Anxiety လို့ပြောလိုက်တာနဲ့ အိပ်စက်ခြင်းကို အဓိက ဒုက္ခပေးတဲ့ စိတ်ခံစားချက်တစ်ခုဆိုတာ ကျွန်တော်တို့ပြောစရာမလိုဘဲ သိနှင့်ပြီးသားဖြစ်တယ်။ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှု စသော ခံစားချက်တွေက ကျွန်တော်တို့ကို ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲစေတဲ့အကြောင်းရင်းတွေ ဖြစ်တယ်။ အိပ်ရေးပျက်တော့ နောက်တစ်နေ့မလန်းမဆန်းဖြစ်ပြီး ပိုanxiety များလာစေတယ် ။ တဖြည်းဖြည်းနဲ့ အိပ်ရမှာ ကြောက်လာပြီး အနှုတ်လက္ခဏာဆောင်တဲ့ ဘဝတစ်ခုကို မမျှော်လင့်ဘဲ ရရှိလာကြတယ်။ Anxiety disorder သည် မြန်မာမှာ သာမက ကမ္ဘာပေါ်ရှိလူသားအားလုံး ရင်ဆိုင် ဖြေရှင်းနေရတဲ့ ပြဿနာ တစ်ခုဖြစ်လာတယ်။ အိပ်ရေးမဝခြင်း၊ အိပ်ရေးမလုံလောက်ခြင်း က လူတစ်ယောက်ရဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေး ကို အဓိကသက်ရောက်စေတဲ့ anxiety နဲ့ အိပ်စက်ခြင်း ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို သိရှိပြီးဖြေရှင်းဖို့ လိုအပ်ပါတယ်။
Anxiety ဆိုတာဘာလဲ? Anxiety disorder ဆိုတာရောဘာလဲ?
Anxiety ဆိုတာ စိုးရိမ်ပူပန်ခြင်း၊ စိတ်မလျှော့ချနိုင်ခြင်းဖြစ်တယ်။ သာမန်လူတစ်ယောက်မှာ stressful အခြေအနေ၊ ကြောက်ရွံ့စရာကောင်းတဲ့ အခြေအနေတွေမှာ anxiety ဖြစ်ခြင်းကအထူးအဆန်းတော့ မဟုတ်ပါ။ သိုပေမဲ့ anxiety disorder ကတော့ နေ့စဉ်ရက်ဆက် အချိန်အတော်များများ ကိစ္စသေးသေးလေးတိုင်းကို စိုးရိမ်မှုလွန်ကဲနေခြင်းကို ဆိုလိုခြင်းဖြစ်တယ်။
Anxiety ဆိုတာ စိုးရိမ်ပူပန်ခြင်း၊ စိတ်မလျှော့ချနိုင်ခြင်းဖြစ်တယ်။ သာမန်လူတစ်ယောက်မှာ stressful အခြေအနေ၊ ကြောက်ရွံ့စရာကောင်းတဲ့ အခြေအနေတွေမှာ anxiety ဖြစ်ခြင်းကအထူးအဆန်းတော့ မဟုတ်ပါ။ သိုပေမဲ့ anxiety disorder ကတော့ နေ့စဉ်ရက်ဆက် အချိန်အတော်များများ ကိစ္စသေးသေးလေးတိုင်းကို စိုးရိမ်မှုလွန်ကဲနေခြင်းကို ဆိုလိုခြင်းဖြစ်တယ်။
ဒါဆိုသင် anxiety ဖြစ်နေရင် ဘယ်လိုခံစားရမလဲ?
- စိတ်မအေးချမ်းဘဲ ဂနာမငြိမ်ဖြစ်ခြင်း။
- တစ်ခုခုကိုအာရုံ မစိုက်နိုင်ခြင်း။
- ကိုယ့်စိတ်ကို ထိန်းချုပ်လို့မရခြင်း။
- လက်တုန်ခြင်း၊ အသက်ရှူသံမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ချွေးပြန်ခြင်း ၊ပင်ပန်းနွမ်းနယ်ခြင်း စတာတွေခံစားနေရပြီဆိုရင် မပေါ့ဆဘဲ anxiety disorder ဖြစ်တဲ့အထိ မဆိုးဝါးအောင် ဂရုစိုက်သင့်ပါတယ်။
ဒါဆိုရင် Anxiety နဲ့ အိပ်စက်ခြင်း ဘယ်လိုဆက်စပ်နေလဲ?
လူတော်တော်များများက စိုးရိမ်ပူပန်မှုတွေကို မသိစိတ်ထဲမှာ စွဲနေတတ်တယ်။ အိပ်ခါနီးမှာလည်း အဖန်တလဲလဲပြန်တွေးနေတတ်ပြီး အိပ်မပျော်ဖြစ်တတ်တယ်။ ဒါကြောင့် insomnia ဆိုတာ anxiety disorder ရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ လေ့လာတွေ့ရှိချက်တွေအရ anxiety က REM (rapid eye movement)ကို လည်း သက်ရောက်စေသည့်အတွက် အိမ်မက်ဆိုးတွေကိုလည်းမက်စေနိုင်တယ် ။ တစ်ချို့ဖော်ပြချက်တွေမှာဆို အိပ်မပျော်ခြင်းက anxiety ရဲ့ လက္ခဏာတစ်ခုသာမက anxiety disorder ကိုပိုဆိုးစေတယ်လို့ ဖော်ပြထားတယ်။ Anxiety ကြောင့်အချိန်တော်ကြာ အိပ်ရေးပျက်လာတဲ့အခါ စိတ်ကျန်းမာရေးကိုလည်းထိခိုက်စေတဲ့အပြင် စိတ်ကျရောဂါပါထပ်ရနိုင်ပြီး anxiety အပြင် depression ပါထပ်ပေါင်းရသွားနိုင်တယ်။ အထူးသဖြင့် အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိတဲ့လူနာ တွေမှာဆိုရင် ဒါတွေခံစားရနိုင်ဖို့ ရာခိုင်နှုန်းအတော်များကြောင်း တွေ့ရှိရပါတယ်။
အကယ်၍သင့်မှာ anxiety ရှိရင်ဘယ်လိုအိပ်ပျော်အောင်လုပ်မလဲ?
ပထမဦးဆုံး anxiety disorder တွေက ကုသလို့ရတဲ့ ရောဂါတွေဆိုတာသိထားရမှာဖြစ်တယ်။ ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလမ်းတွေကတော့
- ကောင်းမွန်စွာအနားယူခြင်း။
- ကောင်းမွန်တဲ့ အိပ်စက်ခြင်းအလေ့အကျင့်တည်ဆောက်ခြင်း။
- caffeine နှင့် အရက် ကို ရှောင်ခြင်း။
- တရားထိုင်ခြင်း။
- အသက်ရှုလေ့ကျင့်ခန်း စတဲ့ အချက်များကို စမ်းသပ်ကြည့်လို့ ရပါတယ်။