CPAP အသုံးပြုသူများတွင် ပါးစပ်ခြောက်သွေ့ခြင်း

ပါးစပ်ခြောက်သွေ့ခြင်း ဖြစ်စေသောအကြောင်းအရင်းများ

  • အိပ်ရာထထချင်းတွင် ပါးစပ်ခြောက်ခြင်း သို့မဟုတ် လည်ချောင်းခြောက်ခြင်း က အိပ်တဲ့အခါ ပါးစပ်နှင့် အသက်ရှုသူများတွင် ဖြစ်လေ့ရှိပါတယ်။
  • နှာခေါင်းအဝမှာ ကွက်တိစွပ်သော Mask (Nasal Pillow Mask) သို့မဟုတ် နှာခေါင်းသီးသန့် အုပ်သော Mask (Nasal Mask) သုံးတဲ့သူတွေမှာ ပါးစပ်နဲ့ အသက်ရှူခြင်း (Mouth Breathing) ကြောင့် ဖြစ်တတ်ပါတယ်။
  • ပါးစပ်ကို ဖွင့်ပြီး အိပ်တဲ့အခါ လေရှူထုတ်ချိန်တွင် လေဖိအား အလွန်ကျသွားတာကြောင့် ဖြစ်ပါတယ်။
  • စက်မှာ ပါဝင်တဲ့ လေထုစိုထိုင်းဆ ကို ထိန်းပေးသော ခလုတ် (Humidifier) ကို လျှော့ထားမိရင်လည်း ဖြစ်တတ်ပါတယ်။

ပါးစပ်ခြောက်သွေ့ခြင်း မဖြစ်အောင် ဘာတွေ လုပ်လို့ရလဲ?

နှာခေါင်းအဝမှာ ကွက်တိစွပ်သော Mask (Nasal Pillow Mask) သို့မဟုတ် နှာခေါင်း သီးသန့် အုပ်သော Mask (Nasal Mask) ကို အသုံးပြုပါက မေးသိုင်းကြိုး (Chin Strap) ကိုလည်း အသုံးပြုသင့်ပါတယ်။ သို့မဟုတ် နှာခေါင်းနှင့် ပါးစပ်လုံသော Mask (Full Face Mask) ကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။

စက်မှာပါတဲ့ humidifier က လေဝင်လေထွက် အချိန်မှာ ‌လေထုစိုထိုင်းဆ ကို ထိန်းသိမ်းပေးမှာပါ။ ဒါကြောင့် အသုံးမပြုမီအချိန်တိုင်း humidifier ခလုတ်ကို စစ်ဆေးပေးရင် အကောင်းဆုံးပါ။