CPAP စက်သံ ကြောင့်အိပ်ရေးပျက်ခြင်း

CPAP စက်တွေ ဝယ်ယူကြတဲ့အခါ လူနာတွေ အမေးအများဆုံး မေးခွန်းက အိပ်စက်ချိန်မှာ စက်သံတွေ ဆူနေရင်ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။

နေ့လည်ဘက်ပုံမှန်လှုပ်ရှားသွားလာနေကြတဲ့အချိန် မှာဆိုရင်တော့ စက်သံကြားရခြင်းက မပြောပလောက်ပေမဲ့ ညဘက် အိပ်စက်ချိန် အသံတွေ တိတ်ဆိတ် သွားတဲ့အခါ အသံကို sensitive ဖြစ်တဲ့ လူနာ အချို့အတွက် မပြောပလောက်တဲ့ စက်သံကို က အနှောင့်အယှက်ဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

CPAP စက်အများစုဟာ အိပ်စက်ချိန်မှာ တပ်ဆင်ရတဲ့ စက်အမျိုးအစားများ ဖြစ်လို့ အိပ်ရေးပျက်လောက်တဲ့အထိ စက်သံထွက်ခြင်းဟာ မရှိသလာက် ရှားပါတယ်။ တကယ်လို့ ထွက်ပေါ်လာတဲ့ စက်သံဟာ အိပ်ပျော်ဖို့ အနှောင့်အယှက် ဖြစ်လာစေတယ် ဆိုရင်တော့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ တပ်ဆင်ပုံ ဒါမှမဟုတ် သန့်ရှင်းရေးပိုင်း ဆိုင်ရာမှာ တစ်ခုခု မှားယွင်းနေလား စစ်ဆေးဖို့ လိုအပ်ပါတယ်။

ပုံမှန်ထက် အနှောင့်အယှက် ဖြစ်စေတဲ့ စက်သံတွေ ထွက်လာပြီ ဆိုရင်တော့ အောက်ပါအချက်များ ကို စစ်ဆေးပေးပါ။

*စက်နောက်ဘက်မှာ ရှိတဲ့ လေစစ် (Air Filter) က ညစ်ပတ်နေခြင်း၊ လဲဖို့လိုခြင်း

*တပ်ဆင်နေတဲ့ Mask နဲ့ ပိုက် (Tube) က ညစ်ပတ်နေခြင်း သို့မဟုတ် တပ်ဆင်ပုံ မှားယွင်းနေခြင်း

*စက်အမှားအယွင်း မရှိကြောင်း နဲ့ ပုံမှန်အလုပ်လုပ်ကြောင်း Showroom နဲ့ Service Center မှာ အတည်ပြုခြင်း

မဖြစ်အောင် ဘယ်လိုလုပ်မလဲ

တကယ်လို့ အပေါ်က အချက်တွေကို စစ်ဆေးပြီးလို့မှ စက်သံဟာ မိမိ အိပ်စက်ခြင်းအတွက် အနှောင့်အယှက် ဖြစ်နေသေးတယ် ဆိုရင် တော့ စမ်းသပ် ကြည့်ဖို့ နည်းလမ်းတွေ ရှိပါတယ်။

*အိပ်စက်ချိန်မှာ အသံ မကြားအောင် နားကြပ် (Ear Plug) များတပ်အိပ်ကြည့်ခြင်း

*စက်သံကို ဖုံးလွှမ်းအောင် သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံလေးတွေကို မိမိပတ်ဝန်းကျင်မှာ ထုတ်လွှတ်ပေးမဲ့စက် (white noise machine) လေးတွေအသုံးပြုပေးခြင်း

*CPAP စက်ကို အိပ်စက်တဲ့နေရာနဲ့ တတ်နိုင်လောက်ဝေးဝေးမှာ ထားခြင်း

*စက်နဲ့ကိုက်ညီသော Tube ကို ပြောင်းလဲတပ်ဆင်အသုံးပြုကြည့်ခြင်း

CPAP စက်များဟာ အိပ်နေစဉ် တပ်ဆင်အသုံးပြုရတဲ့ စက်များဖြစ်တဲ့အတွက် စစအသုံးပြုချိန်မှာ ကျင့်သားမရသေးတဲ့အခါ စက်သံကို သတိပြုမိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်မိမိကျန်းမာရေးအတွက် ဦးစားပေးပြီး ကောင်းမွန်သော အိပ်စက်ခြင်းကို ရရှိအောင် အချိန်တစ်ခုယူပြီး CPAP စက်နဲ့ အသားကျအောင် လေ့ကျင့်သင့်ပါတယ်။

ကောင်းသော နေ့များကိုပိုင်ဆိုင်နိုင်ဖို့ ကောင်းမွန်သောအိပ်စက်ခြင်းကို ရရှိနိုင်ကြပါစေ။

One Reply to “CPAP စက်သံ ကြောင့်အိပ်ရေးပျက်ခြင်း”

Leave a Reply

Your email address will not be published. Required fields are marked *