လုပ်ငန်းခွင်အတွင်း အကြားအာရုံကျန်းမာရေးအသိမြှင့်တင်ခြင်း၏ အကျိုးကျေးဇူး (၅) ချက်

ယနေ့ခေတ် လုပ်ငန်းခွင်တွေမှာ အကြားအာရုံကျန်းမာရေးကို ဂရုမထားပဲ မေ့လျော့နေကြပါတယ်။ သိုပေမယ့် အကြားအာရုံကျန်းမာရေးအသိမြှင့်တင်ခြင်းအားဖြင့် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးကျေးဇူးများ ရနိုင်တဲ့အကြောင်း လေ့လာကြည့်ရအောင်။

(၁) လုပ်ငန်းခွင်ယန္တရားပိုမိုကောင်းမွန်စွာလည်ပတ်နိုင်မှု

တစ်ဦးနှင့်တစ်ဦး အဆင်ပြေပြေအချက်အလက်မှန်ကန်စွာ ပြောဆိုဆက်ဆံနိုင်မှုဟာ လုပ်ငန်းခွင်ကောင်းမွန်စွာ လည်ပတ်နိုင်မှုအတွက်အရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ အကြားအာရုံချို့ယွင်းနေတဲ့ လုပ်ဖော်ကိုင်‌ဖက်များနဲ့ ဆက်ဆံတဲ့အခါ နားလည်မှုလွဲခြင်း၊ အမှားလုပ်မိခြင်း စသည်ဖြင့် ပေါင်းသင်းဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့ရနိုင်ပါတယ်။ ပုံမှန်အကြားအာရုံ ကျန်းမာရေးစစ်ဆေးမှု၊ ဆူညံသံ‌ကြောင့် အကြားအာရုံထိခိုက်ခြင်းမှ ကာကွယ်ရေးလုပ်ငန်းများ စသည်ဖြင့် အကြားအာရုံကျန်းမာရေးအသိပညာမြှင့်တင်ပေးခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပိုမိုကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေး ကို ဖော်ဆောင်နိုင်မှာဖြစ်မှာဖြစ်ပြီး အလုပ်ယန္တရား ကို ပိုမိုထိရောက်စွာလည်ပတ်စေနိုင်မှာဖြစ်ပါတယ်။

(၂) အကြားအာရုံဆုံးရူံးနိုင်ခြေကိုကာကွယ်ခြင်း

ဆူညံသံများနှင့်ကြာရှည်ထိတွေ့မှုဟာ အကြားအာရုံဆုံးရှုံးစေတဲ့ အဓိကအကြာင်းအရင်းဖြစ်သလို လုပ်ငန်းခွင်အများစုဟာလည်း အကြားစွမ်းရည်ထိခိုက်စေနိုင်လောက်တဲ့ ဆူညံသံတွေနဲ့ ပြည့်နေလေ့ရှိပါတယ်။ ဝန်ထမ်းများကို ဆူညံသံများကြောင့် အကြားအာရုံချိုယွင်းနိုင်ကြောင်းကို အသိပညာပေးခြင်းနှင့် အလွန်ဆူညံတဲ့လုပ်ငန်းခွင်မှာ နားအကာအကွယ်များသုံး၍ သော်လည်းကောင်း၊ အသံလုံအခန်းများအသုံးပြုခြင်းဖြင့်သော်လည်းကောင်း ဆူညံသံများ နဲ့ ကြာမြင့်စွာထိတွေ့မှုကို လျှော့ ချပေးနိုင်မည့် နည်းလမ်းများဖြင့်လည်း အကြားအာရုံဆုံးရူံးနိုင်ချေကို လျော့ကျစေပြီး ဝန်ထမ်းများအတွက်လည်း ကျန်းမာတဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

(၃) ကိုယ်စိတ်နှစ်ပါးကျန်းမာခြင်းသုခ

အကြားအာရုံကျန်းမာခြင်းဟာ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးနှင့်ဆက်နွယ်နေပြီး နေ့စဉ်နေထိုင်မှုဘဝမှာ အဆင်ပြေချောမွေ့စေမှာပါ။ အကြားအာရုံချိုယွင်းမှု ကို မကုသပဲ အချိန်ကြာမြင့်လာတာနဲ့အမျှ အထီးကျန်သလိုခံစားရခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ စိတ်ကျရောဂါစွဲကပ်လာခြင်း စသည်ဖြင့် လုပ်ငန်းခွင်မျာသာမက မိမိကိုယ်ပိုင်နေ့စဉ်နေထိုင်မှုဘဝမှာပါ ထိခိုက်လာနိုင်ပါသည်။ အကြားအာရုံကျန်မားရေး အသိပညာပေးခြင်းကို မြှင့်တင်ဦးစားပေးခြင်းအပြင် နားလည်တတ်ကျွမ်းသောနားဆရာဝန်များဖြင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအားဖြင့် လုပ်ငန်းခွင်အတွင်းအပြင် ကျန်းမာခြင်းသုခနှင့် ပြည့်စုံလာစေမှာဖြစ်ပါတယ်။

(၄)စည်းလုံးခြင်းနှင့် မတူကွဲပြားမှုကို လက်ခံနိုင်ခြင်း

အကြားအာရုံကျန်းမာရေး အသိပညာ မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်မှုနှင့် မတူကွဲပြားခြားနားမှုကို လက်ခံပေးနိုင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖော်ဆောင်ရောက်မှာဖြစ်ပါတယ်။ အကြားအာရုံချိုယွင်းနေသူ ဝန်ထမ်းများအတွက် အထောက်ကူပြုကိရိယာများ တပ်ဆင်ပေးခြင်းသော်လည်းကောင်း၊ နားလည်လွယ်၍ မတူညီသော ဆက်သွယ်ရေးနည်းလမ်းများ ဖန်တီးပေးခြင်းဖြင့် ဝန်းထမ်းများအားလုံးအတွက် တန်ဖိုးထားမှုကို ဖော်ပြတဲ့ လုပ်ငန်းခွင်ဖြစ်စေမှာဖြစ်ပြီး ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စိတ်ကျေနပ်မှုကိုမြှင့်တင်ပေးစေရုံသာမက လုပ်ဖော်ကိုင်ဖက်အချင်းချင်း အဖွဲလိုက်ဆောင်ရွက်မှုနှင့် ပူပေါင်းဆောင်ရွက်မှုကိုပါ တိုးတက်လာစေမှာဖြစ်ပါတယ်။

(၅) စည်းမျဉ်းစည်းကမ်းများသတ်မှတ်ထားရှိခြင်း

စက်ရုံလုပ်ငန်းအများစုမှာ ဆူညံသံသက်ရောက်မှုအဆင့်ဆင့်နှင့် အကြားအာရုံထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာကြရန်လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အကြားအာရုံကျန်းမာရေးအသိမြှင့်တင်ပေးခြင်းအားဖြင့် လုပ်ငန်းရှင်များအတွက် စည်းမျဉ်းများလိုက်နာစေရန်ပိုမိုလွယ်ကူစေပြီး ဥပဒေပိုင်းဆိုင်ရာပြဿနာများနဲ့ ဒဏ်ကြေးငွေများကိုလည်း ရှောင်ရှားနိုင်စေမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ဆူညံသံသက်ရောက်မှုအဆင့်ဆင့်ကို စောင်ကြည့်ခြင်း၊ လုံလောက်သော အကြားအာရုံကာကွယ်ရေးနည်းလမ်းများ၊ အကြားအာရုံကျန်းမာရေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းဖြင့် အားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။