စက္ကန့်ပိုင်းအတွင်း ကောင်းကောင်းအိပ်ပျော်ဖို့‼

ဒီတစ်ခါတော့ ညဘက်တွေ အိပ်မပျော်တဲ့သူတွေ၊ စအိပ်ပျော်ဖို့ ခက်ခဲနေတဲ့သူတွေ၊ အိပ်စက်ချိန်စက်ဝန်း ပြောင်းပြန် ဖြစ်နေသူတွေ အတွက် အိပ်ဆေးအကူအညီမပါဘဲ သဘာဝအတိုင်းအိပ်ပျော်စေမဲ့နည်းလမ်းလေးတွေ မျှဝေ ပေးသွားပါမယ်??

✅10စက္ကန့်အတွင်းအိပ်ပျော်နည်း✅

  • မျက်နှာနဲ့ ပါးစပ်မှာရှိတဲ့ ကြွက်သားတွေကို လျှော့ထားပါ။
  • ပုခုံးကိုလျှော့ထားပြီး လက်နှစ်ဖက်ကိုဘေးမှာချထားပါ။
  • အသက်ရှူထုတ်ပါ။
  • ခြေထောက်မှာရှိတဲ့ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေကိုလည်း လျှော့ထားပါ။
  • စိတ်ထဲမှာ ကိုယ့်အတွက် သက်တောင့်သက်သာ ဖြစ်စေတဲ့ အရာ ကို တွေးပါ။ (ဥပမာ Admin ဆိုပင်လယ်ကမ်းစပ် သို့မဟုတ် ကောင်းကင်ပြာကြီးကို မြင်ယောင်လိုက်တယ်။)

?တကယ်လို့ အိပ်မပျော်သေးရင်တော့ “ဘာမှမတွေးနဲ့” ဆိုတာကို ၁၀စက္ကန့်လောက် ထပ်ခါထပ်ခါပြောပါ။ 10 စက္ကန့်ကြာရင်အိပ်ပျော်သွားပါလိမ့်မယ်??

✅60စက္ကန့်အတွင်းအိပ်ပျော်နည်း✅

အပေါ်က 10စက္ကန့်နည်းအတိုင်း အိပ်မပျော်ရင် အောက်ပါနည်းလမ်းလေး လုပ်ကြည့်လို့ရပါတယ်။

⌛ “4-7-8 အသက်ရှူနည်း” လို့ခေါ်တယ်။ 10စက္ကန့်နည်းလမ်းနဲ့မတူတာက သူက အလေ့အကျင့်ရှိဖို့ လိုတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါရှိသူဆို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။

  • အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို အနည်းငယ် ဟပြီး အသက်ရှူထုတ်ပါ။
  • စိတ်ထဲမှာ ၁ မှ ၄ အထိ ရေတွက်ပြီး နှုတ်ခမ်းပြန်စေ့ပြီး နှာခေါင်းနှင့် အသက်ရှူသွင်းပါ။
  • ၇ စက္ကန့် အသက်အောင့်ထားပါ။
  • ပြီးရင် ၈ စက္ကန့် အသက်ရှူထုတ်ပါ။

?အစအဆုံး ၄ ခါပြန်လုပ်ပါ။ဒါဆို 60 စက္ကန့်အတွင်း အိပ်ပျော်သွားမှာပါ???

ဒီနည်းကို လုပ်ရင်တစ်ဆင့်ပြီးတိုင်း နောက်တစ်ဆင့် ဘာလုပ်ရမယ်ဆိုတာကို အရမ်းသတိမထားဘဲ သူ့အလိုအလျောက်လုပ်တာပိုကောင်းပါတယ်။
ဒါကြောင့် ဒီနည်းလမ်းက အလေ့အကျင့် လုပ်ထားမှပိုအသုံးဝင်ပါတယ်နော်???

အခြားလုပ်ကြည့်သင့်တဲ့အချက်တွေကတော့?

✅ နာရီကိုမမြင်ရတဲ့နေရာမှာထားတာ
✅ အိပ်ခါနီးရေနွေးနွေးလေးနဲ့ချိုးတာ
✅ ဖုန်းကို ကုတင်နဲ့ ဝေးတဲ့နေရာမှာထားတာ
✅ ခြေအိတ်ဝတ်အိပ်တာ
✅ Aromatherapy လို့ခေါ်တဲ့ရနံ့ကုထုံး
✅ Melatonin treatment

Melatonin ဆိုတာ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းထွက်တဲ့ဟော်မုန်းတစ်မျိုးပါ။ သူလဲ အိပ်ဆေးတွေလိုပဲ ရေရှည်စွဲသောက်ရန် မသင့်တော်ပါဘူး။ ဒါပေမဲ့ နောက်တစ်နေ့မှာ အရေးကြီး ကိစ္စရှိလို့ စိတ်ဖိစီးပြီး အိပ်မပျော်တဲ့ သူတွေအတွက်ဆို အခြားအိပ်ဆေးတွေလို hangover effect မရှိတာကြောင့် သောက်လို့အဆင်ပြေပါတယ်??

? အိပ်ဆေးတွေဟာ ယာယီအတွက် သင့်လျော်ပေမဲ့ ကြာလာရင်ဆေးမတိုးတော့တာ၊ ဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ နောက်တစ်နေ့ထိအိပ်ငိုက်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်မပျော်လို့ဆိုပြီး ကိုယ့်ဟာကို အိပ်ဆေးဝယ်သောက်တာထက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စနစ်တကျ သောက်တာအကောင်းဆုံးပါ ??

ကောင်းမွန်သော အိပ်စက်ခြင်းကို နေ့စဉ် ရယူနိုင်ကြပါစေ။