နားအတွင်းမှ လေထွက်ခြင်း

နားအတွင်း မှ လေထွက်ခြင်းက အန္တရာယ် ရှိလား ?

ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်တဲ့ အချိန်တွေမှာ နားအတွင်းမှ လေထွက်တဲ့ ခံစားမှုမျိုး ကို လူတိုင်း ခံစားဖူးကြမယ် ထင်ပါတယ်။ နားအတွင်းမှ လေထွက်ခြင်း က တစ်ခါတစ်ရံ ဖြစ်တာမျိုး ဆိုရင်တော့ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့ နားအတွင်းရှိ လေဖိအား Pressure ကို ချိန်ညှိပေးတဲ့ ဇီဝကမ္မ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ ခဏတာ နားအတွင်းမှ လေထွက်ခြင်းက ပြဿနာ မဟုတ်ပေမယ့် အချိန် အတန်ကြာ လေထွက်တဲ့ ခံစားချက်မျိုး ဖြစ်နေပြီး အကြားအာရုံ လျော့နည်းတဲ့ အထိပါဖြစ်လာရင်တော့ မပေါ့ဆ သင့်ပါဘူး။

ဘာကြောင့် နားအတွင်းမှ လေထွက်တာလဲ?

နားအတွင်းမှ လေထွက်နိုင်တဲ့ အကြောင်းအရင်းတွေ တော့ အများကြီး ရှိပါတယ်။

(၁) Eustachian Tube Dysfunction

Eustachian Tube ဆိုတာ လည်ချောင်းနောက်ဘက်နှင့် နားအတွင်းဆက်စပ်ထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ Eustachian tube အပွင့်၊ အပိတ် ကောင်းကောင်းမလုပ်နိုင်လျှင် နားအတွင်းတွင် လေထွက်နေသလို၊ လေတွေပိတ်စို့နေသလိုမျိုး ဖြစ်ကာ နားအတွင်း မသက်မသာ ဖြစ်တဲ့ ခံစားမှုမျိုးရနိုင်ပါတယ်။

(၂) Earwax

နားအတွင်း အညစ်အကြေးများ စုနေလျှင် လေထွက်တဲ့ ခံစားချက်မျိုးရနိုင်ပါတယ်။

(၃) Changes in Pressure

လေဖိအားအပြောင်းအလဲ မြန်တဲ့ တောင်ပေါ်တတ်တဲ့ အခါမျိုးတွေမှာလည်း နားအတွင်းလေထွက်တတ်ပါတယ်။

(၄) Middle Ear Infection

အတွင်းနားတွင်း ပိုးဝင်ခြင်းမှလည်း လေထွက်တဲ့ခံစားချက်မျိုးရနိုင်ပါတယ်။

(၅) Perforated Eardrum

နားစည်တွင် အပေါက်ဖြစ်ခြင်း သို့မဟုတ် နားစည်ပြဲ ခြင်းကြောင့် လေထွက်တဲ့ ခံစားမှုရနိုင်ပါတယ်။

(၆) Temporal Bone Fracture

(၇) Neurological Conditions

အာရုံကြောဆိုင်ရာပြဿနာများ။

(၈) Temporomandibular Joint (TMJ) Disorders

စတဲ့ အကြောင်းအရာတွေထဲမှ နားစည်ထိခိုက်ခြင်းတို့လို အရေးကြီးတဲ့ ရောဂါပြဿနာတွေ ဖြစ်နေနိုင်တာကြောင့် လေထွက်ရုံဆိုပြီး မပေါ့ဆဘဲ သက်ဆိုင်ရာ ဆရာဝန်နှင့် ကုသမှု ခံယူသင့်ပါတယ်။