CPAP စက်တပ်ခြင်းနှင့်ပတ်သက်၍ သိထားသင့်သော အချက်

📊 သင်ဟာ CPAP စက် ကို အခုမှ စတင်အသုံးပြုတဲ့သူဆိုရင်တော့ ယနေ့မျှဝေပေးချင်တဲ့ အကြောင်းအရာလေးက သင့်အတွက် အထော်အကူပြုပါလိမ့်မယ်။

လူတော်တော်များများက CPAP စက်တပ်ရပြီဆိုလျှင် ”အမြဲတစ်သက်လုံး ဒီစက်ကို တပ်အိပ်ရတော့မှာလား” ဆိုပြီး စိတ်ပူလေ့ရှိကြပါတယ်‼

ပထမဦးဆုံးအနေနဲ့ သိထားသင့်တာက ”အကောင်းဆုံး ကုသမှုရလဒ်ကိုရရှိဖို့” စက်ကို နေ့စဥ်ပုံမှန်တပ်အိပ်ရပါမယ်✅✅

✨ ကျနော်တို့ မျက်စိမှုန်လာပြီဆိုရင် မျက်မှန်တပ်ရသလိုပါပဲ။ မျက်မှန်တပ်နေရင်း ပါဝါလျော့သွားတာရှိသလို ပါဝါတိုးလာတာလည်း ရှိပါတယ်။ ဒါကတော့ မိမိရဲ့ မျက်လုံးကို အနားပေးမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုအပေါ်များစွာမူတည်ပါတယ်။

🔄 ဒီသဘောတရားအတိုင်းပဲ CPAP စက်တပ်တယ်ဆိုတာလည်း စက်တစ်ခုတည်းကို အားကိုးနေတာထက် မိမိရဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းမယ်၊ ကျန်းမာတဲ့ စားသောက်မှု ပုံစံကို လေ့ကျင့်ယူမယ်ဆိုလျှင် CPAP စက်တပ်နေရာမှ တဖြည်းဖြည်းချင်း စက်တပ်တာ လွတ်သွားနိုင်တဲ့ အ​ခြေအနေတွေလည်း ရှိပါတယ်။

📌 ဥပမာအားဖြင့် သင်က ကိုယ်အလေးချိန်ကို ပုံမှန်ရှိသင့်တဲ့ အတိုင်းအတာအတွင်း ထိန်းသိမ်းနိုင်တယ်၊ ညဘက်နောက်ကျမှ အိပ်​​ခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း ကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဆိုးများကို ဖျောက်ဖျက်နိုင်ပြီဆိုလျှင် သင့်ရဲ့ ဆရာဝန်က CPAP မှ လေဖိအားပမာဏ ကို နည်းနည်းစီ လျှော့ချပေးခြင်းအားဖြင့် သင့်အတွက် ကုသမှုကို ပြန်လည်ချိန်ညှိပေးမှာဖြစ်ပါတယ်။

📊 ဒါဟာ သင့်ရဲ့ အသက်ရှူလမ်းကြောင်းအခြေအနေ တိုးတက်လာတာကို ညွှန်ပြတာပါ။ အချို့လူတွေမှာ ဆရာဝန် ဆုံးဖြတ်ချက်နှင့်အညီ ၂ ရက် ၃ ရက် မှ တစ်ခါ စက်တပ်အိပ်ရတဲ့ အခြေအနေမျိုးလည်း ရှိလာနိုင်ပါတယ်။

⚠ တစ်ခုသတိထားရမှာက CPAP တပ်ပြီဆိုလျှင် ပိုမိုထိရောက်တဲ့ ကုသမှုရလဒ်အတွက် နေ့စဥ်ပုံမှန် တပ်ပေးရမှာဖြစ်ပြီး ဆရာဝန်ညွှန်ကြားမှု မရှိဘဲ မိမိသဘောနှင့် တိုးတက်လာပြီထင်ပြီး စက်တပ်ခြင်းကို ရပ်လိုက်ခြင်းက အိပ်ဟောက်ရှူပိတ်ရောဂါ နောက်တစ်ကြိမ်ထပ်ဖြစ်စေနိုင်ပြီး မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ခြင်းကိုလည်း သတိပြုစေလိုကြောင်း မျှဝေပေးလိုက်ပါတယ်။💯💯