CPAP Mask သန့်ရှင်းရေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ

အိပ်ဟောက်ရှူပိတ်​‌ရောဂါ (Obstructive Sleep Apnea) ရှိသူများသည် CPAP နှင့် Auto CPAP စက်များ ကို နေ့စဥ် အသုံးပြုနေရသည့်အတွက် ပိုးမွှားများ ဝင်ရောက်မှု မရှိစေရန် Mask နှင့် ရေထည့်သည့်အကန့် ကို နေ့စဉ်၊ Accessories ပစ္စည်းများ ကို အပတ်စဉ် သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။

သန့်ရှင်းရေးပြုလုပ်ရာတွင်ဆောင်ရန်

Headgear ကို အဝတ်လျှော်စက် အသုံးမပြုဘဲ လက်ဖြင့်သာ ဆေးကြောရမည်။

Mask ကို အသုံးမပြုခင် Mask wipes ဖြင့် သန့်ရှင်းရမည်။

Tube ကို အပိုဆောင်ထားပြီး တစ်ခုကို ဆေးကြောထားချိန်တွင် အရံ Tube ကို အသုံးပြုရမည်။ ဆေးကြောရာတွင် Tube Brush ကို အသုံးပြုပါ။ ပိုက်ကို လှန်းထားရာတွင် ချိတ်ဆွဲလှမ်းထားခြင်းမျိုး မလုပ်သင့်ပါ။ ပြင်ညီမျက်နှာပြင်ပေါ် တွင် တင်ထားပြီးသာ အခြောက်ခံပါ။

Mask နှင့် Accessories ပစ္စည်းများကို သန့်ရှင်း‌ရေး ပြုလုပ်ခြင်းအား နေ့စဥ် အလေ့အကျင့်ဖြစ်အောင် လုပ်ဆောင်သင့်သည်။

စက်ကို Function ကောင်းကောင်းနှင့် သက်တမ်းကြာကြာ အသုံးပြုနိုင်ရန် အိပ်ယာနှင့် အိပ်ခန်းကို ပုံမှန် သန့်ရှင်း‌ရေး လုပ်ပေးရမည်။

သန့်ရှင်းရေးပြုလုပ်ရာတွင်ရှောင်ရန်

ဆေးကြောရာတွင် ချွတ်ဆေး (Bleach) နှင့် အရက်ပြန်ပါဝင်သော အပြင်းစား Cleaner ကိုအသုံးမပြုဘဲ အနံ့မပါသော ဆပ်ပြာ အပျော့စား ကိုသာ အသုံးပြုရမည်။

နေ‌‌ရောင်တိုက်ရိုက်အောက်တွင် အခြောက်ခံခြင်း မပြုလုပ်ရပါ။

Tube ကို အဝတ်စိုဖြင့် သုတ်ခြင်းသည် မှိုနှင့်ဘက်တီးရီးယားများ ပေါက်ပွား‌စေပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသောကြောင့် ရှောင်ရှားရမည်။

CPAP စက်ကို သန့်ရှင်းရန် Spray အရည်များမသုံးဘဲ အဝတ်‌ခြောက်ဖြင့်သာ သုတ်ရမည်။

Life is composed of family, health & joyful breath