နားကြားကိရိယာ အမျိုးအစားများ

နားကြားကိရိယာ အမျိုးအစားများ

နားကြားကိရိယာ ပုံစံ အမျိုးအစားများ ကိုပဲ ဒီမှာ အဓိကထား ပြောပြပေးသွားမှာပါ။

နားနောက်ချိတ် ပုံစံ ဖြစ်သည့် Behind the Ear (BTE) နှင့် Receiver in Ear/Canal (RIE/RIC) နားကြားကိရိယာများသည် အတွေ့ရ အများဆုံး ဖြစ်ပါသည်။

အခြားသော နားထဲထည့်ရသော In the Ear (ITE) ကဲ့သို့နားကြားကိရိယာများလည်း ရှိပါသည်။

Behind the Ear (BTE)

  • Classic BTE (With Earhook)
  • Thin Tube BTE
Classic BTE (With Earhook) –
AudioService Volta PB BG
Thin Tube BTE – AudioService Volta XS CBG
Cosmetic View
Cosmetics View

Receiver in Canal (RIC)

  1. Classic RIC
  2. Slim RIC
Classic RIC – Audio Service Mood G6
Slim RIC – AudioService Stiline G6
Cosmetic View
Cosmetic View

In the Ear (ITE)

  1. Full Shell ITE
  2. Half Shell ITE
  3. In the Canal (ITC)
  4. Completely in Canal (CIC)
  5. Invisible in Canal (IIC)
Full Shell ITE
Cosmetic View
Half Shell ITE

In the Ear (ITE) – AudioService Volta Quix PC
In the Ear (ITE) – AudioService Volta Quix C
Cosmetic View

Cosmetic View
Cosmetic View
In the Ear (ITE) – AudioService Quix 4 G6
Cosmetic View

ဘယ် ပုံစံ အမျိုးအစား က အကောင်းဆုံး လဲ?

ဒီ မေးခွန်း ကို ဖြေဖို့က မလွယ်ကူပါဘူး။ သင် နားလေးအဆင့် (Degree of Hearing Loss) အပေါ်လည်း မူတည်သလို၊ သင် ဘယ်လို အရာတွေ (လေ့ကျင့်ခန်း၊ အလှအပ) အတွက် အဓိကထား တပ်ဆင်မှာလဲ ပေါ်လည်း မူတည်ပါတယ်။

နားထဲထည့်ရသော နားကြားကိရိယာများ (ITE/ITC) သည် အရွယ်အစားသေးသဖြင့် စွမ်းဆောင်ရည် ကန့်သတ်ချက် ရှိသည်။ အတော်အသင့် နားလေးအဆင့် (Mild to Moderate Hearing Loss) လောက်အထိတော့ ရွေးချယ်လို့ ရနိုင်သေးပါတယ်။

စွမ်းဆောင်ရည် အကောင်းဆုံး နဲ့ လူတွေအသုံးအများဆုံးကတော့ နားနောက်ချိတ်အမျိုးအစား (BTE နဲ့ RIC) တွေပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ကြိုးအသေးစားတွေကြောင့် သတိထား သေသေချာချာ ကြည့်မိမှ နားကြားကိရိယာ တပ်ထားတာကို သိနိုင်မှာပါ။ လူတွေ ထင်သလို မြင်သာလှချည်းတော့ မဟုတ်ပါဘူး။

နားထဲထည့်ရတဲ့ နားကြားကိရိယာ ထဲမှာ CIC နှင့် IIC ၂ခုသာ ဘေးက ကြည့်ရင် တော်ရုံ မမြင်ရတာပါ။ Full Shell & Half Shell ITE တွေက BTE & RIC ထက်တောင် တပ်ထားမှန်း သိသာလွန်းပါတယ်။