📢ယနေ့ကျရောက်တဲ့ မေလ ၃၁ ရက်နေ့ကို “𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲” အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သတ်မှတ်ထားပါတယ်။ 📢
❗❗ဆေးလိပ်၊ ဆေးရွက်ကြီး နှင့် Vape သုံးစွဲခြင်းကြောင့် နာတာရှည် အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့် သက်ဆိုင်သောရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို နှင့် ကင်ဆာရောဂါ၊ ကိုယ်ခံအားကျခြင်းတို့ ဖြစ်နိုင်သည့်အပြင် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိသူမှာလည်း အလားတူရောဂါများ ဖြစ်ပွားနိုင်ပါတယ်။
ကလေးငယ်များအနေနဲ့ ဆေးလိပ်ငွေ့ကို ဆေးလိပ်သောက်သူမှတစ်ဆင့် ရှူရှိုက်မှုများလာပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ချေ မြင့်တက်လာနိုင်ပါတယ်။
ဆေးလိပ်မသောက်လျှင် အစမပြုပါနှင့်။ သောက်နေလျှင် ရပ်တန့်လိုက်ပါ။⛔