လေယိုစိမ့်မှုဖြစ်ခြင်း

အသက်ရှူစက် (CPAP) အသုံးပြုသူတွေရဲ့ တစ်ဝက်ခန့်ဟာ လေယိုစိမ့်မှုဖြစ်ခြင်း (Mask Air Leak) ဆိုတဲ့အဆင်မပြေမှုကို ကြုံတွေ့ရလေ့ရှိပါတယ်။ Mask Air Leak ဖြစ်နေပြီဆိုရင်တော့ အသက်ရှူစက်တပ်ခြင်းရဲ့ ထိရောက်တဲ့ ကုသမှုကို အပြည့်အဝရနိုင်မှာ မဟုတ်ပါဘူး။

လေယိုစိမ့်ခြင်း (Mask Air Leak) ဖြစ်စေတဲ့အကြောင်းအရင်းများ

  • Poor fit – Mask ကို လေလုံအောင် သေချာ မတပ်ထားခြင်းMask အမျိုးအစား နှင့် အရွယ်အစား ရွေးချယ်မှု မမှန်ကန်ခြင်း၊
  • A dirty mask – Mask စုတ်ပြဲနေခြင်း၊ သန့်ရှင်းမှု မရှိခြင်း၊
  • An old mask – Mask အသစ် မလဲဘဲ အဟောင်းကိုသာ အချိန်ကြာမြင့်စွာ အသုံးပြုနေခြင်း၊
  • Sleep position – အိပ်တဲ့ ခန္ဓာကိုယ် အနေအထား ပုံစံ အပြောင်းအလဲများခြင်း၊
  • Incorrect CPAP pressure – လေဖိအား (Pressure) များလွန်းခြင်း၊
  • Mouth Breathing – Mask တပ်ထားစဥ် ပါးစပ်ဖြင့် အသက်ရှူခြင်း
    တို့ကြောင့် လေယိုစိမ့်မှုများ ဖြစ်စေနိုင်ပါတယ်။

လေယိုစိမ့်ခြင်း (Mask Air Leak) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

အရေးကြီးဆုံးကတော့ Mask ကို သေချာတပ်ဆင်ရပါမယ်။

မိမိနှင့် ကိုက်ညီမယ့် Mask အမျိုးအစား ကို နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာတိုင်ပင်ပြီး ရွေးချယ် ဝယ်ယူပါ။ Mask အရွယ်အစားကို Scaling Check (အရွယ်အစား တိုင်းတာသော ကတ်) ဖြင့် သေချာတိုင်းတာပြီး ရွေးချယ်ပါ။

Mask ကို ၆လ (သို့မဟုတ်) ၁နှစ် တစ်ခါ အသစ် လဲပေးပါ။

ပါးစပ်နဲ့ အသက်ရှုခြင်း Mouth Breathing အတွက် မေးသိုင်းကြိုး (Chin Strip) တပ်ဆင်နိုင်ပါတယ်။

လိုအပ်ပါက လေဖိအား (Pressure) ကို ပြန်ချိန်ပါ။