အိပ်စက်ခြင်း‌အကြောင်း သိကောင်းစရာ

သင် ဒီဆောင်းပါး ကို ဖတ်ရှုနေချိန်မှာ စိတ်ကြည်လင်လန်းဆန်းမှု ရှိနေပါရဲ့လား?

စိတ်ကြည်လင် လန်းဆန်းနေတယ် ဆိုတာ သင်ဟာ ကိုယ်‌ရောစိတ်ပါ ကောင်းမွန်တဲ့ အ‌ခြေအနေမှာ ရှိနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

ဒီလို ကောင်းမွန်တဲ့ အခြေ ‌အနေမှာ ရှိနေဖို့ဆိုတာ ကျနော်တို့ ဘဝ အစိတ်အပိုင်းရဲ့ သုံးပုံတစ်ပုံ ကို ကုန်ဆုံးကြရတဲ့ အိပ်စက်ခြင်းနှင့် များစွာ သက်ဆိုင် မှု ရှိနေတယ် ဆိုတာ သင်သိပါသလား?

အိပ်ရေးဝဖို့အတွက် အသက်အရွယ် အပိုင်း‌အခြား အလိုက် လိုအပ်တဲ့ အိပ်စက်ချိန် ပမာဏ ကို ခန့်မှန်းကြည့်ပါ။

အသက် (၆၅) နှစ် နှင့် အထက်လူကြီးတွေမှာဆိုရင် အိပ်ချိန် (၇) နာရီ မှ (၉) နာရီ
လူလတ်ပိုင်း အရွယ်တွေမှာဆိုရင် (၇) နာရီ မှ (၉) နာရီ
ဆယ်ကျော်သက် အရွယ်တွေမှာဆိုရင် (၈) နာရီ မှ (၁၀) နာရီ
ကလေးငယ်လေး တွေမှာဆိုရင် (၁၇) နာရီ လောက်ထိကို အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။

ကျနော်တို့ အိပ်စက်နေချိန်မှာ ဦးနှောက်သာမက ခန္ဓာကိုယ်မှာပါ အဆက်မပြတ် ပြောင်းလဲမှုတွေ ဖြစ်ပေါ် ‌နေပါတယ်။

ကျနော်တို့ ခန္ဓာကိုယ် ကို ဖုန်းတစ်လုံးလို့ တွေးကြည့်ရအောင်။

ဖုန်းကို အနားမပေးဘဲ အသုံးပြုရင် စက်လေးလာသလိုပဲ ခန္ဓာကိုယ် ကို အိပ်စက်ခြင်းမပြုဘဲ အလုပ်တွေချည်းဆက်တိုက် လုပ်နေရင် အချိန်ကြာလာ‌တဲ့အခါ ကိုယ်‌ရော စိတ်မှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အိပ်စက်ခြင်းက တစ်နေ့တာ ပင်ပန်းထားတဲ့ခန္ဓာကိုယ် ကို အားအင်ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် ဦးနှောက် လုပ်ငန်းဆောင်တာများကို အစီအစဥ်တကျဖြစ်အောင် ‌ပြုပြင်ပေးပြီး ပိုမိုကောင်းမွန်တဲ့ မနက်ဖြန် ပြင်ဆင်ပေးပါတယ်။

[အိပ်စက်ခြင်းအဆင့်လေးဆင့်မှာ ဖြစ်ပေါ်နေတဲ့ ဦးနှောက်နှင့် ခန္ဓာကိုယ် ပြောင်းလဲမှုများ အကြောင်းကို ဒီ link မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်]

လူရယ်လို့ ဖြစ်လာရင် အိပ်စက်ခြင်းဆိုတာ ‌ရှောင်လွှဲလို့မရတဲ့ ဖြစ်စဥ် တစ်ခုပါ။

အကြောင်းရင်းကတော့ ကောင်း‌မွန်သော တစ်နေ့တာ ဖြစ်နေဖို့အတွက် လိုအပ်တဲ့ ကြည်လင်လန်းဆန်းမှု ကို အိပ်စက်ခြင်းမှ အဓိက ရရှိလို့ဖြစ်ပါတယ်။

အိပ်ချိန် မလုံလောက်ရင် နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများ၊ ကိုယ်ခံအားကျဆင်းသည့် အတွက် မကြာခဏဖျားနာခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချို‌ရောဂါ ဖြစ်နိုင်ချေများခြင်း၊ မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ စိတ်ကျခြင်းနှင့် စိတ်ပူပန်သောကများခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာသော ခန္ဓာကိုယ်အတွက် လုံလောက်သော အိပ်ချိန်နဲ့ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း က များစွာအရေးပါပါတယ်။