နေ့ခင်းဘက်တွေဆို အိပ်ငိုက်နေပြီး ညဘက်တွေလည်း အိပ်မပျော်ဖြစ်နေတယ်ဆိုတဲ့သူတွေအတွက် အိပ်ချိန်မှန်စေမဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ 🌘
အိပ်စက်ခြင်းက ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အထောက်အကူပြုတာကြောင့် အိပ်ချိန်နောက်ကျပြီး အိပ်ရေးမဝတာ၊ စိတ်မကြည်တာတွေကိုလည်း မပေါ့ဆသင့်ကြောင်း သတိပြုစေလိုပါတယ်။ 🔴
ကောင်းမွန်စွာအိပ်စက်နိုင်ဖို မိမိကိုယ်တိုင် လွယ်ကူစွာ လုပ်နိုင်မဲ့ နည်းလမ်းလေးတွေကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။ ✅✅
နေ့စဥ် ပုံမှန်အိပ်ချိန်နှင့် မနက်ထချိန်ကို သတ်မှတ်ပေးထားခြင်းဖြင့် သင့်အတွက်ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေမှာပါ။ ✅🌃
တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇ နာရီသတ်မှတ်ပြီး ဘယ်အချိန် ည အိပ်မယ်၊ မနက် ဘယ်အချိန်ထမယ် စနစ်တကျထားရှိပြီး နေ့စဥ် အကျင့်လုပ်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ကလည်း ဒီ အိပ်စက်ချိန်စက်ဝန်းကို အသားကျလာမှာဖြစ်ပါတယ်။ 🔄📈
တချိုက ညဘက် အိပ်ချိန်ကို အိပ်ယာထဲ အထိ ဖုန်းကြည့်နေပြီးမှ အိပ်ပျော်သွားတာကို အပန်းဖြေတယ်လို မှားယွင်းယူဆတတ်ကြပါတယ်။ 📱🚫
တကယ်က ဖုန်းကနေ ထုတ်လွှတ်နေတဲ့ အလင်းတန်းတွေက သင့်ကို ပို နိုးကြားနေစေပြီး အိပ်ချင်စိတ်ကိုပျောက်သွားစေပါတယ်။ အကျိုးဆက်အနေနဲ့ အိပ်ချိန်နောက်ကျပြီး ကိုယ့်ရဲ့ ပုံမှန် အိပ်စက်ချိန်စက်ဝန်းကိုပါ ထိခိုက်စေတတ်ပါတယ်။⚠️
ဒါကြောင့် အိပ်ခါနီး အနည်းဆုံး မိနစ် ၃၀ မတိုင်ခင်ကို ဖုန်း၊ Laptop စတဲ့ Screen ကြည့်ခြင်းကို မပြုလုပ်ပါနဲ့။⛔️
ကောင်းမွန်စွာအိပ်ပျော်စေဖို မိမိရဲ့ အိပ်ခန်းနေရာကို အနားယူနိုင်တဲ့ နေရာဖြစ်အောင်ဖန်တီးထားခြင်းဖြင့်လည်း အထောက်အကူပြုပါတယ်။🌃
ဥပမာ – ဆူညံသံ သက်သာမဲ့ အခန်း၊ သက်တောင့်သက်သာဖြစ်စေမည့် ခေါင်းအုံး၊ အိပ်ယာခင်းမွေ့ရာများ၊ စိတ်အပန်းပြေစေမည့် ရနံ့ကုထုံးအတွက် Aroma Therapy စက်ထားရှိခြင်း၊ သဘာဝအသံများကို နားဆင်ရင်း အိပ်ပျော်စေဖိုအတွက် White Noise Machine များထားရှိခြင်း စတာတွေကလည်း သင့်အတွက် ကောင်းမွန်စွာ အိပ်စက်နိုင်ရန် အထောက်အကူဖြစ်စေမှာပါ။🍃🌘
နေ့စဥ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ညဘက် ကောင်းစွာ အိပ်ပျော်စေပါတယ်။ 🏊♀️
စာတမ်းတွေအရ ညဘက်အိပ်မပျော်တဲ့သူတွေဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ အိပ်ပျော်စေဖို အထောက်အကူပြုတဲ့ Melatonin ဟော်မုန်း ထုတ်လုပ်မှုကို အားပေးတာကြောင့် ပိုပြီးကောင်းကောင်းအိပ်ပျော်စေပါတယ်။