကျန်းမာရေး အခြေအနေကိုလည်း ညွှန်ပြနိုင်ပါတယ်။ ဒါ့အပြင် ဟောက်ခြင်းက သင့်လက်တွဲဖော်အတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချခြင်း၊ အိပ်ရာဝင်ခါနီးတွင် အရက်ရှောင်ခြင်း သိုမဟုတ် ဘေးစောင်းအိပ်ခြင်းကဲ့သိုသော လူနေမှုပုံစံပြောင်းလဲခြင်းက ဟောက်ခြင်းကို ရပ်တန့်စေနိုင်ပါတယ်။

ဒါ့အပြင် အနှောင့်အယှက်ဖြစ်စေတဲ့ ဟောက်ခြင်းကို လျှော့ချပေးမဲ့ ဆေးဘက်ဆိုင်ရာကိရိယာများနှင့် ခွဲစိတ်မှုတိုကိုလဲ လိုအပ်လျှင် ကုသမှုခံယူရမည်ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

ဟောက်ခြင်းသည် မကြာခဏ အိပ်မပျော်ခြင်း (obstructive sleep apnea) (OSA) ဟုခေါ်သော အိပ်စက်ခြင်းရောဂါနှင့် ဆက်နွယ်နေပါတယ်။ ဟောက်သူတိုင်းတွင် OSA ရောဂါမဖြစ်နိုင်သော်လည်း အောက်ပါလက္ခဏာများအနက်မှ တစ်ခုခုကြောင့် ဟောက်တတ်ပါက OSA ရောဂါဖြစ်နိုင်ချေရှိပါတယ်။

  • အိပ်ပျော်နေစဉ် အသက်ရှုရပ်သွားသည်ကို သတိထားမိခြင်း။
  • နေ့ခင်းဘက် အလွန်အကျွံ အိပ်ငိုက်ခြင်း။
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း။
  • မနက်ပိုင်း ခေါင်းကိုက်ခြင်း။
  • နိုးလာသောအခါ လည်ချောင်းနာခြင်း။
  • အိပ်ရေးမဝခြင်း။
  • ညဘက်တွင် မောခြင်း သိုမဟုတ် ရင်ကျပ်ခြင်း။
  • သွေးတိုးခြင်း။
  • ညဘက်မှာ ရင်ဘတ်အောင့်ခြင်း။
  • သင့်ဟောက်သံသည် အလွန်ကျယ်လောင်သောကြောင့် သင့်အဖော်၏ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း။
  • ကလေးများတွင် အာရုံစူးစိုက်မှု အားနည်းခြင်း၊ အပြုအမူဆိုင်ရာ ပြဿနာများ သိုမဟုတ် ကျောင်းတွင် စွမ်းဆောင်ရည်ညံ့ဖျင်းခြင်း စတာတွေဖြစ်ပါတယ်။

OSA ရောဂါက မကြာခဏဆိုသလို ကျယ်လောင်စွာဟောက်ပြီးနောက်တွင် အသံမထွက်ပဲ အသက်ရှုရပ်သွားချိန် သိုမဟုတ် ရပ်တန့်လုနီးနီးအချိန်များ ဖြစ်လေ့ရှိပါတယ်။ ထိုနောက်တွင် အောက်ဆီဂျင်လျှော့နည်းလာသောအခါ ဦးနှောက်မှအချက်ပြနိုင်ပြီး ကျယ်လောင်သော နှာမှုတ်သံ သိုမဟုတ် ကျယ်လောင်သော အသက်ရှူသံဖြင့် နိုးထလာတတ်ပါတယ်။ အနှောင့်အယှက်ဖြစ်စေသော အိပ်စက်ခြင်းကြောင့် ကောင်းကောင်းအိပ်မပျော်တော့ဘဲ ထိုကဲ့သို အသက်ရှုရပ်သည့်ပုံစံသည် ညအချိန်တွင် အကြိမ်များစွာ ထပ်ခါထပ်ခါဖြစ်တတ်ပါတယ်။အိပ်ရေးမဝသော အသက်ရှူကျပ်သူများသည် ပုံမှန်အားဖြင့် တစ်နာရီလျှင် အနည်းဆုံး ငါးကြိမ်ခန့် အသက်ရှုနှေးကွေးခြင်း သိုမဟုတ် ရပ်တန့်သွားသည့် ကာလများကို ခံစားရလေ့ရှိပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ

အထက်ဖော်ပြပါ လက္ခဏာများ ရှိပါက သင့်ဆရာဝန်နှင့် ပြသပါ။ ၎င်းတိုက သင်၏ ဟောက်ခြင်းအား ပိတ်ဆိုနေသော အိပ်စက်ခြင်းဆိုင်ရာ အသက်ရှူကျပ်ခြင်း (OSA) နှင့် ဆက်စပ်နေကြောင်း ညွှန်ပြနပါတယ်။

သင့်ကလေး ဟောက်လျှင် သင့်ကလေးအထူးကုဆရာဝန်ကို မေးမြန်းပါ။ ကလေးတွေမှာလည်း OSA ရှိနိုင်ပါတယ်။ နှာခေါင်းနှင့် လည်ချောင်းပြဿနာများ ( အာသီးသည်ပုံမှန်ထက်ကြီးနေခြင်း) နှင့် အဝလွန်ခြင်းသည် မကြာခဏ ကလေး၏ အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေနိုင်ပြီး၊ ထိုမှတဆင့် သင့်ကလေးကို OSA ရောဂါဖြစ်စေနိုင်ပါတယ်။

ဖြစ်စေသောအကြောင်းအရင်းများ

ဟောက်ခြင်းသည် သင့်ပါးစပ်နှင့် နှာခေါင်း၏ဖွဲစည်းမှုပုံမတူညီခြင်း၊ အရက်သောက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အအေးမိခြင်းနှင့် ကိုယ်အလေးချိန်များခြင်းစသည့် အကြောင်းအရင်းများစွာကြောင့် ဟောက်ခြင်းဖြစ်နိုင်ပါတယ်။

စတင်အိပ်ပျော်ကစကနေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခါ သင့်ပါးစပ် (အာခေါင်ပျော့)၊ လျှာနဲ့ လည်ချောင်း ခေါင်မိုးမှာရှိတဲ့ ကြွက်သားတွေက ပြေလျော့လာပါတယ်။ ပြေလျော့လာတဲ့ကြွက်သားတွေက သင့်အသက်ရှူလမ်းကြောင်းကို တစ်စိတ်တစ်ပိုင်းပိတ်ဆိုကာ အသက်ရှူစဉ် တုန်ခါမှုကိုဖြစ်စေပါတယ်။

သင့်လေပြွန်ပိုကျဉ်းလေလေ လေဝင်လေထွက်အားကောင်းလေဖြစ်ပါတယ်။ ထိုမှတဆင့် တစ်သျှူးတုန်ခါမှုကို တိုးစေပြီး ဟောက်ခြင်းကို ပိုကျယ်စေပါတယ်။

ရောဂါဖြစ်နိုင်ချေများသူများ

  • အမျိုးသားများသည် အမျိုးသမီးများထက်ပို၍အဖြစ်များပါတယ်။
  • အဝလွန်ခြင်း
  • မွေးရာပါလေပြွန်ကျဉ်းခြင်း
  • အရက်သောက်ခြင်း
  • နှာခေါင်းနှင့်ပတ်သက်သောရောဂါရှိသူများ
  • ရောဂါမျိုးရိုးရှိသူများဖြစ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

ဟောက်ခြင်းသည် နှောင့်ယှက်မှုတစ်ခုထက်ပိုနိုင်ပါတယ်။ အတူနေထိုင်သူရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးသည့်အပြင်၊ ဟောက်ခြင်းသည် OSA နှင့် ဆက်နွယ်နေပါက၊ သင်သည် အောက်ပါတိုအပါအဝင် အခြားသော နောက်ဆက်တွဲပြဿနာများအတွက် အန္တရာယ်ရှိနိုင်ပါတယ် ။

  • နေ့ခင်းဘက် အိပ်ငိုက်ခြင်း။
  • စိတ်အလိုမကျခြင်း သိုမဟုတ် ဒေါသဖြစ်ခြင်း။
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း။
  • သွေးတိုး၊ နှလုံးအခြေအနေနှင့် လေဖြတ်နိုင်ခြေ ပိုများခြင်း။
  • OSA ရှိသည့် ကလေးများတွင် ရန်လိုမှု သိုမဟုတ် သင်ယူမှုပြဿနာများကဲ့သိုသော အပြုအမူပြဿနာများ ဖြစ်နိုင်ခြေ ပိုများခြင်း။
  • အိပ်ရေးပျက်ခြင်းကြောင့် မော်တော်ယာဉ် မတော်တဆဖြစ်နိုင်ခြေ ပိုများခြင်း စတာတွေဖြစ်ပါတယ်။