ဓာတ်မတည့်ခြင်းက နားအကြားအာရုံ ခဏတာ ဆုံးရှုံးမှုကို ဖြစ်စေပါတယ် ။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဓာတ်မတည့်ခြင်းဖြစ်ပေါ်လာတဲ့အခါမှာ နှာချေခြင်း၊ ယားယံခြင်း၊ ဖောခြင်း၊ ချွဲတွေပုံမှန်ထက်ပိုထွက်ခြင်း စတာတွေခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့ရဲ့ အကြားအာရုံဖြစ်တဲ့ နားအတွင်းမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် နားအတွင်းမှာ အသံလှိုင်းတွေ ဝင်မလာနိုင်တဲ့ ပိတ်စို့ခြင်းကိုဖြစ်ပေါ်စေပြီး Temporary conductive hearing loss လို့ခေါ်တဲ့ ခဏတာ အကြားအာရုံဆုံးရှုံးခြင်းကို ဖြစ်ပေါ် စေတာဖြစ်ပါတယ်။ Conductive Hearing Loss က ကုသလို့ရတဲ့ အကြားအာရုံဆုံးရှုံမှု ဖြစ်တဲ့အတွက် စိတ်ပူစရာမလိုဘဲ သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ပြီး ကုသလို့ရပါတယ်။
ဓာတ်မတည့်ခြင်းကြောင့်အကြားအာရုံထိခိုက်ထားပါက ဘာတွေရှောင်ရမလဲ?
သင့်ရဲ့နားအတွင်းကို လက်ဖြင့်ကုတ်ခြင်း၊ နားဖာကလော်တံ၊ ပင်အပ်၊ နားဖာကြပ်တံ တွေဖြင့် ကလော်ခြင်း စတာတွေကိုရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒါတွေအစား သင့်ရဲ့နားကို ရေနွေးဝတ်စိုစိုဖြင့် ညင်ညင်သာသာ သန့်စင်ပေးသင့်ပါတယ်။
ဓာတ်မတည့်ခြင်းကြောင့်ကျွန်တော်တို့နားအတွင်း နေရာ(၃) ခုကို ထိခိုက်နိုင်ပါတယ်။
(၁) အပြင်နား( ဓာတ်မတည့်ခြင်းက နားအပြင်ဘက်နှင့် နားလမ်းကြောင်းကို ယားယံ ၊ ယောင်ယမ်းစေပါတယ်။)
(၂) အလယ်နား( ဓာတ်မတည့်ခြင်းမှစ၍ ဘတ်တီးရီးယားများပေါက်ပွါးလာပြီး နားပြည်ယိုခြင်း၊ မူးဝေခြင်းအထိပါ ဖြစ်နိုင်ပါတယ်။)
(၃) အတွင်းနား (ပုံမှန်လူဆို ဘာသက်ရောက်မှုမှ မရှိနိုင်ပေမဲ့ Meniere’s Disease ရှိတဲ့သူဆိုရင်တော့ အကြားအာရုံထိခိုက်နိုင်ပါတယ်။)
Allergen နှင့် နားကြားကိရိယာ
Allergens လို့ခေါ်တဲ့ အမှုန်တွေက နားကြားကိရိယာထဲတွင် ပိတ်စို့နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လေးမိမိရဲ့ နားကြားကိရိယာကို သန့်စင်ပေးခြင်းဖြင့် မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။