အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း နှင့် အိပ်စက်နေစဉ် စကားပြောခြင်း

အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း Sleep Walking

Somnambulism ဟုလည်း သိကြသော အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း သည် အိပ်ပျော်ခါစ အချိန် မှ နိုးကြားလာချိန်တွင် ဖြစ်ပေါ်လေ့ရှိသော ရောဂါတစ်မျိုး ဖြစ်သည်။ အိပ်စက်နေစဉ် လမ်းလျှောက်ခြင်း၊ အသိစိတ်ပြောင်းလဲသွားခြင်း စသော ရှုပ်ထွေးသော အပြုအမူများ ပါဝင်ပါသည်။

ရောဂါရှိသူများဟာ လမ်းမလျှောက်ခင်မှာ ကုတင်ပေါ်ထိုင်ပြီး မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး စိတ်ရှုပ်တဲ့ပုံစံနဲ့ ကြည့်လေ့ရှိပါတယ်။ တခါတရံမှာတော့ ကုတင်ပေါ်မှ ချက်ချင်းထပြီး လမ်းလျှောက်ခြင်း သိုမဟုတ် ကုတင်ပေါ်မှ ပြေးဆင်းခြင်းများလုပ်တတ်ပါတယ်။ အိပ်နေစဉ် လမ်းလျှောက်သူသည် နိုးထရန် ခက်ခဲနိုင်သည်။ နိုးလာသောအခါတွင်သည် ထိုသူသည် စိတ်ရှုပ်ထွေးသွားပြီး အဖြစ်အပျက်ကို အနည်းငယ်မျှ ပြန်မှတ်မိသည်။ ထိုကဲ့သို လမ်းလျှောက်ခြင်းများသည် တခါတရံ ပုံမှန်မဟုတ်သော သို့မဟုတ် မသင့်လျော်သော နေရာများတွင် ရုတ်တရက် ပြီးဆုံးသွားနိုင်သည်။ အခြားအခြေအနေများတွင်မူ လူသည် အိပ်ရာထဲသို့ ပြန်ဝင်ကာ သတိမမူဘဲ ဆက်လက်အိပ်နေနိုင်သည်။

အိပ်ပျော်နေစဉ် လမ်းလျှောက်တတ်သူများတွင် ထူးဆန်းသော၊ မသင့်လျော်သောနှင့် ကြမ်းတမ်းသောအပြုအမူများပင် ပါဝင်နိုင်သည်။ လူသည် အိမ်အပြင်သို့ ထွက်သွားနိုင်သည် သို့မဟုတ် ပြတင်းပေါက်မှပင် ကျော်ထွက်နိုင်သည်။ အချို့သောသူများတွင် ရောဂါရှိသူသည် ကားပေါ်သို့တက်ကာ မောင်းသွားနိုင်သည်။ ရောဂါရှိသောကလေးများတွင် မီးအလင်းရောင်တစ်ခုဆီသို့ သို့မဟုတ် မိဘများ၏ အိပ်ခန်းဆီသို့ တိတ်တဆိတ်လျှောက်သွားခြင်းများ အပြင် အန္တရာယ်များသော ပြတင်းပေါက်ဆီသို့ လျှောက်သွားခြင်း၊ နေအိမ်ပြင်ပသို့ ထွက်သွားခြင်းများဖြစ်နိုင်သည်။

အိပ်စက်နေစဉ် စကားပြောခြင်း Sleep Talking

အိပ်စက်နေစဉ် စကားပြောခြင်းသည် အလွန်အဖြစ်များသောရောဂါတစ်မျိုးဖြစ်ပြီး အိပ်ချိန်၏ မည်သည့်အဆင့်တွင်မဆို ဖြစ်ပေါ်လာနိုင်ပါသည်။ အိပ်စက်သူသည် စကားပြောခြင်းကို သတိမထားမိတတ်သော်လည်း အသံကျယ်ကျယ်နှင့် မကြာခဏပြောခြင်းသည် အတူနေအဖော်၏အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ တခါတရံ ပြောဆိုသည့်အကြောင်းအရာသည် ရုံရင်းကြမ်းတမ်းသော၊ စိတ်ထိခိုက်စေသောစကားများဖြစ်တတ်သည်။

ဖြစ်ပွားမှုနှုန်း

အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်းသည် ကလေးများအားလုံး၏ 17 ရာခိုင်နှုန်းနှင့် အရွယ်ရောက်ပြီးသူများတွင် 4 ရာခိုင်နှုန်းခန့် ဖြစ်ပွါးလေ့ရှိသည်။ အိပ်စက်နေစဉ် စကားပြောခြင်းသည် ကလေးငယ်များ၏ ထက်ဝက်ခန့်နှင့် အရွယ်ရောက်ပြီးသူ များ၏ 5 ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွါးလေ့ရှိသည်။

ဖြစ်ပွားနိုင်ချေရှိသူများ

အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်းသည် ကလေးများတွင် ဖွံဖြိုးမှု ၏ ပုံမှန် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး အသက် 8 နှစ် မှ 12 နှစ် အတွင်းတွင် အဖြစ်များတတ်သည်။ သူတို့ ငယ်ငယ်တုန်းက လမ်းလျှောက်တတ်တဲ့ ကလေးအများစုဟာ ကြီးလာတဲ့အခါ စိတ်ရှုပ်ထွေးခြင်း ခေါ် Confusional Arousals ရောဂါဖြစ်တတ်ပါတယ်။ မိဘတစ်ဦး/နှစ်ဦးလုံးတွင် ရောဂါရာဇဝင် ရှိသောအခါတွင် ပိုပြီး အဖြစ်များပါသည်။
အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း သည် အခြားအိပ်စက်ခြင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ အိမ်မက်ဆိုးမက်ခြင်း နှင့် အိပ်စက်စဉ် အမူအကျင့်များပြောင်းလဲခြင်း စတဲ့ ရောဂါများနှင့်လဲ ဆက်စပ်မှုများ ရှိနေပါသည်။

အိပ်စက်နေစဉ် စကားပြောခြင်းသည် ကလေးများတွင် အလွန်အဖြစ်များပါသည်။ အရွယ်ရောက်ပြီးသူများတွင် အိပ်စက်စဉ် စကားပြောဆိုခြင်း၊ အိပ်စက်စဉ် အစာစားခြင်းနှင့်လမ်းလျှောက်ခြင်း စသောရောဂါများနှင့် ဆက်စပ်နေနိုင်သည်။

အချို့သော လူနည်းစုတွင် Sleep Walking / Sleep Talking ကို အိပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် အောက်ပါအချက်များကြောင့်လည်း ဖြစ်နိုင်ပါသည်။

  • အိပ်ရေးပျက်ခြင်း။
  • သိုင်းရွိက် ဟော်မုန်းများခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ဦးခေါင်းဒဏ်ရာ သိုမဟုတ် ဦးနှောက်ရောင်ရမ်းခြင်း၊ လေဖြတ်ခြင်း။
    အိပ်ပျော်စဉ် အသက်ရှူကြပ်ရောဂါရှိသူများ။
  • ခရီးသွားခြင်း သိုမဟုတ် မရင်းနှီးသောပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများခြင်း။
    အမျိုးသမီးများဓမ္မတာလာချိန်။
  • အရက်သောက်ခြင်း။

ဆိုးကျိုးများ

မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို ထိခိုက်ဒဏ်ရာ ရစေခြင်း (Sleep Walking)

အခြားသူများ၏ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးခြင်း (Sleep Walking / Talking)

ကုသမှုများ

Sleep Walking / Talking ရောဂါများသည် ကျန်းမာသောသူများတွင်လည်း မကြာခဏ ဖြစ်ပွါးတတ်သောကြောင့် ကုသမှုများသည် ယေဘုယျအားဖြင့် မလိုအပ်ပါ။ ကလေးများတွင်လည်း အသက်ကြီးလာတာနဲ့အမျှ ရောဂါ ပြင်းထန်မှု လျော့သွားလေ့ရှိပါသည်။ သိုသော် Sleep Walking သည် အရွယ်ရောက်ပြီးသည်အထိ အန္တရာယ်ရှိနိုင်သည့် အပြုအမူများ ပါဝင်နေပါက ကုသမှုခံယူရန် လိုအပ်ပါသည်။

ဆေးကုသမှု အစီအစဉ်များတွင် အောက်ပါအချက်များ ပါဝင်လေ့ရှိပါသည်။

မူးယစ်ဆေးဝါး၊ အရက်နှင့် အိပ်ရေးပျက်ခြင်းတိုကို ရှောင်ရှားရန် အသိပညာပေးခြင်း။

  • စိတ်ကျရောဂါ နှင့်ပတ်သက်သောဆေး အသုံးပြုပုံ ကို ပြောင်းလဲပေးခြင်း။
  • စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုများ ကို ကျော်လွှားရန် ထိရောက်သော၊ ရေရှည်ကုသမှုများဖြင့် ပေးခြင်း တို့ဖြစ်ပါသည်။

One Reply to “အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း နှင့် အိပ်စက်နေစဉ် စကားပြောခြင်း”

Leave a Reply

Your email address will not be published. Required fields are marked *