Colors of Noises

Noise လို့ ပြောလိုက်ရင် လူတွေက မိမိတို့ကို အနှောက်အယှက်ဖြစ်စေမဲ့ အသံတစ်ခုလို့ပဲသိကြတာများပါတယ်။

ဆူညံသံတစ်ခု ရှိလာရင် လူတွေ ဘာလုပ်ကြတာများလဲ?

-နားပိတ်ထားမယ်

-ဆူညံသံထွက်တဲ့နေရာ သို့မဟုတ် လူကို အသံလျှော့ပေးဖို့ပြောမယ်

-ဆူညံသံထွက်တဲ့နေရာကနေထွက်သွားမယ်

-သည်းခံနိုင်ဖို့ကြိုးစားမယ်

ဆူညံသံ (Noise) တွေကို အရောင်တွေနဲ့ ဘယ်လိုခွဲထားတာလဲ?

Noise တွေကို အရောင်တွေနဲ့ခွဲထားခြင်းက မျက်လုံးနဲ့မြင်ရတဲ့ အရောင်တွေနဲ့ဘာမှ မသက်ဆိုင်ကြောင်းသတိပြုရပါမယ်။

Noise တွေကို မမြင်ရပေမဲ့  မတူညီတဲ့ frequency အောက်မှာ များစွာသော အသံလှိုင်းတွေကို ဆူညံသံတွေအဖြစ်ကြားနေရတာပါ။  Frequency ဆိုတာ ၁ စက္ကန့်မှာ ဖြစ်ပေါ်လာတဲ့လှိုင်းတုန်ခါမှု ကြိမ်နှုန်း ဖြစ်ပြီး Unit ကို Hz နဲ့တိုင်းတာပါတယ်။

ဆူညံသံတွေက source တစ်ခုမှများစွာသော Frequency နဲ့ထွက်ပေါ်လာတဲ့ အသံတွေဖြစ်ပြီးFrequency တစ်ခုချင်းစီရဲ့ power (Amplitude) ကို စက်တစ်ခုခုနဲ့ တိုင်းတာဖို့ မဖြစ်နိုင်သေးပါဘူး။

ဒါကြောင့် Noise Frequency ကို Frequency Range တွေအနေနဲ့ 0-1 kHz, 1-5 kHz, 5-10 kHz, 10-15 kHz ဆိုပြီး ခွဲချလိုက်ပါတယ်။

ပြီးတော့ ဒီ band တစ်ခု ချင်းစီရဲ့ power ကို Spectral Analysis နဲ့တိုင်းတာပါတယ်။ Band ဘယ်နခု ခွဲမလဲဆိုတာကတော့ အသုံးပြုမဲ့ စက်နဲ့ Application ပေါ်မူတည်ပါတယ်။ Power ရဲ့ Unit ကို Watts per Second နဲ့ပြပါတယ်။

Noise မှာ ဘာအရောင်တွေရှိလဲ?

Brown, Pink တွေလို Warm Color တွေက Low Frequency တွေဖြစ်ပြီး Blue, Violet တွေလိုCold Color တွေက High Frequency တွေဖြစ်ပါတယ်။ 

White Color ကတော့ White Light က အရောင်တွေအကုန် အချိုးကျပေါင်းစပ်လိုက်ရင်အဖြူရောင်အလင်းတန်းတစ်ခု ရလာသလိုပဲ ရှိနေတဲ့ Frequency တွေ တူညီတဲ့ ပုံစံနဲ့တစ်စုတစ်စည်းတည်း ထွက်လာတဲ့အခါ White Noise တစ်ခုဖြစ်လာပါတယ်။

1. White Noise

White color ဟာ သက်တံ့ရောင်ရဲ့ ရောင်စဉ် ခုနစ်ဖြာကို အချိုးညီစွာ ပေါင်းစပ်လိုက်တဲ့အခါရလာတာကို သိပြီးသားဖြစ်မှာပါ။ Noise Spectrum မှာလည်း အဲ့တိုင်းပဲ အလုပ်လုပ်ပါတယ်။ Noise Spectrum ထဲမှာရှိတဲ့ Frequency Band တွေအကုန် တူညီစွာရှိတဲ့အခါ White Noise ထွက်လာပါတယ်။

White Noise တွေက လူတွေကြားနိုင်တဲ့ frequency 20 မှ 20 kHz အတွင်းရှိတာမို့လို့ သီချင်းတွေနဲ့ Percussion Instrument တွေမှာ အများဆုံးသုံးကြပါတယ်။

Tinnitus ရှိတဲ့သူတွေနဲ့ အိပ်ပျော်ဖို့ခက်ခဲတဲ့သူတွေ မှာလည်း သုံးကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဦးနှောက်ဟာ Frequency တစ်ခုတည်းရှိတဲ့အသံတွေကို ဖမ်းယူတာ လွယ်ပေမဲ့ Frequency အများကြီးပါတဲ့အသံတွေဆိုရင်တွေ ဖမ်းယူဖို့ခက်ခဲလို့ပါ။ ခုနကပြောပြခဲ့သလိုပဲ White Noise မှာ Frequency တွေအများကြီးက တူညီတဲ့ ပုံစံအတိုင်း ရှိနေတာဖြစ်လို့အခြား Background Noise တွေကိုဖုံးပစ်ပေးပြီး ဦးနှောက်က အဲ့လို အသံတွေကို မကြားနိုင်အောင် Blocker အနေနဲ့ ဆောင်ရွက်ပေးတာပါ။ အဲ့အချက်ကြောင့် Sleep Noise အနေနဲ့အသုံးပြုလို့ရသွားတာပါ။

2.Pink Noise

Pink Noise ရဲ့ Frequency က Power နဲ့ပြောင်းပြန်အချိုးကျပါတယ်။ Frequency မြင့်လာလေလေ Power ကျသွားလေလေပါ။

Scientists တွေက လူနာရဲ့Flat Frequency Response တွေကို စမ်းသပ်တဲ့နေရာမှာသုံးပါတယ်။ Low Frequency ဆိုရင် Power မြင့်တဲ့အတွက် အခြား Low Frequency Background Noise တွေရှိတဲ့နေရာမှာ ဆူညံသံကိုဖုံးချင်ရင်လည်းသုံးပါတယ်။ Neuron Journal စာတမ်းတစ်ခုအရ တစ်ချို့သော လူတွေဟာ Pink Noise Stimulation နဲ့ဆို ပိုကောင်းကောင်းအိပ်ကြောင်းတွေ့ရပါတယ်။

3.Brown Noise (Red Noise)

Brown Noise ကို  Red Noise လို့လည်း ခေါ်ကြပါတယ်။ Brown Noise ဆိုတဲ့ နာမည်က Brownian noise ဆိုတာက လာပါတယ်။ Brownian Noise ဆိုတာ  “Distant Ambient Noise Of Water” ကိုယူထားတာဖြစ်ပြီး Brownian ဆိုတာ ရေထဲမှာ random လှုပ်ရှားနေတဲ့ အမှုန်အမွှား လေးတွေကနေ ဖြစ်ပေါ်လာတဲ့ တုန်ခါမှု မှတဆင့်ပေါ်ပေါက်လာတဲ့ အသံ (Noise) ကို အခြေခံထားတာပါ။ Pink Noise ရဲ့ Deeper Version ဖြစ်ပြီး Pink Noise ရဲ့ Principle အတိုင်းပဲFrequency နိမ့်လေလေ Power ပိုများလေလေပါ။

ဒီလို Frequency နဲ့ Power ပြောင်းပြန် အချိုးကျတဲ့အတွက် High Frequency အသံတိုးတိုးကြောင့် focus လိုတဲ့အချိန်တွေဖြစ်တဲ့ စာလေ့လာသင်ယူချိန်နဲ့ အိပ်စက်ချိန်မှာ သုံးကြပါတယ်။

Brown Noise ကို နားထောင်လိုက်ရင် ရေအောက် မှာ ကြားရတဲ့အသံမျိုးနဲ့ ခရုခွံကို နားမှာကပ်ပြီးနားထောင်တဲ့အခါ ကြားရသလို အသံမျိုးကိုကြားရမှာပါ။

4.Blue Noise (Azure Noise)

Blue Noise က Pink Noise နဲ့ပြောင်းပြန်ပါ။ Frequency က Power နဲ့တိုက်ရိုက်အချိုးကျပါတယ်။

 High frequency တွေကို အဓိကထားတဲ့ Noise မို့လို့ နားအတွက် အနည်းငယ်တော့ စူးကောင်းစူးနိုင်ပါတယ်။ Digital Audio နဲ့ Video Data တွေ Processing လုပ်ဖို့ သုံးကြပါတယ်။

5.Violet Noise (Purple Noise)

Purple Noise လို့လည်းခေါ်ကြတဲ့ Violet Noise တွေက Brown Noise နဲ့ဆန့်ကျင်ဘက်ပါ။High Frequency Noise တွေ ကိုအဓိကထားတာဖြစ်လို့ကြာကြာနားထောင်ရင် နားမခံနိုင်တဲ့အထိဖြစ်တတ်ပါတယ်။ High Frequency Background Noise တွေ၊ အချို့ Tinnitus နဲ့Hearing Loss တွေအတွက်အသုံးဝင်ပါတယ်။

6.Grey Noise (Perceptual Noise)

Grey Noise က White Noise နဲ့ အနည်းငယ်ဆင်တူပါတယ်။ Inverted A-weighting curve ဖြစ်တဲ့အတွက် Psychoacoustic equal Loudness Curve တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ဘယ် frequency အတွက်မဆို တူညီတဲ့ Loudness နဲ့ကြားရမှာဖြစ်ပြီး White Noise နဲ့မတူတာက Frequency တစ်ခုဆီအတွက် တူညီတဲ့ Power ရှိမနေတညလေးပါ။ ဒါပေမဲ့ သူ့ Graph အရ High နဲ့ Low Frequencies တွေမှာ Power ပိုမြင့်ပြီး လူတွေအဓိက ကြားရတဲ့ Middle range Frequencies တွေမှာတော့ Intensity နည်းသွားပါတယ်။ ဒါကြောင့် ကြားနေရတဲ့ အသံတွေက frequency အနည်းငယ်ပြောင်းသွားပေမဲ့ အကုန် တူတူပဲလို့ ခံစားရစေမှာပါ။နားထောင်သူအတွက် pleasant feeling ရစေမဲ့ အသံမျိုးပါ။