Negative Pressure Wound Therapy System (NPWT)

NPWT ကို Vacuum-assisted closure (VAC) လို့ လည်းခေါ်တယ်။ အနာတွေကို အနာကျက်မြန်စေရန် ဖိအားတစ်ခု ကို အသုံးပြုပြီး အညစ်အကြေးတွေ ကို ဖယ်ထုတ်နိုင်တယ်။

ပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံ

Dressing kits မှာ ပါဝင်တဲ့ foam ကို အနာအရွယ်အစားနဲ့ ကွက်တိဖြတ်ပြီး အပေါ်ကနေ အကြည်ရောင် film လေးနဲ့အုပ်ပါ။ Film မှာ ပိုက်တပ်ဖို့ အပေါက်လေးဖောက်ပြီးလျှင် အညစ်အကြေးတွေ စုပ်ထုတ်မဲ့ ပိုက်ကို အပေါက်မှာတပ်ပါ။ ထို့နောက် ပိုက်ကို စက် (Vaccum pump) နှင့်ဆက်ပြီး အနာကို သန့်စင်နိုင်ပါတယ်။ အညစ်အကြေးတွေကို ဘူးခွံ (Canister) ထဲစွန့်ထုတ်ခြင်းအားဖြင့်အနာကို သွေးရောက်ရှိမှု ကောင်းစေ ပြီး အနာကျက်မြန်စေပါတယ်။ ထို့အပြင် အနာမှာ ကပ်ထားတဲ့ ကပ်ခွာ seal က ရေလုံ၊ လေလုံ လို့ ရေဝင်ပြီးအနာအခြေအနေ ပိုဆိုးခြင်း၊ အနာပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

NPWT အသုံးပြုပုံ

Dressing က ၂-၃ ရက်တစ်ခါလဲပေးလို့ ရတယ်။ အနည်းဆုံး တစ်ပတ် ၃ခါလဲပေးရင် ပိုကောင်းပါတယ်။ အရင်ဆုံး အနာ ကို သန့်စင်တဲ့ အဆင့် (Woud Debridement) ကို စတင်ပါမယ်။ အနာက ဆဲလ်အသေတွေကိုဖယ်ရှားပြီး ဒုတိယအဆင့်အနေနဲ့ Dressing ကို လဲလှယ်ရပါမယ်။ အနာ Dressing လုပ်တိုင်း အသုံးပြုခဲ့တဲ့ Foam အရေအတွက်ကို မှတ်ထားပေးပါ။ foam ထည့်ပြီးရင် ရေလုံအောင် အပေါ်ကနေ Clear Film Dressing အုပ်ပေးပြီး ပိုက်တွေကို Dressing နဲ့ စက်မှာ တပ်ဆင်ပါ။ စက်ကို Canister ဘူး နဲ့ဆက်ပါ။ အနာသန့်စင်တဲ့အခါ မိမိအသုံးပြုးမည့် ပရိုဂရမ်ကို သတ်မှတ်ပါ။ စက်ဖွင့်လိုက်လျှင်အနာမှာ ဆွဲစုပ်သလိုခံစားချက် (Pulling Sensation) ရမှာဖြစ်ပါတယ်။ NPWT အသုံးပြုနေစဥ်မှာတော့ နာတာဖြစ်မှာမဟုတ်ပေမဲ့ Dressing လဲရင်တော့ နာရင်နာနိုင်ပါတယ်။ ဆရာဝန်က အနာသက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပါလိမ့်မယ်။

NPWT အသုံးပြု၍ ကုသနိုင်သော အနာများ

NPWT အသုံးမပြုရမည့်အနာများ

NPWT ပြုလုပ်ရန်လိုက်နာရမည့်အချက်များ

စက်ပစ္စည်း အသုံးပြုပုံ၊ safety information နှင့် dressing လဲရန် နေ့သတ်မှတ်ခြင်းတို့ကို ဂရုစိုက်ရမယ်။

ကုသနေစဥ်မှာ စက် ကိုတစ်ချိန်လုံး တပ်ဆင်ထားရမှာဖြစ်တဲ့အတွက်‌ကြောင့် စက်ကို အပိတ်အဖွင့်ဘယ်လိုလုပ်ရမလဲ သိထားရမယ်။ ပိုက်တပ်ဆင်ပုံ၊ ပိုက် ပိတ်မနေစေရန် နှင့် dressing ကပ်ထားပုံ မှန်၊ မမှန် စစ်ဆေးခြင်း၊ စက်ကို သန့်ရှင်းအောင်ထားပုံ၊ စက်မှအချက်ပေးသံမြည်လျှင် မည်သို့ တုန့်ပြန်ရမည်ဆိုသည့် အချက်များကိုလည်း သိထားရပါမယ်။ ပစ္စည်းများ၏ သက်တမ်းကုန်ဆုံးရက် ကို မမေ့မလျော့ စစ်ဆေးရမည်ဖြစ်သည်။

NPWT အသုံးပြုနေစဥ် နေ့စဥ်လှုပ်ရှားမှုဘယ်လောက်အတိုင်းအတာထိလုပ်နိုင်လဲ?

အကယ်၍ portable စက် သုံးတယ်ဆိုရင် ဆရာဝန်က သင့်ကို နေ့စဥ်လှုပ်ရှားနိုင်မှု အတိုင်းအတာ နဲ့ပတ်သက်ပြီးပြောပြပါလိမ့်မယ်။ စက်ကို ပြုတ်မကျနိုင်တဲ့နေရာမျိုး သိုမဟုတ် မထိခိုက်နိုင်တဲ့နေရာမျိုးမှာ ထားပါ။

နေ့စဥ် စစ်ဆေးရမည့်အချက်များ

  • Dressing ကပ်ထားတဲ့ ကပ်ခွာ ပေါက်မပေါက်စစ်ပါ။
  • ပိုက်ပိတ်နေ၊ မနေစစ်ပါ။
  • Canister ပြည့်နေ၊ မနေစစ်ပါ။
  • Dressing နားတစ်ဝိုက်က ‌အ‌ရေပြား ပြောင်းလဲမှုရှိ၊ မရှိကိုစစ်ပါ။
  • Dressing သန့်ရှင်းမှုရှိ၊ မရှိစစ်ပါ။
  • ဘက်ထရီအသုံးပြုတဲ့ စက်ဖြစ်ပါက အားကုန်ခါနီးဖြစ်၊ မဖြစ် စစ်ပါ။

စက်မှ အချက်ပေးသံမြည်ခြင်းသည် canister ပြည့်နေခြင်း၊ ပိုက်ပိတ်နေခြင်း၊ ခေါက်နေခြင်း၊ Dressing မှ လေစိမ့်ထွက်နေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

ရေချိုးချိန်၊ အိမ်သာ အသုံးပြုစဥ်မှာ ပိုက် ကို စက် မှဖြုတ်ထားနိုင်ပါတယ်။ ပိုက် ကိုမဖြုတ်ခင် စက်ကို အရင်ပိတ်ပါ။ Dressing နဲ့ရေချိုးလို့ ရသော်လည်း အကြာကြီးရေစိုအောင်ထားခြင်း၊ ကွာကျခြင်းမျိုးမဖြစ်အောင်ဂရုစိုက်ပါ။ ဖြုတ်ထားတဲ့ ပိုက် တွေကို ရေမဝင်အောင် အောက်ဘက်သို့ စိုက်ထားပါ။ Dressing နားတစ်ဝိုက်ကို သန့်ရှင်းသော အဝတ်ဖြင့် ညင်သာစွာသုတ်ပါ။ လေစိမ့်ထွက်နိုင်ချေရှိ၊ မရှိစစ်ပါ။ စက်နှင့်ပြန်တပ်ဆင်၍ စက်ကိုဖွင့်ပါ။ တစ်ရက်ကို ၂ နာရီထက်ပို၍ စက်ကို ပိတ်ထားခြင်းမျိုးမလုပ်သင့်ပါ။

လတ်တလော နှလုံးခွဲစိတ်ထားခြင်း၊ သွေးကြောနှင့်ဆိုင်သော ခွဲစိတ်မှုများလုပ်ထားခြင်း၊ သွေးကျဲဆေးများသောက်နေရပါက NPWT သုံးနေသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေသွေးထွက်နိုင်ချေပိုများပါတယ်။ အသုံးပြုနေစဥ် ပိုက် ထဲသိုမဟုတ် ဘူးခွံ ထဲတွင် ရုတ်တရက် ပုံမှန်ထက်များသော သွေးပမာဏပါလာပါက စက်ကိုပိတ်လိုက်ပါ။ Dressing မခွာပါနှင့်။ ဒဏ်ရာပေါ်ကို သန့်ရှင်းသော အဝတ်ဖြင့်ဖိထားပေးပါ။ ဆရာဝန်ဆီဆက်သွယ်ပါ။

ဘယ်လိုအခြေအနေမှာ ဆရာဝန်ကို ချက်ချင်းဆက်သွယ်မလဲ?

အနာက ပိုးဝင်တယ်ဟု သံသယရှိလျှင်၊ သို့မဟုတ် အောက်ပါလက္ခဏာများ တစ်ခုခုဖြစ်လျှင် ဆရာဝန်ဆီချက်ချင်းပြပါ။

  • အနာရောင်ခြင်း၊ နီရဲလာခြင်း၊ ပုံမှန်ထက်ပိုနာလာခြင်း။
  • အရေပြား ယားလာခြင်း၊ အစက်အပြောက်များထွက်လာခြင်း။
  • အနာမှ ပြည်များ၊ အနံ့ဆိုးများထွက်လာခြင်း။
  • အပူချိန် 101°F ကျော်ခြင်း။

အနာပိုးဝင်ပါက အနာမှတစ်ဆင့် သွေးကြောထဲသို့ ပိုးပျံ့သွားနိုင်သောကြောင့် ဂရုစိုက်ရန်လိုအပ်ပါတယ်။

ပိုးဝင်​ခြင်း နောက်ဆက်တွဲလက္ခဏာများ

  • အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊
  • မတ်တပ်ရပ်လိုက်လျှင် မူးသွားခြင်း၊
  • အမြဲလိုလိုခေါင်းကိုက်နေခြင်း၊
  • လည်ချောင်းနာခြင်း၊
  • အရေပြား တွင် အစက်များထွက်လာခြင်း၊
  • မှတ်ဥာဏ်များ ရောထွေးနေခြင်း၊

Dressing ပစ္စည်း တွေက Latex free ဆိုပေမဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ချေရှိတာကြောင့် ဓာတ်မတည့်သည့် လက္ခဏာများပေါ်လာလျှင်လည်း ဆရာဝန်ကိုအမြန်ဆုံးဆက်သွယ်ဖို့လိုပါတယ်။