🔽 နေ့စဥ်နဲ့အမျှ လုပ်ငန်းခွင် ဖိအားတွေကို ကြုံတွေ့နေရတဲ့ ကျနော်တိုဟာ ကျန်းမာရေးကို အာရုံစိုက်ဖို မေ့လျော့လာတာမျိုး ဖြစ်လာတတ်ကြပါတယ်။ 〽️
🔻 အလုပ်လုပ်တာမျိုးကြောင့် မိမိရဲ့ အိပ်စက်ချိန်တွေ လျော့နည်းသွားတာမျိုးက ကျန်းမာရေးကို ထိခိုက်စေပြီး အချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ အလုပ်လုပ်နိုင်စွမ်းပါ ကျဆင်းလာပြီး မိမိကိုယ်ကို စိတ်ကျေနပ်မှုမရှိခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အလုပ် နဲ့ ကိုယ်ပိုင် အိပ်စက်ချိန် ကို သေချာ မျှတစွာ ထားရှိဖိုလိုအပ်ပါတယ်။✅✅✅
၁။ အိပ်စက်ချိန်မလုံလောက်ခြင်းက အဝလွန်ခြင်း၊ နှလုံး နှင့် သွေးတိုး ဆီးချိုရောဂါ ဖြစ်ပွားစေနှုန်း မြင့်စေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကျပြီး မကြာခဏ ဖျားနာခြင်းမျိုး ဖြစ်စေတတ်ပါတယ်။ 🔻🔻
၂။ ကောင်းမွန်စွာ အိပ်စက်ခြင်းက မှတ်ဉာဏ်စွမ်းရည်ကောင်းစေပါတယ်။ ပြဿနာဖြေရှင်းခြင်း၊ မှန်ကန်စွာ ဆုံးဖြတ်ခြင်းချနိုင်ခြင်း၊ တီထွင်တွေးခေါ်ကြံဆနိုင်စွမ်း တိုနှင့် ဆက်စပ်နေပြီး သင်ယူမှုမှာလည်း လျင်မြန်စွာ မှတ်နိုင်ပါတယ်။ 🔴🔴
၃။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအရဆိုလျှင် အိပ်ချိန်မလုံလောက်ခြင်းကြောင့် စိတ်ဖိစီးမှုများလာပြီး ရေရှည်မှာ စိတ်ကျရောဂါဖြစ်ခြင်းအထိပါ ဖြစ်စေနိုင်ပါတယ်။ 🔻🔻
၄။ လုံလောက်စွာ အိပ်စက်ထားတဲ့သူဟာ စိတ်ကြည်လင်လန်းဆန်းနေပြီး အာရုံစူးစိုက်မှု အားကောင်းတာကြောင့် လုပ်ငန်းခွင်အတွင်း တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာစေနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ 🔴🔴
✅ အိပ်စက်ချိန်ကို ဦးစားပေးခြင်းက အနားယူတာသီးသန့်မဟုတ်ဘဲ ကျန်းမာရေးကောင်းအောင် ထိန်းသိမ်းခြင်း၊ မျှတစွာ နေထိုင်ခြင်းနည်းလမ်းဖြစ်တာကြောင့် အိပ်ချိန်လုံလောက်အောင်အိပ်စက်သင့်ပါတယ်။ 🌃🌃