လူကြီးတွေမှာ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ဖြစ်သလို ကလေးတွေမှာလည်း အမျိုးမျိုးသော လက္ခဏာတွေနဲ့ OSA ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ OSA ဆိုပြီး လူကြီးမှာဖြစ်တာလောက် စိုးရိမ်ရတာရှိမှာမဟုတ်ဘူးဆိုပြီး ပေါ့ဆတာမျိုးမဖြစ်သင့်ပါဘူး။ 🔴
သင့်ကလေးငယ်အတွက် ဖွံ့ဖြိုးမှု မှာ များစွာသက်ရောက်မှုရှိစေပါတယ်။
ဒါကြောင့် ကလေးတွေမှာ ဖြစ်တဲ့ OSA ရောဂါမှာဆိုရင် ဘယ်လို လက္ခဏာတွေ ပြလဲ၊ ဘယ်လို ကုသမှုတွေရွေးချယ်စရာရှိလဲ ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။✅✅
လက္ခဏာများ
လူကြီးတွေမှာဖြစ်တဲ့ အိပ်နေစဥ် ဟောက်ခြင်း၊ အသက်ရှူ ရပ်ခြင်း၊ နေ့ခင်းဘက် အိပ်ငိုက်ခြင်း တို့အပြင် သွားကြိတ်ခြင်း၊ ညဘက်ချွေးစေးများထွက်ခြင်း၊ အိပ်နေစဥ်လမ်းလျှောက်ခြင်း၊ ထိတ်လန့်ပြီးနိုးလာခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း နှင့် AHDH (ခေါ်) ရုတ်တရက် ငြိမ်ကျသွားခြင်း၊ အာရုံမစိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စတဲ့ လက္ခဏာတွေပြလေ့ရှိပါတယ်။🚨🚨
AHI
လူကြီးတွေမှာ တစ်နာရီမှာ အသက်ရှူရပ်တဲ့ အကြိမ် (AHI) ၅ ကြိမ်ထက် ပိုရင် OSA ဖြစ်နိုင်ချေကို ထည့်စဥ်းစားပါတယ်။ ကလေးတွေမှာတော့ တစ်နာရီကို တစ်ကြိမ်ပဲ အသက်ရှူရပ်ရင်တောင် OSA သံသယရှိတယ်လို့ ပြောလို့ရပါတယ်။ 📈
ကုသမှုများ
ဆရာဝန်များ၏ ဆုံးဖြတ်ချက်နှင့်အညီ အာသီးဖြတ်ခြင်းကဲ့သို့ နှင့် အခြားသော ခွဲစိတ်ကုသမှုများ၊ သောက်ဆေးများနှင့် ကုသခြင်း၊ အသက်ရှူစက် CPAP တပ်ခြင်း စတဲ့ ထိရောက်တဲ့ ကုသမှုများရှိပါတယ်။✅✅
🏥 စောစီးစွာကုသခြင်းက ကလေးငယ်အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တားဆီးပေးနိုင်တာကြောင့် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်။📱