Aerophagia (လေမျိုချခြင်း)

၀မ်းဗိုက်ဖောခြင်း၊လေတက်ခြင်း၊ဗိုက်နာခြင်း အစရှိတဲ့လက္ခဏာများကို  CPAP အသုံးပြုသူတွေအများစုက ကြုံဖူးကြမှာပါ။ ပုံမှန်စားသောက်ခြင်း စကားအမြန်ပြောခြင်း တို့မှလဲ လေမျိုချတတ်ကြပါတယ်။

CPAP အသုံးပြုသူတွေမှာ ကြုံတွေ့ရတဲ့ လေမျိုချခြင်းဆိုသည်မှာ CPAP ကထွက်တဲ့လေတွေက အဆုတ်ထဲမရောက်ဘဲ အစာပြွန်မှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်သွားခြင်းကိုဆိုလိုတာပါ။

CPAP မှာကြုံတွေ့ရတဲ့ လေမျိုချခြင်းက CPAP ရဲ့ဘေးထွက်ဆိုးကျိုးတစ်မျိုးပါ။ ထို့ကြောင့် Aerophagia လေမျိုချခြင်းဖြစ်စေသောအချက်များ နှင့် မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများသိရှိထားဖို့အရေးကြီးပါတယ်။

CPAP Pressure ( လေဖိအား ) များခြင်း

CPAP pressure( လေဖိအား ) လိုအပ်သည်ထက်ပိုပေးမိသောအခါ လေအပိုများသည် အစာပြွန်မှတစ်ဆင့် အစာအိမ်လမ်းကြောင်းထဲသို့ရောက်သွားတတ်ကြသည်။

CPAP ဖိအား မလုံလောက် သို့ များနေသည်ဟုခံစားမိ ပါကဆရာ၀န်ဖြင့်တိုင်ပင်၍ လေဖိအားအတိုးအလျှာ့ပြုလုပ်ရန်။

ရောင်းချပေးသောသူအားပြန်လည်ဆက်သွယ်၍ စက်အား ဆရာ၀န်ညွှန်ပေးသော ဖိအားအတိုင်းပေးမပေး ပြန်စစ်ရန်။

CPAP Pressure ( လေဖိအား ) နည်းခြင်း

CPAP pressure ( လေဖိအား ) လိုအပ်သည့်ပမာဏ မရောက်သောအခါ  လေဖိအားက ပိတ်နေသောအသက်ရှုလမ်းကြောင်း ကိုမဖွင့်နိုင်တော့ပါ။ ထိုအခါ အိပ်နေစဉ် လေရရှိရန် ပါးစပ်မှတစ်ဆင့် လေူရ‌ သော ကြောင့် အစာပြွန်ထဲသို့လေများရောက်သွားတတ်ကြသည်။

CPAP ဖိအား မလုံလောက် သို့ များနေသည်ဟုခံစားမိ ပါကဆရာ၀န်ဖြင့်တိုင်ပင်၍ လေဖိအားအတိုးအလျှာ့ပြုလုပ်ရန်။

ရောင်ချပေးသောသူအားပြန်လည်ဆက်သွယ်၍ စက်အား ဆရာ၀န်ညွှန်ပေးသော ဖိအားအတိုင်းပေးမပေး ပြန်စစ်ရန်။

Mask အမျိုးအစားမှားယွင်းခြင်း

သင်သည် အိပ်ပျော်‌ နေစဥ် ပါးစပ်ဖြင့်အသက်ရှုတတ်သူဖြစ်ပြီး နှာခေါင်းကိုပဲအုပ်သော mask (nasal mask) အသုံးပြုသူဖြစ်ပါက CPAP မှသွင်းပေးလိုက်သောလေများ ပွင့်နေသောပါးစပ်ပေါက်မှပြန်ထွက်သွားတတ်သည်။ထိုအခါ အသက်ရှုလမ်းကြောင်းကိုမဖွင့်နိုင်တော့ဘဲ အထက်က လေဖိအားနည်းခြင်းမှာ ဖေါ်ပြထားသကဲ့သို့ပါစပ်ဖြင့်အသက်ရှုရသောကြောင့် လေမျိုချတတ်ကြသည်။

သင်နှင့်ကိုက်ညီသော mask ကိုရွေးချယ်အသုံးပြုသင့်ပါသည်။ သင့်တပ်ဆင်သော တွင် မကြာခဏ လေစိမ့်ထွက်ခြင်း ဖြစ်ပါကအခြား mask အမျိုးအစား ရွေးချယ်အသုံးပြုသင့်ပါသည်။ 

ပါးစပ်ဖြင့်အသက်ရှူသူဖြစ်ပါက ပါးစပ်ပါအုပ်သော full face mask အမျိုးအစား အသုံးပြုသင့်ပါတယ်။

လေအရှုအထုတ် စည်းချက် မမှန်ခြင်း

CPAP မှ တစ်သတ်မတ်တည်း ထုတ်ပေးသော လေဖိအား ကိုရှူသွင်းရာတွင် အခက်အခဲမရှိပေမဲ့ ရှူထုတ်ရာတွင် လေဖိအားကိုဆန့်ကျင်ပြီးရှုထုတ်ရသောအခါ စိုရိမ်ပူပန်ခြင်းအသက်ရှုကျပ်ခြင်းများခံစားတတ်ကြသည်။ထိုအခါ လေအရှုအထုတ် စည်းချက်ပျက်ကာ အသက်ရှုမြန်လာတတ်ကြသည်။လေမြန်မြန်ရှုလိုက်သောအခါ လေများသည် အဆုတ်ထဲသို့မရောက်ဘဲ အစာပြွန်ထဲသို့ရောက်သွားတတ်ကြသည်။

တစ်ချို့စက်များတွင် အသက်ရှုထုတ်ချိန်တွင် ဖိအားလျှော့ပေးသော နည်းပညာပါ၀င်ပါသည်။ CPAP တံဆိပ် ပေါ်မူတည်၍ နည်းပညာနာမည် (BMC CPAP များတွင် RESlex နည်းပညာ) အမျိုးမျိုးရှိကြပါတယ်။ သင့်၏ CPAP အရောင်း center သို့ဆက်သွယ်၍ သင်၏ CPAP တွင်ထိုနည်ပညာ ပါမပါမေးမြန်းသင့်ပါသည်။

AutoCPAP နှင့် BiPAP များတွင်‌ ‌ လေရှူထုတ် ဖိအားသီးသန့်ခွဲထုတ် ပေးနိုင်သဖြင့် လေရှူထုတ်ရာတွင် သက်သောင့်သက်သာရှိစေပါတယ်။

One Reply to “Aerophagia (လေမျိုချခြင်း)”

Leave a Reply

Your email address will not be published. Required fields are marked *