CPAP စက်တွင် ရေကို သတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်ထည့်မိခြင်း

CPAP စက်အသုံးပြုတဲ့သူတွေအနေနဲ့ ရေထည့်တဲ့ အကန့်မှာ ရေထည့်လျှင် “Maximum Line” ခေါ် အများဆုံးထည့်နိုင်တဲ့ ပမာဏထက် ကျော်မသွားရန် ဂရုပြုသင့်ပါတယ်❗⛔

Maximum line ကို ကျော်ပြီးထည့်မိလျှင် စက်ပျက်စီးနိုင်ရုံသာမက စက်တပ်ဆင်သူအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်🚫

💧 သတ်မှတ်ထားတဲ့ ရေပမာဏထက် ပိုထည့်မိလျှင်

✅CPAP စက်အတွင်းသို့ ရေဝင်ပြီး စက်အလွယ်တကူပျက်နိုင်ခြင်း။

✅စက်အတွင်းမှ အသံဆူနေခြင်း။

✅လေထုတ်လွှတ်ရာလမ်းကြောင်းတွင် ရေစက်များ ပါလာခြင်း။

✅အသက်ရှူလမ်းကြောင်းအတွင်းသို့ ရေများဝင်ကာ သီးခြင်း၊ ချောင်းဆိုးခြင်း၊ ရေမွှန်းသကဲ့သို့ ခံစားရခြင်းကြောင့် အိပ်ရေးပျက်ရခြင်း။

✅အသက်ရှူလမ်းကြောင်းပိုးဝင်နိုင်ခြင်း။

✅မျက်နှာ အရေပြားယားယံတတ်ခြင်း။

✅CPAP စက်ဖြင့် ကုသရာမှာ ထိရောက်မှုမရှိခြင်း။

✅CPAP စက်တပ်အိပ်ရတာ သက်တောင့်သက်သာမရှိခြင်း

စတဲ့ စက် အတွက်ရော၊ လူအတွက်ပါ ဆိုးကျိုးတွေဖြစ်လာနိုင်တာမို့ Water Chamber အတွင်းသို့ ရေထည့်ရာမှာ အများဆုံးထည့်နိုင်တဲ့ပမာဏထက် ကျော်လွန်မထည့်ရန် ဂရုပြုသင့်ကြောင်း အကြံပေးအပ်ပါတယ်✅