AudioService Smart Mic

Smart Mic ဆိုတာ ဘာလဲ? Smart Mic ဆိုတာ Bluetooth နဲ့ ချိတ်ဆက်လို့ ရတဲ့ Device မှန်သမျှ ကို နားကြားကိရိယာနဲ့ ချိတ်ဆက် အသုံးပြုလို့ရတဲ့ အားသွင်းနိုင်သော Powerful Electronic Device တစ်ခုပါ။ Smart Mic ကို…

View More AudioService Smart Mic

CPAP mask တွေ ကအမျိုးအစားအများကြီးပဲ။ ဘာတွေကွာခြားတာလဲ?

CPAP စက်တွေကို ကျန်းမာရေးအတွက် အသုံးချကြတဲ့အခါ ရွေးချယ်စရာ Mask အမျိုးအစားတွေ အများကြီးရှိတာကို တွေ့ရတဲ့အခါ လူနာတွေ အမေးအများဆုံးဖြစ်တဲ့ ဘာကွာလဲ နဲ့ ဘာအမျိုးအစားကို ရွေးရမလဲ ဆိုတာ ကို အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ ထိရောက်တဲ့ကုသမှုရှိဖို့ ကိုယ့်မျက်နှာနဲ့ ကိုက်ညီတဲ့mask အမျိုးအစားနဲ့ ကွက်တိ ကျတဲ့size ကိုရွေးချယ် တတ်ဖို့ အလွန်ရေးကြီးပါတယ်။ Mask တွေကို အကြမ်းဖျင်း အနေနဲ့  ၁။ Full Face Mask ၂။Nasal Mask ၃။Nasal Pillow Mask ၄။Hybrid Mask ၅။Nasal Prong Mask ၆။Total Face Mask ၇။Oral Mask ဆိုပြီး ၇ မျိုးခွဲထားပြီး တစ်ခုချင်းဆီမှာ Mask Frame , Mask…

View More CPAP mask တွေ ကအမျိုးအစားအများကြီးပဲ။ ဘာတွေကွာခြားတာလဲ?

အိပ်-ဟောက်-ရှူ-ပိတ်ရောဂါ (Obstructive Sleep Apnoea- OSA) အတွက် အိပ်စက်မှုနှုန်း တိုင်းတာစစ်ဆေးခြင်း

Sleep Study Test ဆိုတာဘာလဲ? Sleep Study Test ဆိုတာ OSA ရောဂါ ရှိ/မရှိကို Polysomnography (PSG) ဆိုတဲ့စစ်ဆေးနည်းနဲ့ စမ်းသပ်စစ်ဆေးပေးတာ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ စက်တပ်ဆင်ထားပြီး အိပ်စက်နေချိန်အတွင်း သွေးတွင်း Oxygen ပါဝင်မှုနှုန်း၊ အသက်ရှုနှုန်း၊ နှလုံးခုန်နှုန်း၊ အသက်ရှုသည့်…

View More အိပ်-ဟောက်-ရှူ-ပိတ်ရောဂါ (Obstructive Sleep Apnoea- OSA) အတွက် အိပ်စက်မှုနှုန်း တိုင်းတာစစ်ဆေးခြင်း

မိမိရဲ့နားကြားကိရိယာရေစိုသွားရင်ဘာလုပ်ရမလဲ?

နားကြားကိရိများဟာ သေးသွယ်တဲ့ Electronic Devices တွေဖြစ်တာကြောင့် ပုံမှန်အားဖြင့်ရေစိုလို့ မရပါဘူး။ လူတစ်ယောက်မှာ ပုံမှန်ထွက်လေ့ရှိတဲ့ ချွေးနဲ့ အဆီတွေအတွက်က ပုံမှန်အဝတ်ခြောက်နဲ့သုတ်ပေးခြင်း နဲ့ နားကြပ်မှာ နားဖာချေးပိတ်နေရင် သန့်ရှင်းရေးလုပ်ပေးခြင်းက လုံလောက်ပေမဲ့ ကံအားမလျော်စွာ ရေချိုးချိန်ချွတ်ရန်မေ့လျော့သွားခြင်း နဲ့ မိုးရေထဲထီးမပါဘဲ သွားလာမိခြင်းက နားကြားကိရိယာကို ရေစိုသွားစေပြီး စက်ရဲ့စွမ်းဆောင်ရည်ကိုလျော့ကျစေနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်တွေဆို ဘာလုပ်ရမလဲ? ‼️နားကြားကိရိယာကို ချက်ခြင်းပိတ်ပါ။ ‼️ဓာတ်ခဲကို နားကြားကိရိယာမှ ချက်ခြင်းထုတ်ပါ။ ‼️နားကြားကိရိယာမှ ရေများကို ကုန်စင်လုနီးပါးဖြစ်အောင် နားကြားကိရိယာကို သေချာ ခါပါ။ ခါနေစဉ် ဓာတ်ခဲ ထည့်သည့်အကန့်ကို ဖွင့်ထားပါ။ ‼️ရေလက်ကျန်များ ခြောက်သွားရန် ရေစုပ်မည့် သတင်းစာစက္ကူ ပေါ်တွင် တစ်ညတာတင်ထားခြင်း သို့မဟုတ် အပူငွေ့နွေးနွေး (အလွန်အမင်းပူသောနေရာ မဖြစ်ရပါ) ထွက်သော နေရာ တစ်ခုခု တွင် တစ်နာရီခန့် တင်ထားပါ။ ရေငွေ့စုပ်သည့်အထုတ်လေးများနှင့်အတူထားခြင်း ကလည်း ကောင်းသော နည်းလမ်းတစ်ခုပါ။ Another Alternative : Using Electric Disinfection Dryer…

View More မိမိရဲ့နားကြားကိရိယာရေစိုသွားရင်ဘာလုပ်ရမလဲ?

သိထားသင့်တဲ့ Autism အမျိုးအစားများ

Autism လို့ပြောလိုက်ရင် အများမျက်လုံးထဲမြင်ကြမှာက ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေပုံရိပ် ပဲ ဖြစ်ပါလိမ့်မယ်။ Autism ရောဂါကို ကလေးအသက် ၂ နှစ်ကနေစပြီး ရောဂါလက္ခဏာတွေကိုတွေ့ရလေ့ရှိပါတယ်။ တကယ်တော့ Autism (Autism Spectrum Disorder) လို့ပြောလိုက်ရင် အကြမ်းဖျင်း သုံးမျိုးခွဲခြားလို့ရပါတယ် ။ ၁။ Autism Disorder (Classic Autism) ဒါက လူတွေ အသိများတဲ့ Autism ရောဂါ အမျိုးအစားဖြစ်ပါတယ်။ ဒီအမျိုးအစားဖြစ်နေတဲ့သူတွေမှာ – ✅ဘာသာစကားမှာ သိသိသာသာ နောက်ကျခြင်း ✅လူမှုဆက်ဆံရေးမှာ အခက်အခဲရှိခြင်း (ဥပမာအားဖြင့် စကားပြောလျှင်မျက်လုံးခြင်းမဆုံခြင်း၊ ပြောသောစကားနဲ့ မအပ်စပ်သော ခန္ဓာကိုယ် အမူအကျင့်တစ်ခုခုကို…

View More သိထားသင့်တဲ့ Autism အမျိုးအစားများ

Hearing Loss & Dementia

အသက်အရွယ်ကြီးလာတဲ့ အဖိုးအဖွားတွေမှာဆိုရင် Dementia လို့ခေါ် တဲ့ အသိမှတ်ဉာဏ်လျော့ပါးလာတဲ့ ရောဂါဖြစ်လေ့ရှိပါတယ်။ Dementia ဖြစ်တဲ့ သူတွေရဲ့ 8% ‌က အကြားအာရုံ ချို့ယွင်းမှုနဲ့ ဆက်နွယ်နေတာကို လည်း သုတေသနစာတမ်းတွေမှာ ဖော်ပြထားပါတယ်။

View More Hearing Loss & Dementia

CPAP စက်နှင့် Accessories များ သန့်စင်ပုံ အဆင့်ဆင့်

လိုအပ်သော ပစ္စည်းများ ရေဇလုံ သို့မဟုတ် ဘေစင်၊ ရေနွေး၊ ဆပ်ပြာဆီ ‌အပျော့စား၊ အဝတ်သန့် CPAP စက်နှင့် Accessories များကို အဆင့်ဆင့် ဘယ်လိုသန့်မလဲ? ⁉️ သတိပြုရန် ⁉️ ၁။ Brush အကြမ်းများဖြင့် ပွတ်တိုက်ဆေးကြောမိပါက အစင်းရာများထင်သွားလျှင် ထိုအစင်းရာများကြားတွင် ဘတ်တီးရီးယားပိုးများကိန်းအောင်းနေတတ်သောကြောင့်…

View More CPAP စက်နှင့် Accessories များ သန့်စင်ပုံ အဆင့်ဆင့်

နားကြားကိရိယာတွေဘာကြောင့်ပျက်တာလဲ?

နားကြားကိရိယာတွေက ကိုယ်နဲ့မကွာ အမြဲဆောင်ထားရတဲ့ သေးငယ်တဲ့လျှပ်စစ်ပစ္စည်းတွေဖြစ်တာကြောင့်တစ်ခါတစ်ရံ သတိမထားမိလိုက်တာကြောင့် အသံမကြားရတော့တာမျိုး၊ ဓာတ်ခဲအံထုတ်မရတော့တာမျိုး နဲ့ Speaker က အလုပ်မလုပ်တော့တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ဘယ်လိုအချက်တွေက နားကြားကိရိယာကို ပျက်စီးစေတတ်လည်းဆိုတာပြောပြပါမယ်။

View More နားကြားကိရိယာတွေဘာကြောင့်ပျက်တာလဲ?

သိုင်းရွိုက်ဟော်မုန်း (Thyroid Hormone) နဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ ဘယ်လိုဆက်စပ်မှုရှိလဲ❓

သိုင်းရွိုက်ဟော်မုန်းနဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) က အပြန်အလှန်ဆက်စပ်မှုရှိနေတတ်ပါတယ်။ အထက်မှာဖော်ပြ ထားတဲ့ အတိုင်း သိုင်းရွိုက်ဟော်မုန်းအနည်းအများကြောင့် OSA ရောဂါဖြစ်နိုင်သလို OSA ရှိခြင်းကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

View More သိုင်းရွိုက်ဟော်မုန်း (Thyroid Hormone) နဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ ဘယ်လိုဆက်စပ်မှုရှိလဲ❓