ခွဲစိတ် နားကြားစက်

ခွဲစိတ် နားကြားစက် Hearing Implant

ခန္ဓာကိုယ် ထဲ ခွဲစိတ်ပြီး အထဲမှာပဲ ထည့်ထားရတဲ့ စက်ပစ္စည်း ကို Implant လို့ ခေါ်သည်။ နားကြားဖို့ အတွက်၊ နား နှင့်ဆိုင်သော Implant ဖြစ်သည့်အတွက် Hearing Implant – မြန်မာလိုတော့ ခွဲစိတ် နားကြားစက် လို့ပဲ ခေါ်လိုက်ပါတယ်။

ခွဲစိတ် နားကြားစက် အမျိုးမျိုး

Cochlear Implant (CI)

Bone conducting Implant (BCI)

BCI

Middle Ear Implant (MEI)

MEI

Auditory Brainstem Implant (ABI)

ABI

ဘယ်လို အခြေအနေမျိုးမှာ ခွဲစိတ် နားကြားစက် တပ်ရမလဲ?

ဒါကိုတော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ဆုံးဖြတ်ကြပါတယ်။ တော်တော်များများကတော့ နားကြားကိရိယာ နှင့် အဆင်မပြေနိုင်သော လုံးဝ နားမကြားတဲ့ အဆင့် Profound Hearing Loss လူနာတွေ မှာ ခွဲစိတ် တပ်ဆင်ရလေ့ ရှိပါတယ်။

ခွဲစိတ် နားကြားစက် အမျိုးမျိုး ရှိသည့်အနက် အတွင်းနား ထဲ ခွဲစိတ်ထည့်ရသော ခွဲစိတ် နားကြားစက် သာ ခွဲစိတ် တပ်ဆင်တာ အများဆုံး ဖြစ်သည်။ ဒါကြောင့်မို့လို့ ခွဲစိတ် နားကြားစက် ဆိုတာနဲ့ Hearing Implant အစား Cochlear Implant (CI) လို့ တန်းပြောလည်း မမှားနိုင်ပေ။ CI ကို ခွဲစိတ် အတွင်းနားကြားစက်၊ ခွဲစိတ် အတွင်းနားအတုစက် လို့လည်း ခေါ်ကြသည်။

One Reply to “ခွဲစိတ် နားကြားစက်”

Comments are closed.