CPAP Mask အသစ်လဲဖို့ အချိန်ရောက်ပြီလား❓

CPAP Mask တွေဟာ အိပ်ဟောက်ရှူပိတ်ရောဂါခံစားနေရသူများအတွက် နေ့စဥ် စက်တပ်အိပ်ရာမှာ ထိရောက်တဲ့ ကုသမှုဖြစ်စေရန် အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။

သို့ပေမဲ့ ဒီ CPAP Mask တွေမှာလည်း အသုံးပြုခံနိုင်ရည် သက်တမ်းရှိကြတာကြောင့် သင့်တော်တဲ့အချိန်မှာ အသစ် လဲလှယ်ပေးဖို့လိုအပ်ပါတယ်။ သို့မှသာ ထိရောက်တဲ့ ကုသမှု ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

📊 ဒီနေ့မှာတော့ CPAP Mask တွေကို ဘယ်လို အခြေအနေတွေမှာ အသစ်လဲ ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

၁။ Mask မှာရှိတဲ့ Cushion ဆီလီကွန် အပျော့လေးတွေဟာ အချိန်ကြာလာတာနဲ့ အမျှ အဝါရောင်ပြောင်းပြီး ပျော့ပျောင်းမှုလည်း လျော့နည်းလာတတ်ပါတယ်။ ဒီလိုပြောင်းလဲလာပြီဆိုလျှင်တော့ Mask ကို အသစ်လဲလှယ်သင့်ပါပြီ✅✅

၂။ အချိန်ကြာမြင့်စွာ အသုံးပြုထားပြီး အလွန်ဟောင်းနွမ်းနေတဲ့ Mask တွေကို တပ်ဆင်ခြင်းက မျက်နှာကို အနာတရဖြစ်စေတတ်ပြီး နီရဲနေတာမျိုး ဖြစ်လာစေနိုင်တဲ့အပြင် လူနာအတွက်လည်း သက်တောင့်သက်သာရှိစေမှာမဟုတ်ပါဘူး။

လူနာက Mask တပ်ရတာ သက်တောင့်သက်သာမရှိလျှင် CPAP ကုထုံးကိုလည်း လက်လျှော့နိုင်ချေများတာဖြစ်တဲ့အတွက် မိမိအတွက် အဆင်ပြေနိုင်မယ့် Mask အသစ်ကို လဲလှယ်ပေးသင့်ပါတယ်✅✅

၃။ Mask တွေကို သေချာအသုံးမပြုတတ်ခြင်း၊ ထိန်းသိမ်းပုံ မမှန်ကန်ခြင်းတို့ကလည်း Mask တွေ ပျက်စီးခြင်းကို ဖြစ်စေတတ်တာမို့ မှန်ကန်စွာထိန်းသိမ်းမှုနည်းလမ်းကလည်း အရေးကြီးပါတယ်✅✅

📌 CPAP Mask သန့်စင်ပုံကို ကျနော်တို့ AURA Healthcare Website တွင် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်👇👇
aura.biocaremm.com/cpap-masks-cleansing-dos-and-donts/

📊 အချိန် ဘယ်လောက်ကြာရင် Mask အသစ်လဲရမလဲဆိုတာက မိမိအသုံးပြုပုံ၊ သန့်စင်ပုံနည်းလမ်း၊ Mask အမျိုးအစားပေါ်မှာ များစွာမူတည်ပါတယ်။ ယေဘုယျအားဖြင့်တော့ CPAP Mask တွေကို ၃ လ မှ ၆ လအတွင်း တစ်ကြိမ် လဲလှယ်ပေးရန်လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

📎CPAP Mask အမျိုးအစားများအကြောင်း 👇👇
aura.biocaremm.com/cpap-masks/

အိပ်ဟောက်ရှူပိတ်ရောဂါနှင့်ပက်သတ်ပြီး အသေးစိတ်လေ့လာလိုပါက 𝐚𝐮𝐫𝐚.𝐛𝐢𝐨𝐜𝐚𝐫𝐞𝐦𝐦.𝐜𝐨𝐦 တွင်အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။