Epworth Sleepiness Scale (ESS)

နေ့ခင်းဘက်တွေမှာ အလွန်အကျွံ အိပ်ငိုက်တယ်။ အိပ်ဟောက်ရှူပိတ်ရောဂါ ရှိမရှိ Sleep Study Test လည်း မလုပ်ဖြစ်သေးရင် ‌အောက်မှာပြထားတဲ့ Epworth Sleepiness Scale မေးခွန်းလေးတွေကို သေချာ မှန်ကန်စွာ ဖြေကြည့်ပြီး ဘယ်လောက်ထိအိပ်ငိုက်လဲ ဆိုတာတွက်ကြည့်လို့ ရပါတယ်။ ESS ရမှတ် (၁၀) ကျော်တယ်ဆိုရင်တော့ OSA ဟုတ်မဟုတ် Sleep Study Test လုပ်ဖို့ လိုအပ်ပါတယ်။

Epworth Sleepiness Scale (ESS) ဆိုတာ လူတစ်ယောက် နေ့လည်ဘက်မှာ ဘယ်လောက်အထိ အိပ်ငိုက် အိပ်ချင်နေလဲဆိုတာ ကို တွက်ချက်ပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ESS တွက်ချက်ရာမှာ မေးခွန်း ၈ ခုကိုဖြေဆိုရမှာဖြစ်ပြီး မေးခွန်းတစ်ခုစီအတွက် 0 ကနေစပြီး 3 အထိ အဆင့် level များကိုသတ်မှတ်ပေးထားပါတယ်။

0 = လုံးဝအိပ်မငိုက်ပါ။
1 = အနည်းငယ်မျှသာ အိပ်ငိုက်သည်။
2 = အသင့်အတင့် အိပ်ငိုက်သည်။
3 = အလွန်အိပ်ငိုက်သည်။

ဒီလို 0-3 အဆင့်သတ်မှတ်ချက်နဲ့အညီ အောက်ပါမေးခွန်းတွေကို အမှန်ကန်ဆုံး ဖြေဆိုပေးရမှာဖြစ်ပါတယ်။

အောက်ပါအခြေအနေများတွင် သင်မည်မျှအိပ်ငိုက်ပါသလဲ? လုံးဝအိပ်မငိုက်ပါ (0) အနည်းငယ်မျှသာ အိပ်ငိုက်သည် (1)အသင့်အတင့် အိပ်ငိုက်သည် (2)အလွန်အိပ်ငိုက်သည် (3)
(၁) ထိုင်နေစဥ်နှင့် စာဖတ်နေစဥ်
(၂) တီဗီကြည့်နေစဥ်
(၃) လူအများရှိသောနေရာတွင် လှုပ်ရှားမှု
မရှိဘဲထိုင်နေစဥ်
(၄) နေ့လည်ဘက်တွင်လဲလျောင်းအနားယူစဥ်
(၅) တစ်စုံတစ်ဦးနှင့် ထိုင်၍စကားပြောနေစဥ်
(၆) နေ့လည်စာစားပြီးချိန် ခဏထိုင်နေစဥ် (အရက်သောက်ထားခြင်းမရှိရ)
(၇) ကားပေါ်တွင် ၁နာရီကြာခန့် ခရီးသည်အဖြစ် လိုက်ပါလာစဥ်
(၈) Traffic မိနေ၍ ကားခဏရပ်နေစဥ်
စုစုပေါင်းရမှတ် = ???

စုစုပေါင်းရမှတ် 10 အထက်ရှိပါက ဆရာဝန်ပြပြီး အမြဲအိပ်ငိုက် အိပ်ချင်နေတဲ့ အကြောင်းရင်းကို ရှာဖွေကုသမှုခံယူရပါမယ်။

အမြဲ အိပ်ငိုက် အိပ်ချင်နေတိုင်း OSA ‌ဖြစ်နေပြီလို့တော့ ပြောလို့မရပါဘူး။ အခြားသော အကြောင်းအရာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ESS ရမှတ် (၁၀) ကျော်ရင် ဆရာဝန်ပြသပြီး OSA ဆိုတာ သေချာအောင် Sleep Study Test နဲ့ စစ်ဖို့လိုအပ်ပါတယ်။ Sleep Study Test လုပ်ပြီး ရလာတဲ့ Apnea-Hypopnea Index (AHI) အဖြေ ပမာဏ အပေါ် မူတည်ပြီး အိပ်‌ဟောက်ရှူပိတ် ‌‌ရောဂါရှိမရှိ နဲ့ ရောဂါ အဆင့်ကို သတ်မှတ်လို့ ရပါတယ်။ AHI အကြောင်းကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ OSA ဆိုတာ သေချာပြီဆိုရင်တော့

  • အဝလွန်နေသူတွေအတွက်က ဝိတ်ချရပါမယ်။
  • အရက် ဆေးလိပ်ရှောင်ရပါမယ်။
  • ခွဲစိတ်ရန်လိုအပ်ပါက ခွဲစိတ်ကုသမှု ခံယူရပါမယ်။
  • နေ့စဥ်အသက်ရှူစက် (CPAP) တပ်၍ အိပ်ရပါမယ်။

OSA အကြောင်းကို ဒီလင့်မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။

Reference – healthysleep.med.harvard.edu